Search This Blog

Tuesday, April 5, 2011

နှလုံး,အရိုး,ဦးနှောက် ကျန်းမာရေးအတွက် အစာ

နှလုံးကျန်းမာရေးအတွက် အစာ
၁။ အခွံမာသီး
အခွံမာသီးမှာ အဆီဓာတ် ပါဝင်မှုများပေမယ့် နှလုံးအကျိုးပြု မပြည့်ဝဆီပါ။ ဒါကြောင့် နှလုံးရောဂါ မဖြစ်အောင် အကာအကွယ် ပေးနိုင်တဲ့ အခွံမာသီး များများစားပေးဖို့ လိုပါတယ်။
၂။ အညိုရောင် ချောကလက်
ဆန်းဘလပ်စ်ကျွန်းမှာ နေထိုင်သူတွေဟာ သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်နှုန်း နည်းပါးရတာဟာ ချောကလက်စားသုံးမှု များတာ ကြောင့်လို့ သုတေသီတွေက ယူဆကြပါတယ်။ အညိုရင့်ရောင် ချောကလက်မှာ ပါဝင်တဲ့ ပိုလီဖီနောဓာတ်ဟာ သွေးဖိအားကျစေပြီး နှလုံးကျန်းမာစေပါတယ်။
၃။ ကောက်နှံတစ်ခုလုံးနှင့် ပြုလုပ်ထားသောအစာ
ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရတန်ဖိုးများစွာ ပါဝင်တဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညို၊ အညိုရောင် ပေါင်မုန့်နဲ့ ဘာလီစတာတွေဟာ ရောဂါကိုလည်း တိုက်ခိုက်ပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးနဲ့ အသီးအနှံများများ စားသုံးသူတွေဟာ အသားနဲ့ အဆီများ အစားအစာ စားသူတွေနဲ့ယှဉ်ရင် နှလုံးရောဂါ အန္တရာယ်ကို ထက်ဝက်ခန့် လျော့ကျ နိုင်ကြောင်း တက်ဆက် ကျန်းမာရေးတက္ကသိုလ်က ဆိုပါတယ်။
၎။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ
အပင်ထွက် အစားအစာတွေဟာ အမျှင်ဓာတ်နဲ့ ဗီတာမင်၊ သတ္တုဓာတ် ပါဝင်မှုများပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက် ကိုယ်အလေးချိန်တက်မှာလည်း ပူစရာမလိုတော့ဘူး။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေဟာ နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။
ဦးနှောက် ကျန်းမာရေးအတွက် အစာ
၁။ ငါး
အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါးနဲ့ အခွံမာ ပင်လယ်စာတွေဟာ နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်မှုနဲ့ နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးအဆီမှာ ပါဝင်တဲ့ DHA နဲ့ EPA ဟာ အသက်ကြီးချိန်မှာ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၂။ ဆားနည်းသော အစာ
ဆားနည်းတဲ့အစာဟာ သွေးဖိအား ကျစေတဲ့အတွက် သွေးဖိအားပုံမှန်ရှိတာဟာ ဦးနှောက်ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆားနည်းတဲ့ အစာတွေစားရင် အသက်အရွယ်နဲ့ ဆက်စပ်နေတဲ့ မှတ်ဥာဏ်ဆုံးရှုံးမှုနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်းအားနည်းခြင်းတွေကို လျော့နည်းစေပါတယ်။
၃။ စပျစ်သီး
စပျစ်သီး၊ ဘလူးဘယ်ရီသီးတွေလို ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်မှုများတဲ့ အစားအစာ တွေဟာ အသက်ကြီးလာတာကြောင့် ဦးနှောက်ထဲမှာ အပြောင်းအလဲဖြစ်ခြင်း လျော့ပါး စေပြီး မှတ်ဥာဏ်ကောင်းမွန်နေစေပါတယ်။
အရိုးကျန်းမာရေးအတွက် အစာ
၁။ အဆီနည်းနို့နှင့် နို့ထွက်ပစ္စည်း
ခန္ဓာကိုယ်ကနေ ကယ်လစီယမ် စုပ်ယူဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ထဲမှာ အသားဓာတ် အလုံအလောက် ရှိတာဟာလည်း အရိုးတွေ သန်မာစေဖို့အတွက် အရေးကြီးပါတယ်။ အရိုးအတွက် အရေးပါတဲ့ အဲဒီဓာတ်တွေရအောင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများသောက်ပေးပါ။
၂။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
ရွက်လိပ်မုန်ညင်း၊ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ ကယ်လစီယမ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
၃။ တိုဟူး
ကယ်လ်စီယမ် ဆာလ်ဖိတ် အများအပြား ပါဝင်တဲ့ တိုဟူး (Tofu) စားပေးပါ။

Laptop သုံးစွဲသူများ သတိပြုရန် အချက်များ


photo

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive  ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည်  25Kg  ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။

Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer  ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay  ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Monday, April 4, 2011

calculatorဖြင့် Data တွေသိမ်းခြင်း

မိမိကွန်ပျူတာမှာ တစ်ခြားသူတစ်ယောက် မမြင်စေလိုတဲ့ Data တွေကို Caculator ထဲမှာ ထည့်သွင်းပြီး သိမ်းထားနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်….Calculator ကတော့ Windows မှာပါရှိပြီသား Calculator မဟုတ်ပါဘူး…. Data တွေကို သီးခြားသိမ်းထားနိုင်အောင် စီမံထားတဲ့ အထူး Calculator ပဲဖြစ်ပါတယ်…..ဂဏာန်းပေါင်းစက်လိုလည်း အသုံးပြုနိုင်သလို Data တွေကို ဖွက်ထားဖို့ အတွက်လည်း အသုံးပြုနိုင်ပါတယ်……

အထူးစီမံထားတဲ့ Calculator ကိုတော့ Ifile | Mediafireဒေါင်းယူနိုင်ပါတယ်…ဒေါင်းယူပြီး သွားပြီဆိုရင်တော့ အသုံးပြုနည်း အသေးစိတ်ကို တစ်ဆင့်ခြင်း ဖော်ပြပါ့မယ်……
၁။ Zip ဖိုင်ကို ဖြည်လိုက်ရင် Calc ဆိုတဲ့ Exe File ကို မြင်ရပါလိမ့်မယ်…ထို Calc ဆိုတဲ့ Exe ကို Double Click ပေးပြီး ဖွင့်လိုက်ပါ….ဖွင့်လိုက်တာနဲ့ အောက်ပါ ပုံအတိုင်း ရိုးရိုး Calculator ပုံစံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်……


၂။ ဒုတိယ အဆင့်အနေနဲ့ PIN Code ရိုက်ထည့်ဖို့ အတွက် 123 ဆိုတာကို အစဉ်လိုက် နှိပ်ပြီး MS ဆိုတာကို နှိပ်ပါ့မယ်….

၃။ တတိယ အဆင့်အနေနဲ့ Software ရဲ့ PIN Code ကိုရိုက်ထည့်ပြီးပြီ ဆိုတာနဲ့ အောက်ပါ ပုံအတိုင်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်…......

၎။ Safe mode ဆိုတာ ပေါ်လာတာနဲ့ Data တွေကို Store လုပ်ဖို့အတွက် ပြင်ဆင်ပါ့မယ်….Data တွေကို ပေါင်းထည့်ဖို့ အတွက် + (အပေါင်း) လက္ခဏာ ကို နှိပ်ပါ့မယ်……. အပေါင်း (+) ကို နှိပ်ပြီးတာနဲ့ STORAGE, ‘=’ to confirm ဆိုတာကို မြင်ရပါလိမ့်မယ်……

၅။ Confirm လုပ်ဖို့အတွက် ညီမျှခြင်း (=) လက္ခဏာ ကို ဆက်နှိပ်ပါ့မယ်…. ညီမျှခြင်း (=) လက္ခဏာကိုနှိပ်ပြီးတာနဲ့ Data Store လုပ်ဖို့အတွက် Box တစ်ခု ပေါ်လာပါလိမ့်မယ်….ထို Box မှတစ်ဆင့် မိမိ သိမ်းထားလိုတဲ့ Data တွေကို ရွေးချယ်ပြီး Store ဆိုတာကို Click ပေးလိုက်ပါ…..

၆။ Store ကို Select လုပ်လိုက်တာနဲ့ Application က အလိုလျှောက် Data တွေကို Store လုပ်ပေးပါလိမ့်မယ်….Calc –Tmp ဆိုတာလေး ပျောက်သွားအောင်ထိ စောင့်နေလိုက်ပါ… Calc –Tmp ဆိုတာလေး ပျောက်သွားပြီဆိုတာနဲ့ File Stored: File name (Date) နဲ့ပြသပါလိမ့်မယ်….

၇။ ယခုဆိုရင် မိမိသိမ်းထားချင်တဲ့ Data တွေကို Calculator ထဲမှာ သိမ်းထားပြီးသွားပါပြီ…Calculator ကို ပိတ်မယ်ဆိုရင် ပိတ်လို့ရပါပြီ…..
၈။ မိမိ သိမ်းထားတဲ့ Data တွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Calculator မှာရှိတဲ့ ခလုတ်တွေရဲ့ Command တွေကို သိရှိဖို့ လိုအပ်ပါတယ်…Calculator ကို စဖွင့်ပြီ ဆိုကတည်းက အမြဲတမ်း PIN Code ရိုက်ထည့်မှသာ Data Store လုပ်တဲ့အပိုင်းကို စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်…ဒီနေရာမှာ PIN Code ပြောင်းနည်းလေးကို တစ်ချက်ပြောပြပါ့မယ်….ပုံမှန်အတိုင်း 123 ဆိုပြီး မူလ PIN Code ကိုရိုက်ထည့်ပြီး မိမိ အသုံးပြုချင်တဲ့ PIN Code ကိုပြောင်းလဲဖို့ အတွက်New PIN ဆိုတာကနေ မိမိပြောင်းလဲချင်တဲ့ PIN Code ကိုပြောင်းလဲနိုင်ပါတယ်…..
၉။ အခုဆိုရင် PIN Code လည်း ပြောင်းလဲတတ်သွားပြီဆိုတော ခလုတ်တွေရဲ့ လုပ်ဆောင်နိုင်မှုကို ပြောပြပါ့မယ်…..လုပ်ဆောင်နိုင်မှု အသေးစိတ်ကို သိရှိဖို့ အတွက် PIN Code ရိုက်ထည့်ပြီး Safe Mode ကို မြင်ရတာနဲ့ Active ဖြစ်နေတဲ့ ခလုတ်တွေကနေတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်….Active ဖြစ်နေတဲ့ ခလုတ်တွေကတော့ (+, -, *, /,1/x, sqrt, MC, MS, New PIN, Status,Help)တို့ပဲဖြစ်ပါတယ်…ထို ခလုတ်လေးတွေပေါ်မှာ Mouse ကို တင်လိုက်တာနဲ့ လုပ်ဆောင်နိုင်မှု အသေးစိတ်ကို Label စာသားလေးတွေနဲ့ ဖော်ပြမှာပဲ ဖြစ်ပါတယ်…..
Photobucket

ထို Label စာသားများကို ဖတ်ရှုပြီး မိမိလုပ်ဆောင်လိုတာတွေကို လုပ်ဆောင်နိုင်ပါတယ်….အသုံးပြုနည်း အသေးစိတ်ကို PDF File နဲ့ သိမ်းထားချင်တယ်ဆိုရင်တော့ဒီမှာယူနိုင်ပါတယ်....

Creative Bus stops


 Creative_city_bus_station_2.jpg
 
Creative_city_bus_station_4.jpg
 
Creative_city_bus_station_5.jpg
 
Creative_city_bus_station_6.jpg
 
Creative_city_bus_station_7.jpg
 
Creative_city_bus_station_8.jpg
 
Creative_city_bus_station_9.jpg
 
?ui=2&view=att&th=1231b94464428c78&attid=0.1&disp=attd&realattid=ii_1231b94464428c78&zw
 
Creative_city_bus_station_11.jpg
 
Creative_city_bus_station_12.jpg
 
Creative_city_bus_station_13.jpg
 
Creative_city_bus_station_14.jpg
 
Creative_city_bus_station_15.jpg
 
Creative_city_bus_station_16.jpg
 
Creative_city_bus_station_17.jpg
 
Creative_city_bus_station_18.jpg
 
Creative_city_bus_station_19.jpg
 
?ui=2&view=att&th=1231b9ae6d28218d&attid=0.1&disp=attd&realattid=ii_1231b9ae6d28218d&zw

သိထားသင့်သော ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေးများ


ရေးသားသူ — ဇော်လင်းမြင့် (ဆေး/မန်း)
Ref: Self-Checks before Breskfast
(Woman Health Magazine)



လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။

နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်းဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။


(၁)လက်သည်း လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရ တတ်ပါသည်။ ထိုမှဲ့များသည် အရေပြားကင်ဆာ၏ ရှေးဦးသင်္ကေတ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူးယောက်စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာသိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်း နွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့် ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင် ပါသွား သော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသားဟု ဆိုရ မည်ဖြစ်သည်။

(၂)ချိုင်း တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD's Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်ဆူလင်အမြောက်အများရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်းကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။


(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။

(၄) ဦးရေပြား ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထို လက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက်စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည်များသုံးစွဲခြင်းဖြင့် ခေတ္တပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။

(၅)ဝမ်းဗိုက် အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများ ပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ်များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာများ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရတတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ်ပါသည်။


(၆)လျှာ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို နောက်ပြန်မဖိတ်စင်အောင် ပြုလုပ်ပေး သည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင်သောကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွားနေပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံး သင့်ပါသည်။

(၇)မျက်စိ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါ သည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိတတ်ပါ သည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင် လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါ သည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိ သော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာဖွေကြည့်နိုင်ကြပါစေ။

စုဖုရားလတ်


180px-Supayarlat.gif
မြန်မာပြည်၏ နောက်ဆုံးမိဖုရားစုဖုရားလတ်(အလယ်)

စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်(သီပေါမင်း)၏ မိဖုရားဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး မဟေသီပင်ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။

မင်းတုန်းမင်းနှင့် အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီး၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊ မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် သီရိပဘာ ရတနာဒေ၀ီ ဘွဲ့ရသည်။

သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ [1]

နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာ ပါဝင်လုပ်ဆောင်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဥာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြပေ။

ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ၀န်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေ၀ီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအ၀ိုင်းတို့ကို တင်ဆောင်ကာ မန္တလေး ဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။

၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။

တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘ၀ဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။

စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သချိင်္ုင်းကို ရွှေတိဂုံ ဘုရားတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။

ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေ၀ီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။

ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအ၀င် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။

စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇ၀င် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

 အနောက်တိုင်းမှ မှတ်တမ်း

စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊ အရာထမ်းများ အပါအ၀င် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

    She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands. (The Pagoda War,Pg.65)

တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင်ဖြစ်သည်။ သူမသည် လင်ယောက်ျားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာအရေးယူလေ့ရှိသူပင်ဖြစ်သည်။မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ၀င်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓါးမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။

ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း



လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။


• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့အကြံဥာဏ်မျိုးပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။စိတ်ပျက်စရာကိုပြောတတ်တဲ့သူတွေကိုဘယ်တော့မှမပြောပါနဲ့။စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်းကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေတော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာအရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကိုလုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကိုဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါစိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာတော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကိုတစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာအရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကိုအမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒကချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။
ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်းလိုက်နာကျင့်သုံးနိုင်ပါစေ။ 

