Search This Blog

Wednesday, January 26, 2011

Nokia N8


အားသာချက် - Symbian 3 ကိုအသုံးပြုထားခြင်းကြောင့် ယခင် device များထက် user experience ကို ပိုမိုအဆင့်မြင့်စွာဖြင့်အသုံးပြုနိုင်စေပါတယ်။
ဓာတ်ပုံနဲ့ဗီဒီယိုတို့ကို အရည်အသွေးကောင်းမွန်စွာဖြင့် ရိုက်ကူးနိုင်မယ့်ကင်မရာပါဝင်လာပြီး T-Mobile နဲ့ AT&T တို့အတွက်လည်း 3G အထောက်အပံ့ပါဝင်လာပါတယ်။
အားနည်းချက် - User interface ကို အလွန်အဆင့်မြှင့်တင်ထားခြင်းကြောင့် အသုံးပြုရာတွင် အနည်းငယ်အခက်တွေ့စေနိုင်ပြီး QWERTY ကီးဘုတ်ကိုလည်း landscape mode အနေဖြင့်သာ အသုံးပြုနိုင်သည့်အပြင် ဖုန်းရဲ့ဘက်ထရီကိုလည်း အစားထိုးအသုံးပြုနိုင်ခြင်းမရှိပါဘူး။

Design
Nokia N8 ဟာ hardware တည်ဆောက်မှု အလွန်ကောင်းမွန်တဲ့စမတ်ဖုန်းဖြစ်ပါတယ်။ အရွယ်အစားကတော့ အလျား ၄.၄၇ လက်မ၊ အနံ ၂.၃၂ လက်မနဲ့ ထူ ၀.၅၁ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၂.၉၁ အောင်စဖြစ်တာကြောင့် ပါးလွှာပြီးသယ်ဆောင်ရလွယ်ကူစေသလို ဖုန်းကိုကိုင်တွယ်ထားတဲ့အခါမှာလည်း အဆင်ပြေလွယ်ကူစေပါတယ်။ ဖုန်းရဲ့ display ကတော့ ၃.၅ လက်မအရွယ် AMOLED touch screen ဖြစ်ပြီး အရောင် ၆.၇ သန်းကိုထောက်ပံ့ပေးနိုင်ကာ resolution 640x360 ဖြင့်ဖော်ပြပေးနိုင်ပါတယ်။ Built-in accelerometer ပါဝင်လာပြီး pinch-to-zoom ကို ထောက်အပံ့ပေးနိုင်ပေမယ့် ယင်း feature တွေရဲ့တုံ့ပြန်လုပ်ဆောင်ချက်များကတော့ တစ်သမတ်တည်းမရှိပါဘူး။ မက်ဆေ့ခ်ျများကိုရိုက်နှိပ်ရန်အတွက် onscreen ကီးဘုတ်ကို portrait နဲ့ landscape mode တို့ဖြင့်ရိုက်နိုင်ပေမယ့် QWERTY ကီးဘုတ်ကိုတော့ landscape mode ဖြင့်သာ အသုံးပြုနိုင်ပါတယ်။

Features
Nokia N8 မှာဆက်သွယ်မှုနံပါတ်များကို ဖုန်းရဲ့ memory ပမာဏအလိုက် သိမ်းဆည်းထားနိုင်ပြီး ဆက်သွယ်မှုတစ်ခုစီအတွက် ဖုန်းနံပါတ်များ၊ အလုပ်နဲ့အိမ်လိပ်စာများ၊ အီးမေးလ်လိပ်စာများ စတာတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှု (wireless) အတွက် Bluetooth 3.0, Wi-Fi 802.11b/g/n), GPS, five-band 3G support (WCDMA 850/900/1700/1900/2100) ဖြင့် အသုံးပြုနိုင်ပါတယ်။ အင်တာနက်အသုံးပြုရန်အတွက် WebKit အခြေခံ browser ပါဝင်လာပြီး Flash Lite 4.0 ဖြင့် အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ သီချင်းနားထောင်ရန်အတွက် MP3, WMA, AAC, eAAC, eAAC+, AMR-NB နဲ့ AMR-WB တို့ကိုထောက်ပံ့ပေးနိုင်တဲ့ music player ပါဝင်လာပါတယ်။ ဖုန်းရဲ့အကောင်းဆုံး feature ကတော့ 12-megapixel ကင်မရာဖြစ်ပြီး Carl Zeiss မှန်ဘီလူး၊ Xeon flash တို့ဖြင့်ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် HD ဗီဒီယိုကိုလည်းရိုက်ကူးနိုင်ပြီး HDMI port မှတဆင့် HDTV နဲ့ချိတ်ဆက်ကာဝေမျှနိုင်ပါတယ်။ သိုလှောင်မှုအတွက် internal memory 16GB ပါဝင်ပြီး expansion slot မှတစ်ဆင့် 32GB အထိ အသုံးပြုနိုင်ပါတယ်။

Performance
Nokia N8 ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာအနေဖြင့် 680MHz ARM 11 ကိုအသုံးပြုထားပြီး apps တွေကိုဖွင့်ခြင်း၊ ပြောင်းလဲအသုံးပြုခြင်းတို့မှာ အနည်းငယ်နှေးကွေးတာကိုတွေ့ရပါတယ်။ ဘက်ထရီကတော့ 1,200 mAh lithium ion ဖြစ်ပြီး ဖုန်းပြောဆိုမှုအတွက် ၁၂နာရီ (GSM), ၅.၈နာရီ (3G) နဲ့ အသင့်အနေအထားအတွက် ၁၆ ရက် (GSM), ၁၇ ရက် (3G) အကြာအသုံးပြုနိုင်ပါတယ်။

ံHTC Window phone 7


အားသာချက် - HTC HD7 မှာ ၄.၃ လက်မအရွယ် display တပ်ဆင်ပေးထားပြီး ဖုန်းရဲ့တည်ဆောက်ပုံကလည်းကျစ်လစ်ကာ kickstand ကိုလည်းထည့်သွင်းပေးထားပါတယ်။
Windows Phone 7 ကိုအသုံးပြုထားပြီး wireless option များဖြင့်အသုံးပြုနိုင်သည့်အပြင် HD ဗီဒီယိုရိုက်ကူးနိုင်တဲ့ 5-megapixel ကင်မရာနဲ့ 16GB internal memory တို့ပါဝင်လာပါတယ်။
အားနည်းချက် - Memory ကိုထပ်မံတိုးချဲ့နိုင်ခြင်းမရှိသလို စပီကာကလည်းအားနည်းချက်ရှိပါတယ်။ ထို့အပြင် touch screen ကလည်း နောက်ဆုံးပေါ် device များကဲ့သို့တောက်ပခြင်းမရှိပါဘူး။

Design
HTC HD7 စမတ်ဖုန်းရဲ့အရွယ်အစားဟာ အလျား ၄.၈ လက်မ၊ အနံ ၂.၇ လက်မနဲ့ အထူ ၀.၄ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၅.၇ အောင်စဖြစ်ပါတယ်။ ဖုန်းရဲ့တည်ဆောက်ပုံဟာကျစ်လစ်ပြီး လက်ထဲမှာကိုင်ထားတဲ့အခါလည်း သက်သောင့်သက်သာရှိစေပါတယ်။ ဖုန်းရဲ့ display အဖြစ် ၄.၃ လက်မအရွယ် touch screen ကိုတပ်ဆင်ပေးထားပြီး ယင်းဟာလက်ရှိ Windows Phone 7 ဖုန်းတွေမှာအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ ebook ဖတ်ရှုခြင်းတို့ကိုပြုလုပ်ရာမှာ အကျိုးကျေးဇူးရရှိစေမှာပါ။ ထို့အပြင် အ ရွယ်အစားကြီးမားတဲ့ကီးဘုတ်ဖြင့် အသုံးပြုနိုင်တာကြောင့် Samsung Focus နဲ့ HTC Surround တို့ထက် စာသားများကို ပိုမိုလျင်မြန်စွာဖြင့် ရိုက်နိုင်မှာဖြစ်ပါတယ်။ Touch
screen ရဲ့တုံ့ပြန်မှုဟာကောင်းမွန်ပြီး pinch-to-zoom နဲ့ scrolling တို့အတွက် အလွန်အဆင်ပြေစွာဖြင့် အသုံးပြုနိုင်စေပါတယ်။ Screen ဟာ 480x800 pixels resolution ဖြင့်ဖော်ပြပေးနိုင်တာကြောင့် ကြည်လင်တောက်ပပေမယ့်လည်း Samsung Focus မှာအသုံးပြုထားတဲ့ Super AMOLED screen ကဲ့သို့တောက်ပစွာဖော်ပြနိုင်ခြင်းမရှိပါဘူး။