"စင်္ကာပူကိုလာမယ်ဆိုရင်"


စင်္ကာပူကို အလုပ်လာရှာမယ့် သူတွေအတွက် အပိုင်း ၃ ပိုင်း ခွဲပြီး ပြောပါမယ်၊ ပထမပိုင်းက စင်္ကာပူကို လာမယ့် သူတွေပြင်ဆင်ရမယ့် ပြည်ဝင်ခွင့် ဗီဇာ အပါအ၀င် လေယာဉ်လက်မှတ်အကြောင်းက အစပေါ့။ ဒုတိယအပိုင်းမှာ ဒီမှာ ရှိနေတဲ့ အလုပ်သဘောသဘာဝနဲ့ အလုပ်ရှာပုံ ရှာနည်းတွေ၊ တတိယအချက်က နေရေး ထိုင်ရေး စားရေး သောက်ရေးအတွက် အိမ်ခန်းရှာတာကအစ၊ ရထားလမ်းကြောတည်နေပုံနဲ့ ရပ်ကွက်တွေ ဈေးနှုန်းတွေအကြောင်းပေါ့။ ရေးပေးချင်တဲ့ ပုံစံကတော့ အားလုံးအတွက် အပြည့်အစုံပါ။ ကျန်းမာရေး၊ ဘာသာရေး၊ မြန်မာအဖွဲ့အစည်းတွေနဲ့ မြန်မာတွေ စိုးမိုးထားတဲ့ မြို့လည်ခေါင် City Hall နားက Pennisular အဆောက်အဦးကြီးပေါ်က ဆိုင်တွေအကြောင်းကအစပေါ့။ ဒါပေမယ့် ရောက်တာ သိပ်မကြာသေးတော့ အတွေ့အကြုံ သိပ်မရှိသေးတာရယ်၊ အလုပ်တစ်ဘက်နဲ့ မအားတာရယ်မို့ တတ်နိုင်သလောက်ပဲ မပြည့်မစုံ စုဆောင်း ရေးသားလိုက်ပါတယ်။


ပထမပိုင်း

မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။ ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။ ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊ အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရော
 င်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။ အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။ အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင်
့  လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများလက်အောက်တွင် အလုပ်လုပ်သောအခါမှ ဘ၀ ကို စတင်ရင်ဆိုင်ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။


ဒုတိယပိုင်း

အလုပ်ဘယ်လိုရှာရလဲ၊ ဘာအလုပ်တွေနဲ့ ဘာတွေ ပြင်ဆင်ခဲ့လဲဆိုတဲ့ အပိုင်းမှာတော့ လက်လှမ်းမှီသလောက် ကြိုးစား ပြောပါမယ်၊ ဒါပေမယ့် ကျွန်တော်လည်း မနေ့တစ်နေ့ကမှ စင်္ကာပူကိုရောက်ပြီး အလုပ်ရခဲ့တာဆိုတော့ အတွေ့အကြုံ သိပ်နည်းသလို ကျွန်တော်ရဲ့ လိုင်း ကွန်ပျူတာနဲ့ တခြားလိုင်းတွေလည်း အခြေအနေ ကွာခြားတာမို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့လည်း စုံစမ်း ထားသင့်ပါတယ်။

စင်္ကာပူမှာ ကျွန်တော်တို့ မြန်မာတွေအတွက် ဘာအလုပ်တွေ အဆင်ပြေနေလည်းဆိုတော့၊ အိုင်တီကွန်ပျူတာသမားတွေ၊ အင်ဂျင်နီယာတွေ၊ စာရင်းကိုင်တွေ၊ AutoCAD ကျွမ်းတဲ့ Draft Man လို့ ခေါ်တဲ့ ရာထူးတွေ အလုပ်ပေါကြ ၀င်ငွေ ကောင်းကြပါတယ်။

အဲဒီအထဲမှာ ကိုယ်ကပဲ အိုင်တီလိုင်းပေါ်ကမို့လားတော့ မပြောတတ်ဘူး၊ သတိထားမိသလောက်တော့ အိုင်တီ ကွန်ပျူတာသမားတွေက လစာပိုကောင်းကြတယ် ထင်တယ်၊ ကျွန်တော့် အသိထဲမှာတင် တစ်လကို S$ 8000 ကနေ 10000 ကျော် ရတဲ့ သူ နှစ်ဦးရှိတယ်။ အဲလိုပဲ မြန်မာပြည်ကနေ ရောက်ရောက်ချင်း တစ်လကို S$3500 နဲ့ 4500 ရတဲ့သူတွေလည်း ရှိတယ်။ S$2500 ၀န်းကျင်သမားတွေကတော့ အများကြီးပဲ၊ စင်္ကာပူမှာ မြန်မာအိုင်တီသမားတွေ နာမည်ကောင်းရကြပါတယ်။ ဒါပေမယ့် လာမယ့်သူတွေအတွက် Software လိုင်းမှာဆိုရင်လည်း Microsoft, Java စတဲ့ နိုင်ငံတကာ စာမေးပွဲတွေ ဖြေခဲ့ဖို့နဲ့ တကယ် လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံ ၁ နှစ် ၂ နှစ်လောက်ရှိပြီး တကယ်တတ်ကျွမ်းထားဖို့တော့ လိုပါတယ်။ အဲလို ကိုယ်ဘက်က ပြင်ဆင်ထားရင် ဒီမှာ ၂ ပတ် ၃ ပတ် အတွင်း အလုပ်ရကြပါတယ်။

မြန်မာ အင်ဂျင်နီယာနဲ့ စာရင်းကိုင်တွေအတွက်လည်း စင်္ကာပူမှာ အလုပ် အရမ်းပေါကြတယ်၊ ဒါပေမယ့် ကျွန်တော် သိရသလောက်တော့ သူတို့က ၀င်ဝင်ချင်း ပျမ်းမျှ S$ 1800 နဲ့ 2000 ၀န်းကျင်ပဲ စရကြတယ်၊ အလုပ်ရဖို့ လွယ်ပေမယ့် လစာသိပ်မမြင့်ဘူးလို့ သိရတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ Supervisor အဆင့်လောက်က စလုပ်ကြရတယ် ပြောတယ်။ AGTI တွေလည်း အလုပ်ဖြစ်သလို ME ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့၊ အလုပ်ပိုလွယ်တာပေါ့။ Accountant အတွက်တော့ B Com ပြီးထားပြီး လက်တွေ့လုပ်ငန်းခွင်မှာ တကယ်အတွေ့အကြုံရှိတယ် ဆိုရင် အလုပ်ရဖို့လွယ်ပြီး လစာလည်း မနည်းပါဘူး၊ S$ 2000 ~ 2500 တော့ အသာလေး ရကြတာပါပဲ။ နိုင်ငံခြားဘွဲ့ ACCA part I, part II တွေလည်း အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် တကယ် တတ်ရမှာပါ၊ ဘာဘွဲ့ကြီး ကိုင်လာကိုင်လာ သူတို့က ခိုင်းလို့ရမှ၊ သူတို့အတွက် အကျိုးရှိမှ ပိုက်ဆံပေးမှာပါ၊ ဒါက ရှင်းပါတယ်။

Auto CAD ကျွမ်းတဲ့သူတွေအနေနဲ့ ပုံဆွဲတဲ့ Draft Man အလုပ်တွေလည်း ပေါတာပဲ။ ကွန်ပျူတာကိုင်ရတာဆိုတော့ ပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပေါ့။ သူတို့လည်း တစ်လကို S$ 1800 လောက်တော့ အောက်ထစ် ရကြပါတယ်။ ဒါပေမယ့် ကံ ကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မရဘူး။ တချို့လည်း လွယ်သလို၊ တချို့လည်း အခက်အခဲ ရှိပြီး တိတ်တိတ်ကလေး ပြည်တော်ပြန်ကြရ၊ မလေးရှားကို Stay ရှောင်ကြရပေါ့။

ဥပမာ တစ်ခု ပြောရရင် ကျွန်တော်လုပ်တဲ့ အိုင်တီ ကုမ္ပဏီမှာ အင်တာဗျူးကို ရေးဖြေ အရင်စစ်တယ်၊ လက်တွေ့တကယ် တတ်တဲ့သူအတွက် အလွန်လွယ်တဲ့ မေးခွန်းတွေပေါ့၊ အဲဒါအောင်မှ လူတွေ့ ဆက်စစ်တယ်၊ ၀င် ၀င်ချင်း S$ 2300 စပေးမယ့် Web Developer S$ 2500 ရမယ့် အောက်ခြေ ရာထူးလေးပေါ့၊ စင်္ကာပူတက္ကသိုလ်ကနေ ကျောင်းပြီးထားတဲ့ သူတစ်ယောက် လာဖြေတယ်၊ ကျတယ်။ မအောင်ဘူး။ အားလုံးက အံ့အားသင့်သွားတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ သူလည်း စိတ်ဓတ်ကျပြီး ပြန်သွားတယ်၊ သိပ်မကြာခင် နောက်တစ်ပတ် အတွင်းမှာပဲ S$2800 နဲ့ တခြားမှာ အဲဒီကလေး အလုပ်ရသွားတယ်။ ကဲ .. ကောင်းရော။

အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာ သမားတွေအတွက် အသေအခြာ ပြင်ဆင်လာရင် အလုပ်အတွက် သိပ်စိတ်ပူဖို့ မလိုပါဘူး၊ အဲ တခြားအလုပ်တွေဖြစ်တဲ့ Marketing တို့၊ Sale တို့ Business Management တို့၊ Admin တို့အတွက်တော့ ကျွန်တော်တို့ ၀င်တိုးဖို့ သိပ်မလွယ်ဘူး။ အဲဒီ အလုပ်တွေအတွက် ဘာသာစကား၊ ဒေသ ကျွမ်းကျင်မှုနဲ့ အပေါင်းအသင်း မိတ်ဆွေ ကျယ်ပြန့်မှု တွေမှာပါ သူတို့ နိုင်ငံသားတွေက အားသာကြတဲ့အတွက် သူတို့ နိုင်ငံသားတွေကိုပဲ ခန့်ကြပါတယ်။ အဲဒါတွေထက်စာရင် မြန်မာပြည်က Chemistry သမားတွေနဲ့ Geology သမားတွေကမှ ကိုယ့်အဆက်အသွယ်နဲ့ကို အလုပ်လေးတွေ ရဖို့ လွယ်သေးတယ်။ ဒါပေမယ့် အခုနပြောတဲ့ အိုင်တီ၊ စာရင်းကိုင်၊ အင်ဂျင်နီယာသမားတွေကတော့ ကိုယ်ရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး စင်္ကာပူမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ သတိပြုရမှာက အသက်မွေး ၀မ်းကျောင်း ပညာရပ်တစ်ခုခု ကျွမ်းကျင် မတတ်ပဲ မြန်မာပြည်မှာ အင်္ဂလိပ်စကား ဘွတ်ဘွတ်ရွှတ်ရွှတ် မွှတ်နေအောင် ပြောတတ်ရုံနဲ့တင်တော့ စင်္ကာပူမှာ အလုပ်ရဖို့ မသေချာပါဘူးဆိုတာပါပဲ။ အဲလိုပဲ ဘယ်လောက်ပဲ ပညာရပ်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင် ကျွမ်းကျင် အင်တာဗျူးလေးတောင် အင်္ဂလိပ်လို မဗျူးနိုင်ရင်လည်း အလုပ်ရဖို့ အခက်အခဲတွေ့ နိုင်ပါတယ်။

ကဲ ဘယ်ကစ အလုပ်ရှာကြမလဲ…
စင်္ကာပူမှာ အလုပ်လုပ်ဖို့ ကိုယ့်အားကိုယ်ကိုး အလုပ်ရှာတဲ့ နည်းနဲ့ ပွဲစားအပ်ပြီး အလုပ်ရှာတဲ့နည်း ဆိုပြီး ၂ နည်း ရှိပါတယ်။ ပွဲစားအပ်တာတော့ ပိုက်ဆံကုန်ပြီး သူများကို အားကိုးရတဲ့ နည်းမို့ ဒုတိယ ဦးစားပေးအဆင့်မှာ ထားပြီး ကိုယ့်ပညာ ကိုယ်ယုံပြီး ကိုယ့်အား ကိုယ်ကိုးမယ့် သူတွေအတွက် ပထမဦးစားပေး ပြောပြပါမယ်။ တချို့ကပြောကြတယ်၊ ပွဲစားနဲ့က သေခြာတယ်တဲ့၊ ကျွန်တော့် အမြင်ကတော့ အလုပ်ရဖို့ မရဖို့ထက် ကုန်ဖို့သေချာတာ ဖြစ်ပါလိမ့်မယ်။

စင်္ကာပူမှာ အလုပ်ရှာမယ်ဆိုရင် ဒေသထုတ် နေ့စဉ် သတင်းစာကြီး တစ်ခုဖြစ်တဲ့ The Strait Times မှာပါတဲ့ အလုပ်ကြော်ငြာတွေကနေတဆင့် အလုပ်လျှောက်ကြသလို အင်တာနက် အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ ကြည့်ပြီးတော့လည်း အလုပ်လျှောက်နိုင်ပါတယ်။ စင်္ကာပူမှာရှိတဲ့ အဓိက အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကတော့
- http://www.jobsdb.com.sg/
- http://www.jobstreet.com.sg/
- http://www.jobscentral.com.sg/
- http://www.st701.com/
- http://www.monster.com.sg/

ဝဘ်ဆိုက်က အလုပ်တွေပဲ ရှာရှာ၊ သတင်းစာက အလုပ်တွေပဲ ရှာရှာ သေခြာတာက အလုပ် လျှောက်လွှာကို အွန်လိုင်း(eMail)နဲ့ ပေးပို့ လျှောက်ထားတာဟာ ကျွန်တော့်တို့ အတွက် အဆင်ပြေဆုံးပါပဲ။ သွားစရိတ် လာစရိတ်မကုန်ဘူး၊ စာရွက်စာတမ်းကြေး မကုန်တော့ဘူးပေါ့။ ဒါကြောင့်မို့ စင်္ကာပူမထွက်ခင် ကွန်ပျူတာ အင်တာနက် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း လေ့လာခဲ့သင့်ပါတယ်။ အီးမေးလ်လေးတောင် မဖွင့်တတ်၊ မပို့တတ်နဲ့၊ Online Registration လေးတောင် မလုပ်တတ်တာဟာလည်း အလုပ်ရဖို့ အခက်အခဲ တစ်ခုပါပဲ။