Features
Operating system အဖြစ် Windows Phone 7 ကိုအသုံးပြုထားပြီး ဖုန်းရဲ့ feature များအဖြစ် quad-band world roaming, speakerphone, call waiting, call forwarding, conference calling, voice dialing, text and multimedia messaging တို့ဖြင့်အသုံးပြုနိုင်သလို 3G-capable, Wi-Fi (802.11b/g/n), Blue-tooth 2.1 နဲ့ GPS စတဲ့ကြိုးမဲ့စနစ်များဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ memory အဖြစ် 16 GB internal memory ပါဝင်ပေမယ့် expansion slot ပါဝင်လာခြင်းမရှိပါဘူး။ ကင်မရာအနေနဲ့ 5 mega-pixels ကင်မရာတပ်ဆင်ပေးထားပြီး resolution ခြောက်မျိုးဖြင့် ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရဲ့အရည်အသွေးကတော့ အကောင်းစားကြီးမဟုတ်ပေမယ့် အရောင်များကို ပုံမှန်အတိုင်းရရှိနိုင်စေပြီး outdoor ရိုက်ကူးတဲ့အခါမှာတော့ ပိုပြီးတိကျပြတ်သားတဲ့အရောင်များဖြင့် ရရှိနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးရာတွင်လည်း HD ဗီဒီယိုများကိုရိုက်ကူးနိုင်ပါတယ်။

Performance
HTC HD7 ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများကိုပြုလုပ်ရာတွင် နောက်ခံဆူညံမှုအနည်းငယ်ရှိပေမယ့်လည်း ခေါ်ဆိုမှုများကို အရည်အသွေးကောင်းမွန်စွာဖြင့် ကြားနိုင်စေပါတယ်။ ဒါပေမယ့် speakerphone ရဲ့အရည်အသွေးဟာကောင်းမွန်ခြင်းမရှိဘဲ volume ကိုအမြင့်ဆုံးတင်ထားရင်တောင်မှ အသံကို တိုးတိုးလေးသာကြားရမှာဖြစ်ပါတယ်။ 1GHz Snapdragon ပရိုဆက်ဆာနဲ့ 512MB ROM/576 MB RAM တို့ကိုတပ်ဆင်ပေးထားတာကြောင့် application တွေကိုဖွင့်ရာမှာတုံ့ဆိုင်းခြင်း၊ crash ဖြစ် ခြင်းမျိုးမရှိဘဲ ချက်ချင်းဆိုသလို ဖွင့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Xbox Live ဂိမ်းများကိုဖွင့်ရာမှာတော့ အနည်းငယ်နှေးပါတယ်။ ဘက်ထရီအနေနဲ့ 1,230 mAh lithium ion ကိုအသုံးပြုထားပြီး ဖုန်းပြောဆိုမှုအတွက် ၆.၅ နာရီအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၁၄.၅ ရက်အကြာအသုံးပြုနိုင်ပါတယ်။

မိဘတွေကိုယ်စားတောင်းဆိုလိုက်ပါတယ်။

အရင်တုန်းကတော့ မေ နဲ့ ဖေ ဟာ ကျွန်တော်  တို့ရဲ့ကောင်းကင်ကြီးပါ။
သူတို့က"တစ်"ဆိုရင် ကျွန်တော် တို့ က"နှစ်"လို့ မဆန့်ကျင်ရဲခဲ့ပါဘူး။ ဒါပေမယ့်
ခုချိန်မှာတော့ ကျွန်တော် တို့ ဘာပြောပြော သူတို့နားထောင်တော့တယ်၊
ကျွန်တော် တို့်ပြောသမျှ အမှန်ဖြစ်တယ်။ သူတို့ဟာ တစ်နေ့တခြား အိုမင်းလာပြီ။
အားကိုးမှီခိုဖို့ စရှာပြီ။ သူတို့တစ်သက်မှာ ပိုင်ဆိုင်တာဆိုလို့
ကျွန်တော် တို့ ပဲရှိတော့တယ်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။