အွန်လိုင်းက အလုပ်လျှောက်ဖို့ အပေါ်မှာ ပြောခဲ့တဲ့ ၀ဘ်ဆိုက် ငါးခုလုံးမှာ Register လုပ်ထားသင့်ပါတယ်၊ အဲဒီ နေရာမှာ သူ့ဝဘ်ဆိုက်နဲ့သူ Register လုပ်ပုံခြင်းတော့ သိပ်မတူပါဘူး၊ ဒါပေမယ့် သိပ်လည်း မခက်ခဲပါဘူး။ အသေအခြာ ဖတ်ပါ။ နည်းပညာပိုင်းအနေနဲ့ ဂရုပြုရမှာက Upload လုပ်မယ့် ဓါတ်ပုံရဲ့ အရွယ်အစားနဲ့ Attach လုပ်ရမယ့် Resume လို့ ခေါ်တဲ့ ဖိုင်အရွယ်အစားပါပဲ။ များသောအားဖြင့် Resume လို့ခေါ်တဲ့ ဖိုင်အရွယ် အစားဟာ Microsoft Word ဖိုင်အမျိုးအစားနဲ့ 200 kb ထက် မကြီးဖို့ တောင်းဆိုထားကြပါတယ်။ ဒီနေရာမှာလည်း Microsof Word ဖိုင်ရဲ့ Version ပါ။ အကောင်းဆုံးက Office 2000 Format ဖြစ်သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ Office 2008 Version ဖြစ်လို့ File Extension က *.docx ဆိုရင် ကိုယ်အလုပ်လျှောက်တဲ့ ကုမ္ပဏီမှာ အဲဒီ 2008 Version ကို Update လုပ်မထားရသေးရင် ဖွင့်မရတဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ အလုပ်လျှောက်ဖို့ Online Registration မလုပ်ခင်
၁။ Resume ကို စနစ်တကျ ပြင်ဆင်ပါ။ - File Size 200 Kb ထက် မကြီးရ
- Microsoft Office 2003 Format *.doc Version ထက် မြင့်သော Version (*.docx) မသုံးရ (ယခုနှစ်ပိုင်း 2008/2009 အတွက်သာ ဖြစ်ပါသည်။)
- လိုအပ်သော အထောက်အထား Certificate များကို ဖိုင်ထဲတွင်ပင် Picture Format ဖြင့် တစ်ခါတည်း ထည့်ပေးပါ။ (သီးခြား ဖိုင်များဖြင့် Attach မလုပ်ရန်ကို ဆိုလိုသည်။)

၂။ အီးမေးလ် လိပ်စာတစ်ခုကို စနစ်တကျဖွင့်ပါ။ အကောင်းဆုံးကတော့ လူသုံးများတဲ့ Gmail လို အီးမေးလ်လိပ်စာကို ယူပါ။ သူက စာတွေအများကြီး သိမ်းထားလို့ရပါတယ်။ တခြားမေးလ်လေးတွေက 5mb, 20mb လောက်ပဲ ပေးတာမို့ ကိုယ်က အလုပ်တွေအများကြီးကို လျှောက်တဲ့အခါ Mail Server ပြည့်နေပြီး အခက်တွေ့တတ်ပါတယ်။ အီးမေးလ်လိပ်စာကို ကဗျာဆန်ဆန်တွေ ရှည်ရှည်ဝေးဝေး တွေးမပေးပါနဲ့ အတိုဆုံး အလွယ်ဆုံးကို ကိန်းဂဏန်းတွေနဲ့ တွဲပေးပါ။ ဖတ်ရလွယ်ဖို့က အဓိကပါ။ ဥပမာ Kyaw Mg Mg Zaw ဆိုတဲ့ နာမည်အတွက်kyaw123@gmail.com တို့ kyaw501@gmail.com တို့ ဖတ်ရ မှတ်ရလွယ်မယ့် အမည်တွေကို ရွေးပါ။ Password ကိုတော့ အရမ်းလွယ်တာကြီး မဟုတ်သလို၊ သိပ်ခက်ခဲပဲ မှတ်ရခက်နေတာမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ ဘာလို့ ဒါတွေကို အသေးစိတ် ပြောနေရလည်း ဆိုရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေဖြစ်တဲ့ password မေ့သွားတာတို့၊ ကိုယ့် မြန်မာနာမည်က မြန်မာအချင်းချင်း ခေါ်ဖို့ အဆင်ပြေပေမယ့် သူတို့အတွက်ကျ မှတ်ရ၊ ဖတ်ရခက်နေတာတို့ မဖြစ်အောင်လို့ပါ။

၃။ Cover Letter တစ်ခုကို အတိုဆုံး၊ အရှင်းဆုံးနဲ့ ကိုယ့်အရည်အချင်းတွေဟာ ကိုယ်လျှောက်မယ့် အလုပ်နဲ့ အံဝင်ခွင့်ကျ ဖြစ်တယ်ဆိုတာကို အလုပ်ခေါ်တဲ့ အလုပ်ရှင် သိသာ၊ မြင်သာသွားအောင် ရေးပါ။ Oline ပေါ်မှာ ကိုးကားဖို့ Website တွေရှိပါတယ်။

Cover Letter တွေ ကြည့်ဖို့ Web Site အချို့ကိုလည်း အောက်မှာ ထည့်ပေးလိုက်ပါတယ်၊ နည်းနည်း လေ့လာကိုးကားလို့ ရတာပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ CV နဲ့ Recommendation တွေကိုလည်း Sample အဖြစ်နဲ့ Download Link ထည့်ပေးလိုက်ပါတယ်။
http://www.csuchico.edu/plc/coverltr-ex.html
http://www.quintcareers.com/cover_letter_samples.html
http://www.careercc.com/resumpr.shtml#Specific%20Cover%20Letter

အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Online Register လုပ်ပြီး အလုပ်တွေ စလျှောက်ရုံပေါ့။ အပေါ်မှာ ပြောခဲ့တဲ့ အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေမှာ Register လုပ်ရင် သူတို့က Resume တစ်ခု တောင်းပါလိမ့်မယ်၊ အဲဒီအခါ ကိုယ့်ရဲ့ အသင့်လုပ်ပြီးသား Resume ကို Upload လုပ်ပေး လိုက်ရုံပါပဲ။ ဒါမှ သူတို့ ၀ဘ်ဆိုက်မှာ ကြော်ငြာထားတဲ့ အလုပ်ခေါ်စာတွေကို လျှောက်ရင် သူတို့ဆီကနေတဆင့် အလွယ်တကူ တင်ပေးပါလိမ့်မယ်။ ဒါအပြင် နေ့စဉ် ကိုယ်နဲ့ လိုက်ဖက်မယ့် အလုပ်တွေကိုလည်း အီးမေးလ်နဲ့ ကိုယ်ဆီ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကနေ တဆင့် အလုပ် လျှောက်လွှာ တင်ရုံပါပဲ။ ဂရုပြုရမှာက အချို့ လုပ်ငန်းတွေက Online ပေါ်က အလုပ်ရှာဖွေရေး ၀ဘ်ဆိုက်တွေကနေ တဆင့် မဟုတ်ပဲ တိုက်ရိုက် အီးမေးလ်ပို့ဖို့ တောင်းဆိုတတ်ကြပါတယ်။ အဲဒါမျိုးတွေကိုတော့ အီးမေးလ်နဲ့ သီးသန့် ပို့ပါ။

Online Job Site တွေကနေတဆင့် အလုပ်လျှောက်ရသလို နေ့စဉ်ထုတ် The Strait Time သတင်းစာထဲက ကြော်ငြာတွေကနေလည်း အလုပ်လျှောက်ရပါမယ်။ The Strait Time သတင်းစာက တစ်စောင်ကို စင်္ကာပူဒေါ်လာ ပြား ၈၀ ပေးရပါတယ်။ မနက် ၈ နာရီလောက်ဆို ကိုယ်နဲ့နီးတဲ့ ဆဲဗင်းအီလဲဗင်း စတိုးဆိုင်လေးတွေမှာ ၀ယ်လို့ရပါတယ်။ သူ့ဏ္ဍအလိုက် အစောင်တွေ အပိုင်းပိုင်းဖြစ်နေတာမို့ အားလုံးအကုန်အစုံပါဖို့ ဂရုပြုပါ။ အဓိကကတော့ ကိုယ့်က အလုပ်ရှာမှာဆိုတော့ Recruitment အပိုင်းကိုပေါ့။ သတိပြုရမှာက ဗုဒ္ဓဟူးနဲ့ စနေနေ့တွေပါ။ အဲဒီနေ့တွေမှာ အလုပ်ကြော်ငြာတွေ ပိုပြီး ပါတာမို့ သတင်းစာကြီးက အထူကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်ကလည်း တခြားနေ့တွေ မ၀ယ်ဖြစ်ရင်တောင် အဲဒီနေ့ကို စောစောထ ၀ယ်ပြီး အလုပ်လျှောက်သင့်ပါတယ်။ စောစောထ ဆိုတာကလည်း ဂရုပြုရမယ့် အချက်ပါ။ ရုံးတွေရဲ့ ထုံးစံအတိုင်း ဘယ်သူမှ ရောက်ရောက်ချင်း အလုပ်မလုပ်ကြဘူး၊ ကွန်ပျူတာလေးဖွင့် အီးမေးလ်စစ်၊ ကော်ဖီလေးဖျော် ဆိုတော့ အဲဒီ မနက် ၉ နာရီလောက် သူတို့ အီးမေးလ်စစ်ချိန်မှာ ကိုယ့် အလုပ် လျှောက်လွှာ အီးမေးလ်က ရောက်နေသင့်ပါတယ်။ အဲဒါဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ အီးမေးလ်က သူတို့ အတွက် ပထမဆုံး ဂရုပြုမိတဲ့ စာရင်းထဲ ရောက်သွားတာပေါ့။ ဒါက ဖြစ်နိုင်ရင်ပါ။

ကုမ္ပဏီအလိုက်တော့ မူတွေ ပုံစံတွေ မတူပါဘူး။ တစ်ချို့ အင်တာနက်မှာ၊ သတင်းစာမှာ ကြော်ငြာလိုက်တယ်။ နောက်နေ့ လျှောက်လွှာတွေ လက်ခံတယ်၊ အဆင်ပြေမယ် ထင်တဲ့သူတွေ ဆီကို ဖုန်းဆက်ပြီး အင်တာဗျူးဖို့ ချိန်းမယ်။ နောက် အင်တာဗျူးမယ်၊ ကြိုက်ရင် လစာညှိ၊ သဘောတူရင် တစ်ခါတည်း တန်းခန့်ပေါ့။ ကုမ္ပဏီ ကြီးတွေ ကြလည်း နောက်ဆုံး လျှောက်ထားရမယ့် လျှောက်လွှာ ပိတ်ရက်ကို ထည့်ပေးထားတယ်၊ အဲဒီနေ့ မရောက်မခြင်း လျှောက်လွှာ လက်ခံတယ်၊ အဲဒီ အထဲကမှ စကာတင် စိတ်ကြိုက် ရွေးပြီး လူတွေ့ခေါ်ဖို့ အကြောင်းကြားနဲ့ အဆင့်ဆင့်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က လိုချင်တဲ့သူ ဆိုတော့ ၀ီရိယတော့ ပိုရမှာပေါ့။

အလုပ်တွေ လျှောက်ပြီးရင် လုပ်ရမယ့်အလုပ်က တယ်လီဖုန်းကို အချိန်ပြည့် ခေါ်လို့ ဆက်လို့ရအောင် လုပ်ထားဖို့ပဲ။ ဟိုက အင်တာဗျူးဖို့ ခေါ်မှ ဖုန်းက အားမရှိတော့တာနဲ့၊ ဖုန်းထဲမှာ ပိုက်ဆံကုန်နေလို့ ပြောမရတာနဲ့ အခက်တွေမှာ စိုးလို့ပါ။ နောက်ပြီး အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီတွေဆီကို Follow Up လုပ်ပြီး ဖုန်းဆက်မေးဖို့ပဲ။ စကာတင် စာရင်းကို လှမ်းပြောပါ့မယ်၊ ဖုန်းမဆက်ပါနဲ့ လို့ မတားတဲ့ ကုမ္ပဏီမှန်သမျှ ဖုန်းဆက်ပြီး မေးပါ။ ငါလျှောက်ထားတယ်၊ ဘယ်လိုလဲ၊ ဘာလဲပေါ့။ သူတို့အခေါ်ကို တမေ့တမော စောင့်မနေနဲ့။ ကိုယ်က ဗီဇာပြည့်ရင် ပြန်ရမှာဆိုတာ မမေ့နဲ့။

အင်တာဗျူးခေါ်ဖို့ သွားပြီဆိုရင်လည်း တည်တည်ငြိမ်ငြိမ် ဖြစ်သင့်ပါတယ်။ သိပ်ပြီး ဂရုစိုက်နေဖို့ မလိုပါဘူး။ ရခြင်ဇောတွေ အရမ်း အားမကြီးပါနဲ့။ အ၀တ်အစားကိုလည်း ၀တ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးပဲ ၀တ်ပါ။ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ပဲ အရေးကြီးတာပါ။ အင်တာဗျူးသွားဖို့ အိမ်က မထွက်ခင် ဘော်ပင်၊ ခဲတံနဲ့ လိုအပ်တဲ့ ကိုယ့် စာရွက်စာတမ်း မူရင်းတွေ စုံရဲ့လား ဆိုတာပါပဲ။

အင်တာဗျူးသွားတဲ့အခါ လိုအပ်ရင် Taxi သုံးပါ။ ဘာနဲ့သွားသွား ချိန်းတဲ့ အချိန်ထက် နာရီဝက်လောက်တော့ စောရောက်နေအောင် သွားပါ။ အင်တာဗျူး ဖြေတဲ့ အခါမှာလဲ မပြာပါနဲ့။ ကိုယ့်အတွေ့ အကြုံတွေနဲ့ ကိုယ်လုပ်နိုင်တာတွေကို သူတို့သိအောင် ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ သိပ်အောက်ကျခံပြီး မျက်နှာငယ်လေးနဲ့ လုပ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုမှ ယုံကြည့်မှု မရှိဖြစ်နေရင် သူတပါးကလည်း ကိုယ်ကို ယုံရဲမှာ မဟုတ်ပါဘူး။

ကဲ … ဒီလောက်ဆိုရင်
အလုပ်ဘယ်လိုလျှောက်ရမလဲ ဆိုတာ နည်းနည်းတော့ မြင်လောက်မယ် ထင်ပါတယ်။ နောက်တစ်ခု ပြောချင်တာက ရချင်ဇော များပြီး စိုးရိမ်စိတ်တွေ ပိုမှာကို ကြိုပြင်ထားဖို့ပါ။ စင်္ကာပူကို ရောက်လို့ နှစ်ပတ်ကျော်လိုမှ အင်တာဗျူး တစ်ခုတောင် မရသေးဘူးဆိုရင် အားလုံးက ကြောင်တောင်တောင်နဲ့ ပြာလာတတ်တယ်။ လူတိုင်း ဒီလိုပဲဆိုတာ သတိပြုပါ။ ဒီက လုပ်ငန်းရှင်တွေက မြန်မာဝန်ထမ်းတွေကို ခန့်ချင်ကြတယ်။ အဲလိုပဲ မြန်မာတွေ Short Visit နဲ့လာတဲ့ Stay အခက်အခဲကိုလည်း သူတို့က သိထားကြတယ်။ အဲဒီတော့ ဈေးနှိမ်ပြီး ပေးချင်ကြတယ်။ ကိုယ်က အရမ်းကြီး မပြာပဲ စိတ်ကြိုက်ဈေး ရအောင် တောင်းနိုင်ဖို့ကတော့ ကိုယ်ရဲ့ ဥာဏ်ရယ်၊ ကြိုးစားမှု ၀ီရိယရယ်၊ အရေးကြီးဆုံးဖြစ်တဲ့ ကံရယ်ကိုပဲ အားကိုးကြရမှာပေါ့။ ပုတီးစိတ်နည်း ပေါင်းစုံနဲ့ ဘုရားရှိခိုး မျိုးစုံကို ကျက်ခဲ့ဖို့လည်း မမေ့နဲ့ပေါ့။

လစာ စိတ်ကြိုက်တောင်းနိုင်ဖို့ လိုသလို အလုပ်ချိန်တွေကိုလည်း သေချာအောင် Confirm လုပ်သင့်ပါတယ်။ စင်္ကာပူမှာ များသောအားဖြင့် တစ်ပတ်ကို ၅ ရက်ခွဲ ၆ ရက် အလုပ်လုပ်ကြရတယ်၊ တနင်္လာကနေ စနေနေ့တစ်ဝက် ဒါမှမဟုတ် စနေတစ်နေ့လုံးပေါ့။ တချို့ကတော့ ၇ ရက်အထိ လုပ်ခိုင်းတဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ တော်တော် ဆိုးတဲ့အလုပ်တွေပါ၊ မလျှောက်သင့်၊ မလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် 5 Days Work လို့ခေါ်တဲ့ တစ်ပတ်ကို ၅ ရက်ပဲ အလုပ်လုပ်ရတဲ့ အလုပ်တွေကိုရှာပါ။

နောက်တစ်ခု ဂရုပြုရမှာက SPass, EP လျှောက်ပေး/မပေးပါ။ SPass ဆိုတာက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် ပါမစ်ပေါ့။ လစာ ၁၈၀၀ ကနေ ၂၄၉၉ အတွင်းရတဲ့သူတွေကို ထုတ်ပေးတယ်။ EP ကတော့ ၂၅၀၀ အထက်ပေါ့။ အဲဒီတွေက ကုမ္ပဏီက လျှောက်ပေးရတာပါ။ သူတို့ဆီမှာ Quota ကျန်မှ လျှောက်လို့ရတာပါ။ တချို့ကုမ္ပဏီတွေက လစာကို ၁၄၀၀ လောက်ပဲပေးမယ်၊ ဒါပေမယ့် SPass လျှောက်ပေးမယ်တို့ ဘာတို့ တရားမ၀င် ညှိတတ်ပါတယ်။ မလုပ်သင့်ပါဘူး။ နောက်တစ်ခါ လစာကို နှိမ်ပြီး Over Time နဲ့ မဲဆွယ်တတ် ပြန်တယ်။ အစကတည်းက ကိုယ့်ကို မဟုတ်တာလုပ်ဖို့ စီစဉ်နေမှတော့ နောက်ပိုင်းလည်း သိပ်ကောင်းဖို့ လမ်းမရှိတာမို့ မရွေးခြယ်သင့်တဲ့ အလုပ်တွေပါ။ ကိုယ့်ပညာကို ကိုယ်ယုံတယ်ဆိုရင်တော့ 5 Days Work အလုပ်ကို ရအောင်ရှာ ၁၈၀၀ တန်တဲ့သူက ၁၈၀၀ အပြည့်ရအောင်တောင်းပြီး SPass တင်ခိုင်း။ ၂၅၀၀ ရမယ့်သူကလည်း EP တင်ခိုင်းပြီး မှန်မှန်ကန်ကန် အလုပ်ဝင်နိုင်ရင် အကောင်းဆုံးပါပဲ။


"လစာများနှင့် ပတ်သက်၍"

ဒီအကြောင်း ရေးပေးပါ ရေးကျပါ လို.ပြောတာ ခဏခဏ ရှိလာတော. မရေးလို.မဖြစ်တော.ဘူးလေ။ ကိုယ်တိုင်လဲ ဒါမျိုးအဖြစ်အပျက်တွေ ဖြစ်ပျက်နေတာ မျက်မြင်ကိုယ်တွေ.ပါပဲ။ အခုတော. အကြောင်းညီညွတ်လို. ဖွင်.ချရတော.မယ်ဗျို.။

အကြောင်းက ဒီလိုဗျ။ စင်ကာပူ မှာအလုပ်လာရှာကြ တဲ. မြန်မာ ဦးရေ တိုးပွားလာတာနဲ. အမျှ စလုံးရောက်ခါစ အလုပ်ရှာတဲ. ရွေမြန်မာ တွေ ရဲ. ကနဦး အလုပ် လစာ များ ထိုးဆင်းသွား လို.ပါပဲ။ ဒါမျိုးဖြစ်အောင် ဘယ်သူလုပ် သလဲ? ကျွန်တော် တို. မြန်မာတွေ ကိုယ်တိုင်ပါပဲ။ အလုပ်ရချင်တော. လစာ တွေ ကို အနိမ်.ဆုံးဖြစ်အောင် တယောက်နဲ. တယောက် အပြိုင် လျှော.ချကျတယ်။ "ဟာ ဟိုလူက ၁၂၀၀ နဲ. လျှောက်တယ်။ ငါ ၁၀၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်"၊ "ဟာ သူလို အင်္ဂလိပ်စာ မွတ်နေတဲ. ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ကောင်တောင် ၁၅၀၀ နဲ.လျှောက်တာ ၊ ငါ ၁၂၀၀ ပဲတောင်းရင် ငါ.ကို ခန်.လောက်တယ်" စသဖြင်.ပေါ.ဗျာ။ အလုပ်ရချင် ၊ မြန်မာပြည် မပြန်ချင်ဇော နဲ. မိမိရထားသော ဘွဲ.လတ်မှတ်များ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မူ များ ကို မငဲ.ငြာ၊ မထောက်ထား ပဲ အဲဒီလို. မိမိကိုယ် မိမိ နိမ.်ချနေ ကျတော.။ မိမိ တစ်ယောက်ထဲ ကိုယ်ပဲ ထိခိုက်တာ မဟုတ်ပဲ။ မြန်မာ ဆိုတဲ. လူမျိုးတခု လုံးကို ထိခိုက်နေလို. ကျွန်တော် အခုလို ၀င်ပြီး ဆွေးနွေးရတာပါ ခင်ဗျာ။

သူငယ်ချင်းတစ်ယောက် အိုင်တီ သမားပါ။ စလုံးရောက် ပထမဦးဆုံး ကုမ္ပဏီမှာ ပဲ လစာ ၁၈၀၀ နဲ. ပြီးခဲ.တဲ. နှစ်က စ အလုပ်လုပ်နေပါတယ်။ သူက လစာပိုရလို. အလုပ် ပြောင်းမယ်ပေါ.။ ဒီတော. သူ.နေရာမှာ အစား ထိုးဖို. လူခေါ်တော. လာလျှောက်ကျပါတယ်။ အဲ.ဒီမှာ သူ က စပ်စုပြီး လာလျှောက်တဲ. မြန်မာ ကောင်မလေး တစ်ယောက် ကို လစာ ဘယ်လောက်တောင်းလဲ မေးကြီးတော. “သမီး ၁၂၀၀ ပဲ တောင်းပါတယ် အစ်မတဲ.” ။ ဒါ မြန်မာပြည်က ကွန်ပြူတာ ဘွဲ.ရနော်၊ တခြား နိုင်ငံတာကာ ကွန်ပြူတာ လတ်မှတ်တွေလဲ ပါသေးတယ်။ မြန်မာပြည် က ကွန်ပြူတာ ဘွဲ.နဲ. ဒီက NUS/ NTU တို.ကရတဲ. ဘွဲ.နဲ. မယှဉ်သာ တာတော. လူတိုင်းနားလည် ပါတယ်လေ။ ဒါပေမယ်. ဒီက ပိုလီ Diploma အဆင်. လစာ ၁၈၀၀ လောက်တော. မဖြစ်သင်.ဘူးလား။

တခါကြားလိုက်သေးတယ် Auto Cad အလုပ် တလ ၉၀၀ နဲ. ရဖို. Agent ဖိုးတောင် ၂ လစာ ပေးရတယ်ဆိုပဲနော်။ ထိုသူတွေ ကို နိမ်.ချပြောမဟုတ်ပါဘူး။ ၉၀၀ ဆိုတာ စင်ကာပူမှာ တကယ်. လူတစ်ယောက်ရဲ. အသုံးစရိတ် လောက်ရုံလေးပါပဲ။ စင်ကာပူ အစိုးရကတောင် သတ်မှတ်ပေးထားတယ်လေ S Pass တစ်ယောက် ဟာ ဘွဲ.ရ ပြီး လစာ ၁၈၀၀ အနည်းဆုံးရမယ်တဲ.။ ဒါ ဟာ ငါတို. ရဲ. ဘွဲ.ကို ၁၈၀၀ တန်သေးတယ် လို. သတ်မှတ်ပေးလိုက်တာပဲ။ ဒါကို ဘာလို. လစာ ၁၈၀၀ ထက်နည်းအောင်မိမိ ဖာသာ လျှော.ချနေ ကျဦးမှာလဲ။ အခုဆို စင်ကာပူ မှာ ကုန်ဈေးနုန်းတွေက အ၇မ်းတက်ပြီလေ။ ချွေတာ စုဆောင်းပြီး သုံးရင်တောင် တလ ကို ၈၀၀-၁၀၀၀ ကုန်နေတာ။ ဘာလဲ ကိုယ်ရှာ တာ ကိုယ်သုံးလို.ပဲ ခံယူထားကျသလား။ မြန်မာပြည် က မိသားစု တွေကို လှည်.မကြည်.တော.ဘူး။ ငါမြန်မာပြည် မပြန်ရ၇င် ပြီးတာပဲ လား။

စင်ကာပူ က ကုမ္ပဏီ တွေက ပဲ ညစ်နေတာလား? လောလောဆယ် မြန်မာတွေအကြား ဖြစ်ပျက်နေတဲ. အဖြစ်အပျက်တခုပေါ.နော်။ သိပြီးသားဖြစ်ပါလိမ်.မယ်။ တကယ်.လို. ကုမ္ပဏီက ကိုယ်.ကို ၁၈၀၀ အောက် လစာနဲ. ခန်.လိုက်ရင် အခန်.ခံရတဲ.သူကိုယ်တိုင်က တောင်းတောင်းပန်ပန် နဲ. ကုမ္ပဏီ ကို သင်ပေးကျ ပါတယ်။ MOM (အလုပ်သမားရုံး) မှာ S Pass ကို ၁၈၀၀ နဲ. ကျေးဇူးပြုပြီး တင်ပေးပါ။ လစာ ကိုလဲ ၁၈၀၀ နဲ. ပေးပါ။ ပြီးမှ တကယ်.လစာ ကိုပဲ ကျွန်တော်၊ ကျွန်မ တို.ယူပြီး ပိုတဲ. ငွေကို ပြန်ပေးပါ.မယ်။ လို. တောင် မသိနားမလည် တဲ. စလုံး ကုမ္ပဏီ ကို တပတ်ရိုက်နည်း တွေသင်ပေး နေကျတာလဲ ကျွန်တော်.တို. ရွေမြန်မာတွေ ပဲမဟုတ်လား။

စင်ကာပူမှာ အလုပ်ရှာသူ မြန်မာ များကို ကျွန်တော် အမျိုးအစား ၅ ခု ခွဲပြပါရစေ။
၁။ စင်ကာပူ မှာ မိမိစိတ်ကြိုက် ဘာသာရပ် တက်ပြီး ကျောင်းပြီးလို. အလုပ်ရှာသူများ
၂။ စင်ကာပူမှာ မိမိစိတ်မ၀င်စားသော ရရာ Diploma၊ သင်တန်း တက်ပြီး အလုပ်ရှာနေသူများ
၃။ မြန်မာပြည်မှ ဘွဲ.ရပြီး လုပ်ငန်း ဆိုင်ရာ အတွေ.အကြုံရင်.ကျက်သူများ
၎။ မြန်မာပြည်တွင် ဘွဲ.လက်မှတ် တပုံတပင်ရထားပြီး ကိုယ်တိုင်ကလဲ လေ.လာဆည်းပူး လိုစိတ် ထက်သန်သူများ
၅။ မြန်မာပြည်တွင် အပျော်တမ်း ဘွဲ.ရပြီး တကယ် လုပ်ငန်း မကျွမ်းကျင်ပဲ အလုပ်ရလို.ရငြား ဘာလုပ်ရလုပ်ရ ဆိုပြီး ကံလာစမ်းကြ သူများ

နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေဟာ အလုပ်ရှာ ရ တာ လွယ်ကူစေပါတယ်။ ဘာလို.လဲ ဆိုတော. သူတို.မှာ က ဦးတည်ချက်၊ အတတ် ပညာ ရှိ တယ်။ သူတို. မျှော်မှန်းတဲ. လစာလဲ ကုမ္ပဏီနဲ. ညှိနိုင်းရင်း ရကျ ပါတယ်။ ဒါပေမယ်. အဲ.ဒီ နံပါတ် ၂ နဲ. ၅ က လူတွေရဲ. ရတာလုပ်မယ်၊ ကိုယ်.အကြောင်းကိုယ်သိတော. လျှော.တောင်းမယ် ဆိုတဲ. အတွက် နံပါတ် ၁ ၊ ၃ နဲ. ၄ က လူတွေ ကိုပါ အဲ.ဒီ ဆိုးကျိုးတွေ က ရိုက်ခတ်စေပါတယ်။

ကပ်စီး ကုတ် တွက်ချက် တွက်ကပ် မှ သူဌေးဖြစ်တယ်ဟုတ်? အဲလို အလုပ်ရှင် သူဌေး တယောက် အနေနဲ. ခင်ဗျား ဆုံးဖြတ် ကြည်.ပါ။ မြန်မာ၂ယောက် ရတဲ. ဘွဲ.တွေ ချင်းကလဲတူ။ လျှောက်တဲ.ရာထူးခြင်းကလဲတူ တယောက်က လစာ ၂၀၀၀ တောင်းတယ်။ တယောက်က ၁၂၀၀ တောင်းတယ်။ ကဲ ဘယ်သူ.ကို ပိုအားသန်မလဲ စဉ်းစားကြည်.ပါခင်ဗျာ။ ၁၂၀၀ တောင်းတဲ. သူကလဲ အင်တာဗျူးမှာ ပြောမှာပဲ လေ ကျွန်တော် မကျွမ်းကျင်လဲ အတက်နိုင်ဆုံး ကြိုးစားပါ.မယ်။ နောက်မှ ဖြစ်ချင်ရာဖြစ် ဆိုတဲ. အတွေးနဲ. ပေါ.။ ဒီတော. ထို ၂၀၀၀ တောင်း တဲ. လုပ်ငန်းကျွမ်းကျင် မြန်မာတစ်ယောက် က ဘုံမပျောက် ပေဘူးလား။ နောက်ဆုံးတော. အများနည်းတူ လစာ ကိုလျှော.ချင်ရင်လျှော. ၊ မလျှော.ရင် ရွာပြည် ဖို.ပဲ ဖြစ်လာကျပါတယ် ခင်ဗျာ။

ဒီတော. သူတို. ကုမ္ပဏီ သူငှေး အချင်းချင်း၊ ၀န်းထမ်းအချင်းချင်း ဆက်ဆံ တဲ.အခါ မှာ “ဟေ. ငါတို.ကုမ္ပဏီမှာ မြန်မာလေး တယောက် အောက်ကြေးနဲ. ရလို. ခန်.ထားတယ် တန်တယ်။ နင်တို. အလုပ်တွေ ခေါ်ရင်လဲ အဲ.လောက်ပဲ ပေး၊ သူတို. လုပ်ကိုလုပ်တယ်။ “ ဆိုတဲ. စကားတွေ ပျံ. သွားမယ် ၊ ပျံ.နေတယ် လို. သင်ငြင်း နိုင်မလား။ မြန်မာပြည်မှာ ဆို သေအောင်လုပ်မှ တလ စင်ကာပူဒေါ်လာ ၂၀၀ လောက်တောင် စုမိတာမဟုတ်ဘူး လို.များ ခံယူထားကြသလား၊ မတူဘူးလေ။ ဒါက ရေးခြားမြေခြား အိမ်ပစ် ၊မိသားစုပစ်၊ သားပစ် မယားပစ်၊ ရည်း စားပစ် ပြီး စွန်.စားပြီး အလုပ်လာရှာတာလေ။ ဒီတော. အများတန်းတူ ပေါက်ဈေး တော.ရသင်.တာပေါ.။