 
"တစ်နှစ်မှာ ငါတို့ အိမ် (၅)ခေါက် ပြန်ဖြစ်တယ် ဆိုပါစို့ ။  မိဘတွေ အသက်(၁ဝဝ)ထိ
နေနိုင်ခဲ့ရင်တောင် ငါတို့မိဘတွေကို နောက်နှစ် (၄၀) ပဲမှီတယ်ထား ၊ သူတို့ကို အကြိမ်(၂ဝဝ)လောက်ပဲ
ငါတို့ တွေ့နိုင်တော့မယ်"တဲ့။ မိဘနဲ့ တွေ့ဆုံရချိန်က တစ်ဖြည်းဖြည်း
နည်းနည်းသွားပါပြီ။

တစ်နှစ်ကို ၆-၇ကြိမ်ပြန်ခဲ့တယ်ထားဦး။ ပြန်တိုင်းလည်း အလျင်စလိုသွား
အလျင်စလိုပြန်နဲ့ သူတို့နဲ့ စကားကောင်းကောင်း ပြောခဲ့ရတာနည်းတယ်။ သူတို့က ကျွန်တော့် တို့
ကို သူတို့နဲ့အတူအိမ်မှာ ကြာကြာနေစေချင်ကြတယ်။ သူတို့ရဲ့ ဒီလိုတောင်းဆိုမှု နည်းနည်းလေးကို
ကျွန်တော်တို့ မဖြည့်ဆည်းပေးနိုင်ခဲ့ကြဘူး။

မိဘတွေ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုရင် အိမ်ကို မကြာခဏ ဖုန်းဆက်ပါ။
သူတို့အတွက် အချိန်မိနစ်ပိုင်းလေး ပေးရတာ မခက်ခဲပါဘူး။ ချစ်သူအတွက်
အချိန်တစ်နာရီပေးနိုင်ရင် မိဘအတွက်လည်း အချိန်၅မိနစ် ပေးနိုင်ရပါမယ်။
ပြောစရာစကားမရှိလည်း ဒီနေ့ ဘာစားသလဲ? ဒီနေ့ဘာတွေ အလုပ်များသလဲ?လို့ အရင်က
ကျွန်တော်တို့ကို သူတို့မေးခဲ့တာတွေ ပြန်မေးပါ။ ထပ်ထပ်မေးခံရလို့
ကျွန်တော်တို့စိတ်ရှုပ်ခဲ့သလို သူတို့ရှုပ်လိမ့်မယ် မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ ဘဝအတွက်၊ ရှေ့ရေးအတွက်ဆိုတာတွေက သူတို့ကို
လျစ်လျူရှုစေတဲ့ အကြောင်းရင်းဖြစ်တယ်။ သူတို့အပေါ် ကျွန်တော်တို့
တင်ကျန်နေတဲ့အကြွေးတွေ အများကြီးပါ... ဒါတွေကို ဒီနေရာမှာ
တောင်းပန်လိုက်ချင်ပါတယ်.. "ခွင့်လွတ်ပါ ဖေဖေနဲ့မေမေရယ်" လို့...

မိဘမေတ္တာက တစ်ကိုယ်ကောင်းမဆန်ဘူး။ တုန့်ပြန်မှု မလိုလားဘူး။ သားသမီးတွေ
ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရတာ မလွယ်ကူဘူး။
သူတို့လုပ်သမျှ အရာအားလုံးဟာ သားသမီးတွေအတွက်ပဲဖြစ်တယ်။ ဒါကြောင့်
အချိန်ရရင် ဖုန်းဆက်ပါ၊ အိမ်ပြန်ပါလို့ မိဘတွေကိုယ်စား
တောင်းဆိုလိုက်ပါတယ်။

အမောပြေစားဖို့


 
 
 
 
 
 
 

Sunday, January 16, 2011

လူ့ဘ၀၏ လိုက်နာစရာလေးများ

၁။ လူ့ဘ၀၏ အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင်ဖြစ်သည်။

၂။ လူ့ဘ၀၏ အကြီးမားဆုံးသော ဆုံးရှူံးခြင်းသည် မိမိ၏မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀၏ အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိကိုယ်ကို လိမ်လည်နေခြင်းဖြစ်သည်။

၎။ လူ့ဘ၀၏ အကြီးမားဆုံးသော ၀မ်းနည်းခြင်းသည် မိမိ၏မနာလိုဝန်တိုသောစိတ်ကြောင်
့ဖြစ်သည်။