ကျွန်တော်သူုငယ်ချင်း ပရိုဂရမ်မာ ပေါ.လေ။ ပိုလီ ပြီးပြီးချင်း အလုပ်ရှာတယ်။ ကာလပေါက်ဈေး လစာ ၁၈၀၀ (ညှိနိုင်းနိုင်) နဲ.လျှောက်တာ။ အင်တာဗျူးမှာပဲ သဘောကျပြီး ၂၂၀၀ ပေးမယ် ကြိုးစား ပြီးလုပ်ပေါ. တဲ.။ ဒါက သူကံကောင်းတာလဲ ပါတယ်။ ကုမ္ပဏီကလဲ သမာသမတ် ကျတာလဲ ပါတယ်။ တကယ် လက်ရှိ လုပ်နေတဲ. သူတွေ နဲ. တန်းတူပေးရမယ်။ တန်းတူ ရသင်.တယ်။ ကိုယ်က လျှော. ရလို. အချောင် ခိုလို.ရမယ် မထင်ပါနဲ.။ အထုပ်အပိုးပြင် ပြီးရွာပြန်ရလိမ်.မယ်။ တချို.ကလဲ ပြောကျသေးတယ် " ကျွမ်းစရာ မလိုပါဘူးကွာ၊ အလုပ်ရမှ အလုပ်ထဲမှာ သင်ပေါ.၊ မေးပေါ.၊ သင်ပေးကျပေါ. ကိုယ်က သူတို.ရဲ. ၀န်ထမ်းပဲ ဟာ ဒါက သူတို. တာဝန်ပဲ " ။ စင်ကာပူ က ကုမ္ပဏီ က သင်.ကို မေတ္တာဖြင်. သင်ပေးဖို. အလုပ်ခန်.တာ မဟုတ်ဘူးလေ။ ခိုင်းဖို.ခန်.တာ။ သဲသဲကွဲကွဲ မြင်တက်စေချင်တယ်။

သင်တို.ရဲ. အပူ သောက တွေကို မသိချင်ယောင်ဆောင်ပြီး ပြောနေတာ မဟုတ်ဘူးနော်။ ကိုယ်လဲ ဒီဘ၀ ကစ လာတာတော. နားလည်တာပေါ.။ အလုပ်မရခဲ.လျှင် နှစ်ရှည်လများ စုဆောင်းထားတဲ. ငွေ တွေ ဆုံး ၊ စိတ်ကူးယဉ်ထားတဲ. အရာ တွေ ပျက်စိးမယ်ဆိုတာလေ။ ဒါကြောင်. ဘာလို. စမ်းတ၀ါးဝါး နဲ. စင်ကာပူလာမှာလဲ။ အားလုံး အသေအချာ ပြင်ဆင်ပြီးမှာ လာစေချင်တယ်လေ။ အင်္ဂလိပ်စာ လဲ လည်လည်ဝယ်ဝယ် ပြောတက်စေချင်တယ်။ အခုဖြစ်နေတာမှာ မြန်မာတွေ ဆို သိပ် စကားမပြောတဲ. အလုပ်တွေ မှာ စုနေကျတယ်လေ။ “Ya , No, OK, This one, Here, There, Sorry. Bye Bye. Thank you” နဲ. တင် အလုပ်ဖြစ်နေကျတယ်လေ။ ကိုယ်တိုင်ကလဲ အင်္ဂလိပ် စာ မကောင်းခဲ.ပါဘူး။ အလုပ်စလုပ်တုန်းကဆို ရုံးက ဖုန်းလာရင် မကိုင်ရဲ လောက်အောင်ကို ဖြစ်တာ။ သူတို.ပြောတာ နားမလည် ၊ ကိုယ်ပြောတာ သူတို. နားမလည် မှာလဲ ကြောက်တာပေါ.။

အခုဒီပို.ကိုရေးတာ ကျွန်တော်.ကို ဆရာလုပ်တယ်လို.ထင်ချင်ထင်ပါလိမ်
 .မယ်။ သဘောတူတွေ လဲ ရှိပါလိမ်.မယ်။ နောက်ဆုံးအနေနဲ. ပြောချင်တာက မြန်မာ တွေ ဟာ တခြား မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို.နဲ. တန်းတူ ရင်ဘောင်တန်း ပြီး အလုပ်လုပ်နိုင်တဲ. တဲ. အတွက် သူတို.နဲ. တန်းတူ လစာ ရအောင် ကြိုးစားသင်.တယ်။ အဲ.လိုတန်းတူရအောင် လဲ ထို လူမျိုးများလိုပဲ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ရုံသာမက ပဲ၊ အင်္ဂလိပ် ကို လဲ လည်လည်ပတ်ပတ် ပြောတက်စေချင်တယ်။ စင်ကာပူ မလာခင် ပြင်ဆင်ထားကျ ပေါ.ဗျာ။

အားလုံးအရည်အချင်း ပြည်.ပြည်. နဲ. တန်ရာတန်ကြေး ရစေလို၏

One to Ten Letter World

(1)The most selfish one-letter world is' I' . Avoid it.
     အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ 
    ငါ´ ပါ။ အဲဒါကို ရှောင်ကျဉ်ပါ ... တဲ့။

(2)The most satisfying two-letter world is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။ အဲဒါကို အသုံးပြုပါ တဲ့။

 (3)The most poisonous three-letter world is' Ego ' . Kill it.
   အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။  အဲဒါကို သတ်ပစ်ပါ။    
 
(4)The most used four-letter world is' Love ' . Value it.
    အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာ´    
   ပါ။ အဲဒါကို တန်ဖိုးထားပါ။

 (5)The most pleasing five-letter world is' Smile '. Keep it.
    အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။
    အဲဒါကို ဆောင်ထားပါ တဲ့။
 
(6)The fastest spreading six-letter world is' Rumor '. Ignore it.
     အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့
   `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ တဲ့။
 
(7)The hardest working seven-letter world is' Success'. Achieve it.
     အက္ခရာခုနှစ်လုံးနဲ့ဖွဲ့စည်းထားပြီး  
    အပြင်းထန်ဆုံးကြိုးစားရယူရတဲ့စကားလုံးကတော့ `အောင်မြင်မှု´ ပါ။ အဲဒါကို
    အရယူပါ တဲ့။
 
(8)The most troublesome eight-letter world is ' Jealousy'. Distance it.
    အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
   `မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ တဲ့။

(9)The most powerful nine-letter world is ' Knowledge'. Acquire it.
    အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
   `အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ တဲ့။

(10)The most essential ten-letter world is ' Confidence'. Build it.
     အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့
  `ယုံကြည်မှု´ ပါ။ အဲဒါကို တည်ဆောက်ယူပါ တဲ့။
ဘာဖြစ်လို့ ကြို့ထိုးရသလဲ။ ဒါပေမဲ့ ဖြစ်နိုင်ချေကို စဉ်းစားကြည့်တော့ ၀ါယောဓာတ်ဖေါက်ပြန်မှုကြောင့်ဆိုတဲ့အကြောင်းကို သွားတွေ့တယ်။ ကျနော်တို့ကိုယ်မှာ လည်ပတ်နေတဲ့ လေခြောက်မျိုးရှိတယ်လို့ မှတ်သားဖူးတယ်။ အဲဒါတွေကတော့---
(၁) ပျို့အံခြင်း၊ လေချဉ်တက်ခြင်းစတဲ့ အထက်ပါးစပ်သို့ဆန်တက်လာတဲ့လေ၊
(၂) လေလည်ခြင်း၊ ၀မ်းသက်ခြင်းစတဲ့ အောက်သို့သက်ဆင်းသွားတဲ့လေ၊
(၃) ၀မ်းဗိုက်အတွင်းလည်ပတ်နေတဲ့လေ၊
(၄) အစာအိမ်အတွင်းမှာ လည်ပတ်နေတဲ့လေ၊
(၅) ထွက်သက် ၀င်သက်လေနဲ့
(၆) တစ်ကိုယ်လုံးရှိကိုယ်အင်္ဂါတွေမှာလည်ပတ်နေတဲ့လေတွေပဲဖြစ်ပါတယ်။

ကြို့ထိုးတဲ့အခါ လေဟာအထက်ကိုဆန်တက်လာပြီး ခဏခဏပျို့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဗိုက်ထဲမှာလည်ပတ်နေတဲ့လေဟာ လမ်းကြောင်းလွဲပြီး ထွက်ပေါက်ရှာတဲ့သဘောလားလို့ ယူဆရတယ်။ ကျနော်တွေးကြည့်တာပါဗျာ။ မှားချင်လဲမှားပေမပေါ့။ ကျနော်တွေးမိသလောက်အကြောင်းကတော့ အထက်မှာပြောခဲ့သလို ကိုယ်မှာလည်ပတ်နေတဲ့လေတွေဟာ အကြောင်းတစ်မျိုးမျိုးကြောင့် သူသွားနေကျလမ်းကြောင်းပေါ်မရောက်ပဲ ဘေးချော်ပြီး ပါးစပ်ထဲရောက်လာတာနဲ့တူပါရဲ့။ အကြောင်းတွေကို လိုက်ရှာကြည့်တော့ အနောက်တိုင်းဆေးပညာရှင်တွေက ကြို့ထိုးရခြင်းအကြောင်းတွေကို အတော်များများရှာပေးထားသဗျား။

hiccup သို့မဟုတ် hiccough လို့ခေါ်တဲ့ ကြို့ဟာ ဘာ့ကြောင့်များထိုးရသလဲဆိုတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ကြောင်းပါ။
(၁) ကိုယ်ထဲမှာ ရေဓာတ်အားနည်းခြင်း၊
(၂) အစာကို ခပ်မြန်မြန်စားခြင်း၊
(၃) ဆာလောင်မွတ်သိပ်ခြင်း၊
(၄) ပူပူလောလောအစာကိုစားရင်း အအေးသောက်ခြင်း၊
(၅) လေချဉ်တက်ခြင်း၊
(၆) အလွန်စပ်သောအစာကို စားခြင်း၊
(၇) မရပ်မနားရယ်မောခြင်း၊
(၈) ချောင်းဆိုးခြင်း၊
(၉) အရက်သေစာ အမြောက်အများသောက်ခြင်း၊
(၁၀) ရှိုက်ကြီးတင် ငိုကြွေးခြင်း၊
(၁၁) ဆေးလိပ်သောက်တဲ့အခါ တအားရှိုက်သွင်းခြင်း၊
(၁၂) စကားကို အကြာကြီးပြောဆိုခြင်း၊
(၁၃) ချွဲဟန့်ခြင်း စတဲ့ အကြောင်းတွေပါပဲ။ အခြားအကြောင်းတွေလဲ အတော်များများကျန်ပါသေးတယ်။

ဒီအကြောင်းတွေကို စစ်ကြည့်လိုက်မယ်ဆိုရင် ၀ါယောဓာတ် သို့မဟုတ် လေဓာတ်နဲ့များစွာ ဆက်စပ်နေတာတွေ့နိုင်တယ်။ များသောအားဖြင့် အဲဒီအကြောင်းတွေထဲက တစ်ခုခုကြောင့်ဖြစ်တဲ့အတွက် လေလည်ပတ်မှု မညီမညွတ်ဖြစ်ပြီး ကြို့ထိုးတော့တာပါပဲ။ ဒီတော့ ကျနော်ကစဉ်းစားတယ်။ လေမညီမျှလို့ ကြို့ထိုးရင် လေညီမျှအောင်လုပ်ပေးရမယ်။ ဒါဆို ကြို့ထိုးရောဂါချက်ချင်းပျောက်နိုင်တယ်။ အဲဒီလိုတွေးပြီး ဘာလုပ်လဲဆိုတော့---
တရားထိုင်သလို ခါးကိုဆန့်အောင်ထားပြီး ထိုင်လိုက်တယ်၊ ပြီးတော့မှ သန့်ရှင်းတဲ့လေကို အားရပါးရ တဖြေးဖြေးခြင်းရှူသွင်းပြီ တတ်နိုင်သလောက် ဗိုက်ထဲမှာသိပ်ထားလိုက်တယ်။ ဆိုလိုတာက အသက်အောင့်ထားလိုက်တယ်။ အဲဒီလို အသက်အောင့်လို့ မနိုင်တော့တဲ့အခါကျမှ လေကိုတဖြေးဖြေးခြင်း ပြန်မှုတ်ထုတ်လိုက်တယ်။ ပြောမယ်ဆိုရင် ထွက်သက်ဝင်သက်ကို နှစ်ချက်မဟုတ်ပဲ သုံးချက်နည်းကို သုံးလိုက်တယ်။
(၁) သန့်ရှင်းတဲ့လေကို တဖြေးဖြေးခြင်းရှူသွင်းခြင်း၊
(၂) ၀င်လာတဲ့လေကို ၀မ်းဗိုက်ထဲမှာ ကြာနိုင်သလောက်ကြာအောင်သိမ်းထားခြင်း၊
(၃) မအောင့်နိုင်တော့တဲ့အချိန်ကျမှ တဖြေးဖြေးခြင်း ပြန်လည်မှုတ်ထုတ်ခြင်း၊

အဲဒီလို တစ်ခါကနေ သုံးခါအထိ အလွန်ဆုံးပဲ လုပ်ရတယ်။ ကျနော်ဆို တစ်ခါတည်းနဲ့ကို ပျောက်တယ်။
ကျနော်တို့နေ့စဉ်ဘ၀မှာ လေကို ရှူသွင်းပြီး ချက်ခြင်းပြန်ရှူထုတ်တယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပေါ့။ သတိတွေဘာတွေ မပါသေးဘူး။ တရားထိုင်တဲ့အခါကျတော့ အဲဒီဖြစ်စဉ်ကိုပဲ သတိနဲ့ကပ်ပြီး ရှူသွင်းမှု၊ ရှူထုတ်မှုတွေကို လိုက်မှတ်နေရတယ်။ ဒါက တရားထိုင်တဲ့အခါ အသက်ရှူတဲ့နည်းပေါ့။ အဲဒီနှစ်မျိုးစလုံးမှာ အသက်ရှူမှုဟာ နှစ်ဆင့်စီပဲရှိတာတွေ့ရမယ်။ ကျနော်ပြောတဲ့နည်းမှာတော့ အထက်မှာပြထားတဲ့အတိုင်း သုံးချက်ရှိတယ်။ ဒီနည်းဟာ ကြို့ထိုးတဲ့ရောဂါကိုသာမဟုတ်ဘူး။ လေနဲ့ပတ်သက်တဲ့ အခြားရောဂါအတော်များများကိုလဲ ပျောက်ကင်းသက်သာစေနိုင်ပါတယ်လို့ ။

နှင်းဆီနီနီသက်သေတည်၍

နှင်းဆီနီနီသက်သေတည်၍

ည ၁၂ နာရီ ၁၀ မိနစ်။ မိုးရွာပြီးစ ပတ်ဝန်းကျင်သည် အေးမြလတ်ဆတ်လို့နေသည်။ တစ်ပြန့်တစ်ပြော ကွင်းပြင် ကျယ်တို့ဆီမှ ဖြတ်၍တိုက်ခတ်လာသော လေတဖြူးဖြူးကြောင့် သစ်ခက်သစ်ရွက်များမှ မြက်ပင်များအဆုံး သံစဉ်တစ်ခုလို တညီတညာထုတ်လွှင့်ရင်း ညီညာစွာယိမ်းနွဲ့သွားကြသည်။ တစ်ညလုံး သည်းသည်းမဲမဲ ရွာနေခဲ့ သောမိုး ယခုမှတိတ်စပြုသည်။ လကထိန်ထိန်သာနေသည်။ ဗညားတစ်ယောက် လမ်းသွယ်လေးနံဘေးရှိ ကုက္ကိုလ်ပင်အောက်၌ မတ်တပ်ရပ်နေခဲ့သည်မှာ ၁၀ မိနစ်ခန့်ရှိပြီဖြစ်သည်။ စက်ရပ်သွားသောကားကို တတ် သလောက်မှတ်သလောက် စက်ဖုံးဖွင့်ဟိုကြည့်ဒီကြည့်လုပ်နေသည်မှာလည်း ၁၀ မိနစ်ခန့်ရှိပြီ။ တုန်ရီစွာဖြင့် ကားထဲမှအပေါ်အင်္ကျီကိုဆွဲယူလိုက်သည်။ ဘတ္ထရီမရှိတော့သော လက်ကိုင်ဖုန်းကို စိတ်မရှည်စွာ စိုက်ကြည့် မိသည်။ တစ်လမ်းလုံး ပျင်းပျင်းရှိဖုန်းချည်း လှိမ့်ပြောနေမိခဲ့သော ကိုယ့်ကိုယ်ကိုလည်းဒေါသထွက်နေသည်။

ထိုစဉ် မျက်လုံးထောင့်နားမှ အသွင်ကွဲသောအရိပ်တစ်ခုကို ဖျက်ခနဲမြင်လိုက်မိသလိုရှိသဖြင့် ခေါင်းကိုဆတ်ခနဲ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။ ပန်းနုရောင်ထီးရှည်တစ်လက်ကိုလက်မှာ ချိတ်ထားပြီး ဘယ်အချိန်က တည်းက သူ့အနားရောက်နေသည်မသိသော မိန်းကလေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် တွန့် ခနဲဖြစ်သွားသည်။

"မင်း.. ဘယ်သူလဲ။ ဒီအချိန်ကြီး ဒီနားကိုဘာလာလုပ်တာလဲ"

"ရှင်တော်တော်ချမ်းနေပြီထင်တယ်။ ကျမက ဟိုးမှာမြင်နေရတဲ့အိမ်က။ အိမ်ပေါ်ကနေလမ်းဖက်ကို ကြည့်မိတုန်း မိုးသည်းကြီးထဲမှာ ကားတစ်စီးဆိုက်တာမြင်လိုက်တယ်။ ခဏနေတော့ ရှင်ထွက်လာပြီးဟိုကြည့်ဒီကြည့် ကားကို ဟိုလိုလုပ်ဒီလိုလုပ်နဲ့မြင်လို့ အခက်အခဲတစ်ခုခု ဖြစ်နေမယ်ထင်တာနဲ့ လာမေးတာပါ။ ကားပျက်သွားလို့လား"

"ဟုတ်တယ်။ ဒီနားမှာကားပြင်တဲ့ ၀ပ်ရှော့တွေဘာတွေမရှိဘူးလား"

မိန်းကလေးက သိမ်မွေ့စွာတစ်ချက်ရယ်လိုက်သည်။

"ရှင့်နှယ်။ ဒီလိုနေရာကြီးမှာ ၀ပ်ရှော့ရှိမလားရှင့်။ အနီးဆုံးမြို့က ဓာတ်ဆီဆိုင်တောင် ဒီကနေ၁၀မိုင်ကျော် မောင်းရဦးမှာ"

"ဟုတ်လား။ ဒုက္ခပဲကွာ။ ဒီနားကျမှ ကားကစက်ရပ်ရတယ်လို့။ တစ်လမ်းလုံးမောင်းလာတာ အကောင်းကြီးကို"

"သြော်.. ရှင်ကလည်း စက်ပစ္စည်းပဲဟာ.. ပျက်ချင်ပျက်မှာပေါ့"

"ထားပါတော့။ မင်းအိမ်မှာ တယ်လီဖုန်းရှိလား။ ကျနော့်အိမ်ကိုအကြောင်းကြားချင်လို့။ သူငယ်ချင်းတွေလည်း စိတ်ပူနေလောက်ပြီ။ အခုထိမရောက်လာသေးရင် အိမ်ကလည်းသူတို့အိမ်ကို ဖုန်းတဂွမ်ဂွမ်ခေါ်နေမှာ"

"မရှိဘူးရှင့်။ ကျမက ဒီမှာငယ်ငယ်လေးတည်းက အဒေါ်နဲ့နှစ်ယောက်တည်းနေလာတာ။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်လုပ်ဖို့မရှိဘူး။ ဖုန်းပြောစရာလူလည်းမရှိဘူး"

"မဟုတ်သေးဘူးလေ။ မိန်းမသားနှစ်ယောက်တည်းနေတာ ဒီလိုနေရာကြီးမှာ တစ်စုံတစ်ခု အန္တရယ်တွေဘာ တွေဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အရေးပေါ်ဆို ရဲစခန်းတို့၊ ဆေးရုံတို့ ဘာတို့လောက်တော့ ဆက်သွယ်ရမယ်မ ဟုတ်ဘူးလား"

"ဟင့်အင်း။ ဒါတွေမလိုပါဘူး။ ဘယ်သူမှလည်း ကျမတို့ကိုနှောင့်ယှက်ကြမှာမဟုတ်သလို ကျမတို့လည်း ဘာမှ ဖြစ်မှာမဟုတ်ဘူးလေ။ နေထိုင်မကောင်းဖြစ်လည်း အိမ်မှာဘိုးဘွားတွေထားခဲ့တဲ့ ဆေးမျိုးစုံ အဆင်သင့်ရှိပြီး သား"

"မင်းတို့ကတစ်မျိုးပါလား။ ဒီလိုခေတ်ကြီး ဒီလိုနေရာမှာနေနိုင်တာအံ့သြပါရဲ့ဗျာ"

"ဒါတွေထားပါတော့။ ရှင်ကဘယ်ကိုသွားမလို့လဲ။ ပြီးတော့ ကားလမ်းမကြီးပေါ်က မမောင်းဘဲ ဒီဖြတ်လမ်းက ဘာလို့လာရတာလဲ။ ရှင်လမ်းသိလို့လား"

"အင်း ရန်ကုန်သွားမလို့။ ဒီလမ်းကိုအရင်တစ်ခေါက်လာတုန်းက မောင်းဖူးတယ်။ ဒီလိုညဘက်ကြီးပဲ။ အရေးကြီး ကိစ္စရှိလို့ သူငယ်ချင်းတစ်ယောက်နဲ့အတူလာတာ။ အဲဒီတုန်းကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ"

"သြော်.. ဖြစ်မှတော့မတတ်နိုင်ဘူးလေရှင်။ ဒါဆို ရှင်ဒီညဘယ်လိုလုပ်မှာလဲ။ မနက်မှလမ်းမဘက်ထွက်ပြီး ကား တစ်စီးစီးတားကြည့်ပေါ့။ ဒီအချိန်ကြီးကတော့ ကားတွေရှိမယ်မထင်ဘူး။ ရှိရင်တောင်ရပ်ပေးမှာမဟုတ်ဘူး။ ရှင် ဒီတစ်ညတည်းဖို့တော့ ကျမအိမ်မှာခွင့်ပြုနိုင်ပါတယ်။ ရှင်တည်းချင်ရင်ပေါ့"

"ဟာ.. အတိုင်းထက်အလွန်ပေါ့။ ဘယ်နှယ့်မတည်းချင်ရမလဲဗျာ။ မင်းကရုပ်ကလေးလှသလောက် သဘောက လည်းအကောင်းသားကိုး"

"တော်ပါရှင်။ ကဲ.. လာလာ ကားထဲမှာရှင်ယူစရာရှိတာယူပြီးသာ ကျမနောက်ကလိုက်ခဲ့။ အိမ်ဘက်သွားတဲ့လမ်း ကတော့ နည်းနည်းရွှံ့ထူတယ်နော်။ ရှင်သတိထားပြီးလျှောက်"

"ရပါတယ်။ မင်းတောင်ဒီရောက်အောင် လာနိုင်သေးတာ။ ကျနော်ကဘာလို့မလျှောက်နိုင်ရမှာလဲ"

တိတ်ဆိတ်မှောင်မိုက်သော လယ်ကွင်းပြင်များကြား၌ ဖားအော်သံ၊ လေတိုက်သံတို့မှအပ ကန်သင်းသာသာ လမ်းကျဉ်းလေးပေါ်၌ သူတစ်ဦးတည်း၏ လမ်းလျှောက်သံတစ်သံတည်း ထွက်နေသလားဟု ဗညားစိတ်ထဲ ထင် နေမိသည်။ ဂျင်းဘောင်းဘီရှည်ကို ခေါက်ထားလျက်မှပင် ရွှံ့ပေမှာစိုးသဖြင့် လက်တစ်ဖက်နှင့်မ၍ လက်တစ် ဖက်ကခရီးဆောင်အိတ်ကိုကိုင်ကာ ရှေ့မှလက်ဆွဲမီးအိမ်တစ်လုံးဖြင့် တည်ငြိမ်စွာသွားနေသော မိန်းကလေး နောက်သို့လိုက်ခဲ့လေတော့သည်။ လရောင်ကြောင့် ပတ်ဝန်းကျင်ရှိလယ်ကွင်းများကို ဗညား ကောင်းစွာမြင်နိုင် သည်။ အနီးအနားတွင် တောအုပ်ခပ်သေးသေးနှင့် လယ်ကွင်းများမှတစ်ပါး လူနေအိမ်များရှိဟန်မတူ။

အိမ်နားရောက်မှ လရောင်ကိုမှီပြီးသေချာကြည့်မိေ
တာ့သည်။ ခမ်းနားလိုက်သည့်အိမ်။ ခြံနှင့်ဝန်းနှင့်ဟု မဆိုသာ သော်လည်း အတန်ကျယ်ကျယ် အိမ်ပတ်လည်၌ တံတိုင်းမြင့်မြင့်ဝင်းခတ်ထားသဖြင့် တော်ရုံလူစိမ်းဖြစ်စေ၊
တိရစ္ဆန်တစ်ကောင်တစ်လေဖြစ်စေ အထဲသို့ဘယ်နီးနှင့်မျှမ၀င်သာချေ။ နှစ်ထပ်အိမ်ဆိုသော်ငြား အခန်းများစွာ ပါဝင်ဟန်မတူဘဲ ပြတင်းတံခါးများလည်းသိပ်မရှိချေ။ ရှေးဆန်ဆန်အိမ်ပုံစံဖြစ်ပြီး ဆောက်ထားသည်မှာ အတော် ကြာနေပြီဖြစ်ကြောင်းလည်း ကြည့်ရုံနှင့်သိနိုင်သည်။ အပေါ်ထပ်က အခန်းတစ်ခန်းနှင့် အောက်ထပ်တို့မှ ခပ်မှိန် မှိန်မီးရောင်လဲ့လဲ့တို့သာ လရောင်ဖွေးဖွေးအောက်၌ မှုန်တရီလှမ်းမြင်လိုက်သည်။ ဒီလိုနေရာမျိုး၌ ဤမျှလှပ ရှေး ဆန်သော အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိနေလိမ့်မည်ဟု ဗညားတစ်ခါမှမထင်ခဲ့။ တောအုပ်အစပ် လယ်ကွင်းပြင် ၌ အိမ်ကောင်းကောင်းတစ်လုံး ဆောက်၍တသီးတခြားနေထိုင်သည်မှာ အတော်ထူးခြားသောအချက်လည်း ဖြစ် သည်။

အိမ်၏ဧည့်ခန်းနံရံ၌ အဖိုးတန်ပန်းချီကားများ၊ ရှေးအဘိုးအဘွားတို့ဖြစ်ဟန်တူသော ပုံတူဓာတ်ပုံများ ချိတ်ဆွဲ ထားသည်။ အောက်လင်းဓာတ်မီးအရွယ် မီးအိမ်ခပ်ငယ်ငယ်တစ်လုံးသာ ဧည့်ခန်း၌ထွန်းထားသည်။ လျှပ်စစ်မီး ရှိပုံမပေါ်သဖြင့် လက်ကိုင်ဖုန်းကိုအားသွင်းရန် ဗညားမေးမနေတော့ချေ။ ပန်းကနုတ်တို့ဖြင့် ပုံဖော်ထားသော စားပွဲ၊ ကုလားထိုင်၊ သစ်သားပန်းအိုး၊ တံခါးဘောင်၊ လှေကားလက်ရမ်းကအစ အရာရာ အသစ်အဆန်းများ သ ဖွယ် ဗညား တစ်အိမ်လုံးနေရာအနှံ့ လိုက်ကြည့်နေမိသည်။ ရုတ်တရက်ပန်းအိုးဆီကို ဟာခနဲပြန်ကြည့်မိသည်။ ရဲ လိုက်တဲ့နှင်းဆီတွေ။ အနီရောင်နှင်းဆီအများအပြား ဗညားတွေ့ခဲ့ဖူးသည်။ ဤမျှလောက်တော့ ရဲရဲတောက်မနေ။ မှုန်ပျပျအလင်းရောင်၌ပင် နှင်းဆီတို့၏အရောင်မှာ ရဲတောက်ထင်ရှားလွန်းလှသည်။ နှင်းဆီအစစ် မဟုတ်သလို ပင်.. ။

"ကဲ.. ကိုဘယ်သူ.."

"ဗညားပါ.. မင်းက.."

"ပန်းအိလို့ခေါ်နိုင်ပါတယ်.. ရှင့်အတွက် အခန်းအဆင်သင့်ဖြစ်ပြီ။ ရှင်ထမင်းစားပြီးပြီလား။ ဗိုက်ဆာနေရင် ဒေါ်ကြီးကို ကျမတစ်ခုခုစီစဉ်ခိုင်းလိုက်မယ်"

"ဟာ.. နေပါစေ။ ရပါတယ် မစားတော့ပါဘူး"

"မစားတော့ပါဘူးဆိုတည်းက ရှင်ဗိုက်ဆာနေတာသေချာပြီ။ ဒေါ်ကြီးရေ.. ဧည့်သည်အတွက် ညလယ်စာလေး တစ်ခုခုလုပ်ပေးပါဦး"

"ဒါနဲ့ မပန်းအိတို့က ဒီအိမ်ကြီးမှာ တကယ်နှစ်ယောက်တည်းနေတာလား။ တခြားအိမ်သားတွေမရှိဘူးလား။ ဆွေမျိုးတွေကရော ဒီနားမှာပဲနေကြတာလား"

"ရှင်တော်တော်စပ်စုတာပဲနော်။ သြော်.. တစ်လက်စတည်း ရှင့်ကိုမှာထားရဦးမယ်။ ညဘက်ကို အိပ်မပျော်လို့ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လသာတယ်ဆိုပြီး အိမ်ထဲကအိမ်ပြင်မထွက်နဲ့နော်"

"ဘာဖြစ်လို့လဲမပန်းအိ"

"သြော်.. ရှင်က ဒီနေရာလည်း သွားတတ်လာတတ်တာမဟုတ်ဘဲနဲ့ ။ မြွေပါးကင်းပါးနဲ့လေ"

"ခြံထဲတောင် လမ်းဆင်းလျှောက်လို့မရဘူးလားဗျာ"

"အင်း.. ဖြစ်နိုင်ရင် ထွက်မလျှောက်ပါနဲ့လား။ အခန်းထဲမှာပဲ အ၀တ်အစားလဲပြီး အေးအေးသက်သာနားပါရှင်"

"ကျနော်တော့ ဘာမှနားမလည်နိုင်တော့ဘူးဗျာ.. မပန်းအိတို့ကတစ်မျိုးပဲနော်။ ဒါနဲ့ .."

"ဒေါ်ကြီးရေ.. အဆင်သင့်ဖြစ်ပြီလား"

ဒေါ်ကြီးဆိုသူထံမှ ဘာသံမျှထွက်မလာ။ ခေါင်းသာဆတ်ခနဲညိတ်ပြလေသည်။

"ကဲ.. ကိုဗညား.. ထမင်းစားခန်းထဲကြွပါနော်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ဗညားတစ်ယောက် အတွေးပေါင်းမြောက်များစွာနှင့် ထမင်းစားခန်းရှိရာထသွားသည်။ မပန်းအိကတော့ ဧည့်ခန်း ထဲမှာ သူ့ကိုပြုံးပြရင်းကျန်ရစ်ခဲ့သည်။ ထမင်းစားပွဲအနီးတွင် ဖယောင်းတိုင်များ အနှံ့ထွန်းထားသည်။ သီတင်း ကျွတ်ရောက်သဖြင့် မီးထွန်းထားသည့်နှယ်ပင်။ နေရာအနှံ့တွင်ဖြစ်သည်။ ဒေါ်ကြီးဆိုသူမှာ အသက်အတော်ကြီး ပုံ မပေါ်သေး။ ၄၀ ကျော်၊ ၅၀ နီးပါးမျှသာရှိဦးမည်ထင်သည်။ ဗညားထမင်းစားပွဲတွင် ထိုင်လိုက်သည်နှင့် ဒေါ်ကြီး အခန်းထဲမှထွက်သွားသည်။ ဧည့်ခန်းတွင်ထိုင်နေသော မပန်းအိ ဒေါ်ကြီးနှင့် စကားတိုးတိုး ပြောနေသည်ဟု ဗညားထင်မိသည်။ သူများအရေးကိစ္စမို့ ရိုင်းရာကျမည်စိုးသဖြင့် လှည့်မကြည့်ဖြစ်ပေ။

ချမ်း၍ကတစ်ကြောင်း၊ ဗိုက်အတော်ဆာနေသည်ကတစ်ကြောင်း စားပွဲပေါ်၌ချထားသော ထမင်း၊ ဟင်းများကို ဗညားအားပါးတရစားပစ်လိုက်သည်။ ထမင်း၊ ဟင်းများမှာ အံ့သြဖွယ်ရာ အငွေ့တထောင်းထောင်းထနေ၍ စား လို့အလွန်ကောင်းလှသည်။ ဧည့်သည်လာမည်သိ၍ ကြိုတင်စီစဉ်ချက်ပြုတ်ထားသလားပင်ထင်ရသည်။ ဟင်း အမယ်များမှာလည်း ချက်ချင်းစီစဉ်လိုက်ရဟန်မတူဘဲ အဖွယ်မျိုးစုံလင်လှသည်။ စားကောင်းကောင်းဖြင့် အားမ နာတမ်းစားမိပြီးမှ အနောက်သို့လှည့်ကြည့်မိသည်။ ဒေါ်ကြီးဆိုသူမှာ အခန်းထောင့်တွင်မတ်တပ်ရပ်လျက် သူ့ကို ခပ်စူးစူးစိုက်ကြည့်နေသည်။ ဗညားထိတ်ခနဲဖြစ်သွားသည်။

သူ့အနားရောက်လာ၍ စားပြီးသားပန်းကန်များကို သိမ်းဆည်းသည်။ စကားတစ်ခွန်းမျှမပြောပေ။ အားနာလှ သဖြင့် ပန်းကန်ဝင်ဆေးပေးရန်လုပ်တော့ သူ့ဟာသူလုပ်မည်ဟု လက်ဟန်အမူအရာနှင့်ပြောတော့မှ စကား ပြောတတ်ဟန်မတူမှန်း ဗညားသိလိုက်သည်။ သို့ဖြင့် မပန်းအိရှိရာဧည့်ခန်းသို့သာ ပြန်ထွက်လာခဲ့တော့သည်။ မပန်းအိက ဖယောင်းတိုင်တစ်တိုင် အနားမှာထား၍ ဇာပန်းထိုးနေသည်။ သူထိုင်ပြီး အတော်ကြာသည့်တိုင် အ ရာရာ တိတ်ဆိတ်လွန်းနေသဖြင့် ဗညားစိတ်ထဲတစ်မျိုးဖြစ်နေသည်။ တစ်ခုခုလောကွတ်စကားပြောရန် စကား အစလိုက်ရှာသည်။ ထိုစဉ်မှာပင် မျက်လုံးကိုအပေါ်ပင့်၍ ကျနော့်ကိုပြုံးပြရင်း မပန်းအိက စကားဆိုသည်။

"ရှင်အိပ်ချင်နေပြီလား ကိုဗညား။ ထမင်းစားခန်းဘေးကပ်ရပ်က ဟိုအခန်းပဲ။ ရှင်နားချင်သွားနားတော့လေ။ အ၀တ်အစားလေးဘာလေးသွားလဲပေါ့။ အအေးပတ်နေဦးမယ်"

ဆက်ထိုင်နေရန် မသင့်တော့၍ "ဟုတ်ကဲ့ မပန်းအိ" ဟုဆိုကာ အခန်းထဲဝင်သွားလိုက်သည်။ အခန်းမှာ အတော် အသင့်ကျယ်၍ သက်တောင့်သက်သာရှိသည်။ ခုတင်၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ အ၀တ်ဗီရိုတစ်ခု၊ စာ အုပ်စင်တစ်ခု၊ စာအုပ်အနည်းငယ်လည်းရှိသည်။ တစ်ယောက်ယောက်ဤအခန်း၌ နေခဲ့ဖူးဟန်တူသည်။ စားပွဲ ပေါ်၌ နှင်းဆီရဲရဲသုံးပွင့်ထိုးထားသော ပန်းအိုးတစ်လုံးနှင့် မီးအိမ်တစ်လုံးလည်းရှိသည်။ အ၀တ်အစားလဲပြီး နောက် အိပ်ချင်စိတ်မရှိသေးသည်နှင့် စာအုပ်စင်မှ စာအုပ်တစ်အုပ်အုပ်ယူဖတ်ရန် စိတ်ကူးမိသဖြင့် စာအုပ်များ ကိုကြည့်မိသည်။ အလွန်ရှားပါးလှသော ဆေးကျမ်းများ၊ အရှေ့တိုင်းဘာသာနှင့်ပတ်သက်သောစာအုပ်များ၊ နိုင်ငံခြားစာအုပ်အတော်များများနှင့် ဒိုင်ယာရီသဖွယ်အင်္ဂလိပ်ဘာသာဖြင့် မှတ်စုရေးထားသော စာအုပ်အချို့ကို တွေ့ရသည်။ အတန်ကြာ ဟိုလှန်ဒီလှောလျှောက်ကြည့်ပြီးမှ အိပ်ချင်လာသဖြင့် ခုတင်ပေါ်မှာလှဲချလိုက်သည်။

သင်းပျံ့ပျံ့ရနံ့တစ်ခုက နှာခေါင်းထဲဝင်လာသည်။ စူးရှရှမျိုးမဟုတ်ဘဲ သင်းရုံသာသင်းသောရနံ့။ နှင်းဆီပန်းများ ဆီမှထင်သဖြင့် လှမ်း၍နှင်းဆီပန်းများကိုနမ်းကြည့်သည်။ မဟုတ်သေးချေ။ ဤနှင်းဆီများ၌ ရနံ့ရောရှိရဲ့လားဟု ထင်ရအောင်ပင် ဘာနံ့မျှမထွက်ပေ။ အနံ့မရှိသောနှင်းဆီနီနီများကို အတန်ကြာ ဗညားစိုက်ကြည့်နေမိသည်။ သူ နေထိုင်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ဘ၀နဲ့ အကွာကြီးကွာခြားနေသလို ခံစားမိသည်။ တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်နေသလိုပင်။

ထိုသင်းပျံ့ပျံ့ရနံ့ကို ဗညားစိတ်ဝင်စားသည်။ မည်သည့်နေရာမှထွက်လာသည်ကို သိချင်လာသည်။ ရှူလိုက်လေ ပိုသင်းပျံ့လာလေဖြစ်သဖြင့် အိပ်ချင်စိတ်ပင်မရှိတော့။ အပြင်ဘက်မှထင်သဖြင့် ပြတင်းပေါက်လည်းမရှိဘဲ ဘယ်ကဘယ်လိုဝင်လာသည့် အနံ့ပါလိမ့်လို့လည်း တွေဝေနေသည်။ မတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ထွက် ရန်စဉ်းစားမိသည်။ မပန်းအိတို့ အိပ်ကြပြီလားမသိပေ။ အခန်းတံခါးကိုအသာဟကြည့်တော့ ဧည့်ခန်း၌မည်သူမျှ ရှိဟန်မတူတော့။ မှောင်မည်းတိတ်ဆိတ်နေသည်။ အိမ်ရှေ့တံခါးမကြီးဘယ်နားမှာရှိမှန်းလည်း မသိချေ။

အခန်းထဲမှ မီးအိမ်လေးကိုယူကာ ဗညားအခန်းပြင်ထွက်လိုက်သည်။ မည်သူမျှမရှိ။ အပေါ်ထပ်တွင် မပန်းအိတို့ တက်အိပ်နေကြပြီထင်သည်။ ဧည့်သည်သူစိမ်းသက်သက်ဖြစ်၍ ဟိုသည်လျှောက်ကြည့်ရန်မှာလည်း သင့်မှသင့် တော်ပါ့မလားဟုတွေးမိသည်။ သင်းပျံ့ပျံ့ရနံ့က ပို၍ပင်နီးကပ်လာသလိုလို။ ပန်းနံ့လည်းမဟုတ်။ တီးတိုးသံလို လို၊ လေတိုက်သံလိုလို နားထဲ၌ကြားမိသည်။ ခြံထဲမှ တစ်စုံတစ်ခုဆီကဖြစ်လိမ့်မည်ဟု ဗညားယုံကြည်လိုက် သည်။ ဖြစ်ချင်ရာဖြစ်သဘောထား၍ တံခါးမကြီး၏ မင်းတုံးနှင့် အပေါ်တံခါးချက်ကို အသံမမြည်အောင်ဖွင့်လိုက် သည်။

လွတ်လပ်စွာရုတ်တရက် အဟုန်ဖြင့်တိုးဝှေ့လာသော လေတစ်ချက်ကြောင့်ဗညားကြက်သီးများပင်ထသွားသည်။ ခြံထဲဘက်သို့ခေါင်းပြူကြည့်တော့ သစ်ပင်၊ ပန်းပင်အချို့ကိုလရောင်အောက်၌ အတိုင်းသားမြင်ရသည်။ ခြံထဲသို့ ဗညားဆင်းခဲ့သည်။ တံခါးဝကို အသာခပ်ဟဟထားခဲ့သည်။ ခြံမှာသိပ်မကျယ်လှပေ။ သူဝင်လာစဉ်က သေချာမ ကြည့်မိခဲ့။ အိမ်၏တောင်ဘက်၌ (အကြော်ပင်ဟုတချို့ခေါ်ကြသည့်) တရုတ်စကားပင်ကြီး တစ်ပင်ရှိသည်။ ကြီး မားလွန်းလှသဖြင့် မော့ကြည့်၍ပင် သစ်ရွက်အုပ်အုပ်များကိုဖြတ်၍ လရောင်ကိုမမြင်နိုင်။ ဖွေးဖွေးလှုပ်နေသော စကားပန်းများမှ ရနံ့သင်းသင်းတို့က ဗညား၏စိတ်ကိုလန်းဆန်းစေသည်။ သစ်ပင်အောက်တွင် ခဏထိုင်မည်ရှိ သေး စောစောကရသောအနံ့မှာ စကားပန်းနံ့မဟုတ်မှန်း သတိရလိုက်သဖြင့် ထိုအနံ့ထွက်ရာနေရာကို ခြံထဲတွင် လိုက်ရှာမိသည်။

ရွက်လှပင်၊ သနပ်ခါးပင်၊ ဆိတ်ဖလူးပင်၊ ရွက်ကျပင်ပေါက်နှင့် တမင်ပျိုးယူထားဟန်တူသော မြက်ပင်များ။ ပန်းနံ့ တို့ရောထွေးနေ၍ လိုက်ရှာနေသောအနံ့ကိုပင် မမှတ်မိတော့။ ယခင်ကလောက်လည်း အနံ့ကနီးကပ်မလာ တော့။ အနံသိပ်မကျယ်လှသော ခြံဝင်းဖြစ်သဖြင့် အိမ်၏တောင်ဘက်ခြံထောင့်နားထိပင် ဗညားရောက်သွား သည်။ သင်းပျံ့ပျံ့ရနံ့ထွက်ရာနေရာကိုရှာမတွေ့သေး။ ထို့နောက်ခြံလည်းဆုံးနေပြီဖြစ်သဖြင့် အိမ်ဘက်ကို ပြန် လျှောက်ဖို့အလုပ် စောစောကစကားပင်ကြီး၏အနောက်ဘက်တွင် တစ်စုံတစ်ခုဖောင်းကြွနေသည်ကို မြင်လိုက် မိသည်။ မြေများဖောင်းကြွနေခြင်းမျိုးဖြစ်သည်။ ခုနအပင်အောက်တွင်ထိုင်မည်လုပ်ပြီးမှ ပြန်ထလာခဲ့သဖြင့် အ ပင်နောက်ကိုမကြည့်မိပေ။

စကားပင်၏ အနောက်ဘက်သို့ ဗညားအတင်းတိုးဝင်လိုက်သည်။ ဖောင်းကြွနေသည်မှာ အခြားမဟုတ်။ သစ် ရွက်ခြောက်အပုံကြီးဖြစ်သည်။ ခြံတွင်းရှိသစ်ရွက်များကို လှဲကျင်း၍ ဤနေရာ၌ လာစုထားပုံရသည်။ သို့သော် ခြံ နှင့်မလိုက်ဖက်စွာ သစ်ရွက်ခြောက်ပုံကြီးက ကြီးမားလွန်းနေသည်ဟုထင်မိသည်။ လိုက်ရှာနေသောအနံ့မှာ ထို နားတစ်ဝိုက်မှဖြစ်ကြောင်း ဗညားစိတ်ထဲ အလိုလိုသိနေသည်။ အနီးမှ သစ်ကိုင်းခြောက်တစ်ချောင်းကို ကောက် ၍ သစ်ရွက်ခြောက်ပုံတစ်ဝိုက်သို့ မွှေနှောက်ကြည့်သည်။ အပင်တစ်ပင်ပင်ဆီကအနံ့များလား။

သစ်ရွက်ခြောက်များအတော်အသင့်ရှင်းလင်းသွားသောအခါ ဖောင်းကြွနေသည်မှာ သစ်ရွက်ပုံမျှသာမဟုတ်ဘဲ ၄င်းတို့အောက်၌ မြေပုံလိုလို၊ တောင်ပို့လိုလို တစ်ခုခုရှိနေကြောင်းတွေ့သဖြင့် ရှိသမျှသစ်ရွက်ခြောက်များအား ချွေးများရွှဲလာသည်အထိ လက်ဖြင့်ယက်၍ ဗညားရှင်းလင်းလိုက်သည်။ မြေအပုံလိုက်ကိုတွေ့သည်။ တစ်ခုတည်း ပင်မဟုတ်။ နှစ်ခု။ မှတ်တိုင်လိုလို၊ ကမ္ဗည်းလိုလိုနှင့် စာရေးထားသည်ကိုမြင်မိသဖြင့် မီးအိမ်ဖြင့် အနားကပ် ကြည့်သည်။ "မပန်းအိ (အသက် ၂၄ နှစ်)၊ ဒေါ်ရွှေတင် (အသက် ၅၁ နှစ်)" .. လက်ထဲမှမီးအိမ် ခွမ်းခနဲကျ ကွဲသွားသည်။ အသားများတဆတ်ဆတ်တုန်လာကာ ဗညား ယောင်၍ပင်အော်လိုက်မိသည်။

ဤနေရာမှ အမြန်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ဇောချွေးများပြန်ကာမောပန်းနေသည်။ စကားပင် နောက်မှ ပြေးထွက်၍ ခြေလှမ်းများကို ခြံဝဆီသို့ ဦးတည်လိုက်သည်။ ခြံဝသို့မရောက်မီ တစ်ကိုယ်လုံးရှိ သွေးများ ပင်ထခုန်လုမတတ် ဗညားလန့်ဖျတ်သွားသည်။ ဒေါ်ကြီးဆိုသူမှာ ခြံဝတွင်မတ်တပ်ရပ်လျက်သား။ သူ့ကိုစူးစူး စိုက်စိုက်ကြည့်နေသည်မှာ တစ်ခုခုရန်လိုမုန်းထားရှိနေသယောင်။ ဗညား ဦးခေါင်းကိုတွင်တွင်သာ ခါရမ်းပစ် လိုက်သည်။

"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး။ မလုပ်ပါနဲ့။ အဲ့လိုမလုပ်ကြပါနဲ့။ ကျနော်ဘာအမှားလုပ်မိလို့လဲ။ ကျနော့်မှာ ဘာအပြစ် ရှိလို့လဲ။ ဘာလို့ ကျနော့်ကိုကျမှလဲ.. မဟုတ်ဘူး.. မဟုတ်ပါဘူး"

သူရူးတစ်ယောက်နှယ် ဗညားအော်ဟစ်နေသည်။ ဒေါ်ကြီးဆိုသူက ခပ်အေးအေးပင် သူ့ဘက်သို့ လျှောက်လာ သည်။ ဗညားအဖို့ ပြေးစရာမြေမရှိတော့။ အိမ်ထဲတွင် မပန်းအိဆိုသူရှိနေမည်။ ခြံဝမှာတစ်ယောက်က စောင့်ဖမ်း သည်။ အတွေးဖြင့်ပင် ဗညားတစ်ကိုယ်လုံးတုန်နေသည်။ နောက်သို့တဖြည်းဖြည်းဆုတ်ရင်း ရသမျှဘုရားစာကို အကုန်ရွတ်သည်။ ရွတ်လိုက်၊ အော်လိုက်။

"ကျနော့်ဆီ မလာနဲ့နော်။ ရှေ့ထပ်တိုးရင် ခင်ဗျားကိုသတ်ပစ်မှာနော်..။ ကျနော့်ကိုမလုပ်ရဲဘူးမထင်နဲ့။ မလာနဲ့။ အာ.... မလာနဲ့လို့ပြောနေတယ်လေ.. "

နောက်သို့ဆုတ်စရာမရှိ။ အိမ်ထဲသို့သာ ဗညားအော်ဟစ်၍ ပြေးဝင်လိုက်သည်။ ထင်သည့်အတိုင်းပင် မပန်းအိက ဧည့်ခန်းမှာအဆင်သင့်ထိုင်စောင့်နေသည်။ ထုံးစံအတိုင်းပြုံးလျက်..။ သွေးပျက်နေသောဗညားအဖို့ ရွေးချယ်စ ရာလမ်းမရှိတော့၍ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်ပစ်လှဲချလိုက်တော့သည်။ ပါးစပ်မှလည်း တောင်းပန် တိုလျိုးသံ၊ ညည်းသံ၊ အပြစ်တင်သံတို့ဖြင့် အစုံရေရွတ်နေသည်။

ဒေါ်ကြီးက တံခါးဝတွင်ပင်ရပ်နေသည်။ ရှေ့ဆက်တိုးမလာ။ မပန်းအိတစ်ယောက်သာ ဗညားအနီးသို့ ရောက် လာပြီး ဒူးတုပ်ထိုင်လိုက်သည်။ ဗညားကို ကရုဏာသက်စွာကြည့်လျက်..

"ကိုဗညား.. ကျမရှင့်ကို အစတည်းကမှာခဲ့သားပဲ။ ဘယ်မှမသွားဘဲ အခန်းထဲမှာပဲ အေးအေးသက်သာ အိပ်နေပါ လို့..။ အခုတော့ ရှင်ပဲအခုလိုသွေးပျက်နေရပြီ။ ရှင်ပဲတစ်ခုခုဖြစ်မှာလေ"

ဖျော့တော့စွာဖြင့် အသံပင်မထွက်နိုင်တော့သောဗညား မပန်းအိကို သေချာစိုက်ကြည့်ပြီး ဖြေးဖြေးချင်းမေးလိုက် သည်။

"မပန်းအိ.. မင်းတို့ဘာလိုချင်လို့လဲဟင်။ ကျနော်ဘာလုပ်ပေးရမလဲ..။ ကျနော် မင်းတို့အပေါ် ဘာများလုပ်မိလို့ လဲဗျာ။ ကျနော့်ကိုလွှတ်ပေးပါ..။ ကျနော့်ကိုအိမ်ပြန်ပို့ပေးပါ။ ကျနော့်ကိုဒီကနေ ထွက်သွားခွင့်ပြုပါနော်.."

"ကိုဗညားရယ်.. ရှင်အခုထိနားမလည်သေးပါလား။ ဒီနေရာကို သာမန်လူစင်စစ်တစ်ဦး ဘယ်လိုမှမမြင်နိုင်သလို ဘယ်လိုမှလည်း ရောက်လာနိုင်စရာအကြောင်းမရှိပါဘူး။ ကျမတို့ကလည်း ဘယ်သူ့ကိုမှ ဘာမှမလုပ်သလို အ ပြစ်မဲ့သူကိုလည်း လိုက်ပြီးမနှောင့်ယှက်ကြပါဘူးရှင်။ ရှင်အကူအညီလိုနေလို့ ကျမက သက်သက်ကူညီရုံပါ။ ဒါကြောင့်ရှင့်ကို မိုးရေထဲဒုက္ခရောက်နေတာထက်စာရင် အိမ်ထဲမှာအေးအေးသက်သာ နားရအောင်ကျမက စေတနာနဲ့ရှင့်ကို လာခေါ်တာပါ။ မဟုတ်ရင် ရှင်အဲ့ဒီကုက္ကိုလ်ပင်အောက်မှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်"

"ဗျာ.. မပန်းအိဘာပြောတာလဲ။ ကျနော်နားမလည်ဘူး။ ကျနော်ကဘာလို့နေရမှာလဲ.. မနက်မိုးလင်းလို့ အဝေး ပြေးလမ်းမပေါ်မှာကားသွားတားရင် ပြန်ရမယ့်ဥစ္စာကို။ မဟုတ်ဘူးလား"

"မဟုတ်ဘူး.. ရှင်ခုထိလက်မခံနိုင်သေးပဲကိုး။ ရှင့်ကိုယ်ရှင် လူတစ်ယောက်လို့ရှင်ထင်နေသေးတာလား။ ရှင်သေ ချာပြန်စဉ်းစားပါဦး။ ညက မိုးရွာကြီးထဲ ရှင်မူးမူးနဲ့ ကုက္ကိုလ်ပင်ကိုကားနဲ့ဝင်တိုက်လို့ ရှင်သေသွားပြီလေ"

"ဟားဟားဟား... မပန်းအိရယ်။ ကျနော့်ကိုမနောက်ပါနဲ့။ ကျနော်မရူးသေးပါဘူး။ လန့်သွားရုံပါ။ အခုကျနော်မ လန့်တော့ဘူး။ မပန်းအိတို့ကိုလည်း ကျနော်မကြောက်တော့ပါဘူး။ နော် .. ကျနော့်ကိုအိမ်ပြန်ပို့ပေးပါ"

"ခက်တော့တာကိုးရှင်.. ရှင်သေချာပြန်စဉ်းစားပါ။ ဒီညကပဲ ရှင်ကားမောင်းရင်း အရက်တွေသောက်လာတယ် မှတ်လား"

"ဟုတ်တယ်။ ကျနော်သောက်လာတယ်"

"အင်း.. ကျမရှေ့တင်ပဲ ရှင်ကားနဲ့ အဲ့ဒီကုက္ကိုလ်ပင်ကိုဝင်တိုက်ပြီး ပွဲချင်းပြီးသေသွားခဲ့တာ။ ဖြစ်ပြီးပြီးချင်းကားထဲ ကနေ ရှင်ထွက်လာတာပဲ။ ကျမအားလုံးကို အတိုင်းသားမြင်နေရတယ်။ ကျမတို့လို ဘ၀တူတစ်ယောက် တိုးလာ ပြန်ပြီလို့"

"ကျနော်ဒါတွေကို အယုံအကြည်မရှိဘူး မပန်းအိ။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဖြစ်လာစရာအကြောင်းမှမရှိတာ"

"အခုတကယ်ဖြစ်နေပြီပဲ.. ရှင်မယုံသေးဘူးလား။ ကောင်းပြီလေ။ မယုံရင် ရှင်ကိုယ်တိုင် ရှင့်အလောင်းကို ကား ထဲမှာသွားကြည့်နိုင်ပါတယ်။ ကျမ မတားပါဘူး။ ဒါပေမယ့် ရှင်အဲ့ဒီနေရာကို သွားပြီးရင် ကျမတို့ဆီဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒီမှာပဲ ရှင်အမြဲနေရလိမ့်မယ်။ မိုးရွာရွာ၊ နေပူပူ အဲ့ဒီအပင်ကနေ ရှင်ခွာခွင့်ရှိ မှာမဟုတ်ဘူး။ နောက်ထပ်ရူးရူးမိုက်မိုက် ရှင့်ဆီတိုးဝင်လာမယ့်သူကို ရှင်တစ်သက်လုံးမျှော်နေပေတော့။ ဒီတော့ ရှင်ကြိုက်တာ ရှင်ရွေးချယ်။ ရှင့်လွတ်လပ်ခွင့်နဲ့ရှင်ပါ။ အခွင့်အရေးဆိုတာ အမြဲတမ်းနှစ်ခါမလာတတ်ဘူးဆိုတာ တော့ ရှင်သိသင့်တယ် ကိုဗညား"

ဗညားတစ်ယောက် တွန့်ဆုတ်တွေဝေသွားသည်။ သူတကယ်ပင် သေသူဖြစ်သွားပြီလား။ သူတကယ် ကားနဲ့ တိုက်ခဲ့မိသလား။ ဒါဆိုအခုသူက ဘာလဲ။ သူဘာဖြစ်နေပြီလဲ။ ၀ိဉာဉ်လား၊ တစ္ဆေလား၊ ဘယ်ဘုံဘ၀မှာလဲ။ သူ ထွက်သွားပြီးကြည့်ရင် သူဘာဖြစ်မလဲ။ ဒီမှာပဲမပန်းအိပြောသလို နေသွားတော့မလား။ ဒီနေရာကရောဘာလဲ။ သေချာတာကတော့ မပန်းအိပြောတာ အမှန်တရားဟုတ်မဟုတ် သူ့ကားဆီသူပြန်သွားကြည့်ရင် သိရမှာပဲ။ အမှန်တရားရှိရာသွားမလား။ ဒီတိုင်းပဲဖြစ်ချင်ရာဖြစ်တစ်သက်လုံး ဒီမှာနေသွားရတော့မလား။ အနည်းဆုံးတော့ အမှန်တရားတစ်ခုကိုသိမြင်ခွင့်ရမယ့်အပြင် ကံကြမ္မာစီမံသလို သူနဲ့ထိုက်တန်တဲ့ နေရာမှန်ကိုသာ အမှန်ဧကန် သူရရှိမှာပဲ။ ကြမ္မာဖန်လာရင် ဘယ်အရာမဆို တမင်ဖန်တီးယူထားလို့မရမှန်း ဗညားသိတယ်။ မေးခွန်းပေါင်း မြောက်များစွာနှင့် မောပန်းလွန်းနေသော မိမိကိုယ်ကိုထိန်းရင်း မည်သည့်စကားမျှမဆိုဖြစ်ခဲ့တော့။

ကျယ်ပြန့်သော လယ်ကွင်းပြင်တို့ဆီမှ အဆီးအတားမရှိသောလေအဟုန်တို့ သူ့ခန္ဓာကိုယ်ကို အတိုင်းသားဖြတ် တိုက်နေသည်။ စပါးပင်တို့ယိမ်းနွဲ့ကခုန်နေကြသည်။ ဖားအော်သံ၊ ပုဇဉ်းရင်ကွဲအော်သံတို့ လွင့်ပျံ့နေသည်မှာ စည်းချက်ကိုက်ထားသည့်အလား။ လရောင်ကေ၀၀ါးစွာဖြင့် တိမ်တွေနောက်ကွယ်သို့ ပျောက်ကွယ်ပုန်းလျှိုသွား ပြီ။ မှောင်အတိတော့ကျမနေပါ။ အာရုံ၏အလင်းသဲ့သဲ့တို့က မနက်ခင်းငှက်တို့အော်သံများကို ဖြန့်ကျက်အလှ ဆင်ပေးနေသည်။ လယ်ကန်သင်းတစ်လျှောက် အထစ်အငေါ့၊ အယိုင်အလဲမရှိ ဗညားလမ်းလျှောက်လာနေ သည်။ လက်တစ်ဖက်က ဘောင်းဘီကိုမ၍ လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲလို့။ ဆုံးရှုံးမှု၊ တွေဝေမှု၊ ကြောက်ရွံ့မှုများကို နောက်ကွယ်ပြုလျက် လွတ်လပ်စွာလျှောက်လာနေသည်မှာ ပကတိပျော်ရွှင်ကြည်နူးမှုနှင့်။ သူဦးတည်နေသည်က အမှန်တရားတစ်ခုရှိရာသို့သာ....

**********
ပင်ပန်းကြီးစွာ လိုက်လံရှာဖွေနေခဲ့သော ထူးဆန်းသောရနံ့မှာ သူ၏ခန္ဓာကိုယ် ကိုယ်တိုင်မှဆိုသည်နှင့် ရဲရဲ တောက်နှင်းဆီနီနီတို့ အမှန်တကယ်ပင်တည်ရှိနေသလားဆိုသည်ကိုတော့ ဗညားတစ်ယောက် ဘယ်တော့မှမ သိရှိနိုင်တော့ပါချေ။ ။