၅။ လူ့ဘ၀၏ အကြီးမားဆုံးသော မှားယွင်းမှု့လုပ်ရပ်သည် မိမိ၏စိတ်ဓါတ်ကျဆင်းခြင်းကြောင့် ဖြစ်သည်။

၆။ လူ့ဘ၀၏ အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိ၏စိတ်အားငယ်မှု့ ကြောင့်ဖြစ်သည်။

၇။ လူ့ဘ၀၏ အကြီးမားဆုံးသော ပြစ်မှု့ ပြုခြင်းသည် မိမိ၏
အနိုင်ကျင့်လိုသောစိတ်ဓါတ်ကြောင့်ဖြစ်သည်။

၈။ လူ့ဘ၀၏ အကြီးမားဆုံးသော လေးစားခံရခြင်းသည် မိမိ၏ ကြံခိုင်သောစိတ်ကြောင့်ဖြစ်သည်။

၉။လူ့ဘ၀၏ အကြီးမားဆုံးသောစီးပွားပျက်ရခြင်းသည် မိမိ၏ကိုယ်ပိုင်
အနာဂါတ်မျှော်လင့်ချက်
ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀၏ အကြီးမားဆုံးသော ချမ်းသာရခြင်းသည်
မိမိ၏ကျန်းမာရေး
ကောင်းမွန်သောကြောင့်ဖြစ်သည်။

၁၁။ လူ့ဘ၀၏ အကြီးမားဆုံးသော အကြွေးသံသရာဖြစ်ခြင်းသည် လုူမှု့
ရေးရာအကြွေးသံသရာဖြစ်သည်။

၁၂။ လူ့ဘ၀၏ အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိ၏ သည်းခံခွင့်လွှတ်တတ်သောစိတ်ဓါတ်ဖြစ်သည်။

၁၃။ လူ့ဘ၀၏ အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိ၏ အကြင်နာတရားမေတ္တာစိတ်ဓါတ်ဖြစ်သည်။

၁၄။ လူ့ဘ၀၏ အကြီးမားဆုံးသော ပီတိသည် အလှူဒါနပြုခြင်းဖြစ်သည်။

ကိုယ်ပိုင် Ringtone လေးတွေလုပ်ကြရအောင်

ကိုယ်ကြိုက်တဲ့ သီချင်းတွေ ကိုဖြတ်ထုတ်ပြီး ringtone လုပ်လို့ရပါတယ်........
အောက်မှာ အသုံးပြုပုံအဆင့်အဆင့်ကို ဖော်ပြထားတယ်နော်
အဲဒီ software ကို စ run လိုက်တာနဲ့  အရင်ဆုံး ဒီလိုလေးပေါ်လာလိမ့်မယ်..:)










Download From Mediafire:

Download From Ziddu:
http://www.ziddu.com/download/12496188/Ringtone_Maker_1.0.12_Build_...

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ



နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများအောက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ်ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။



အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်းနေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာစေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ
အသီးအရွက်တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံးသင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သားကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝ တားဆီးနိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်း နှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ
ဗိုက်တာမင် အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင် စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြသူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင် အီး နဲ့ စီ အားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ

အရိုးကျီးပေါင်းတက်ခြင်း -Spondylosis

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုတ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုတ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ “အုံးလွဲတယ်” ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-၀မ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ (Paresthesia) ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။

အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ Lifestyle ရောဂါလို့ ဆိုရမယ်။ ဒါ့ကြောင့် ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေး နိုင်တာတွေက Physiotherapy ကုတာနဲ့ (NSAIDs) အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် Surgery ခွဲစိတ်ရတယ်။

Alternative therapies တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။

အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ၀မ်းနုတ်တဲ့ သဘောလည်းပါတယ်။ ၀မ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထံ လှုတ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။ အရင်က “ပဒေါင်” အခု “ကယန်း” အမျိုးသမီးတွေ ဒီရောဂါ လုံးဝမဖြစ်ကြဘူး။

လိမ္မေ္မာ် သီး၏ဆေးဖတ်ဝင်ပုံများ

 လိမ္မော်သီးရဲ့ အသုံးဝင်ပုံ တစ်ချို့ ရာသီဥတု အကူးအပြောင်းတွင်ဖြစ်တက်သော အအေးမိနှာစေးချောင်းဆိုး
ခြင်းတို့အတွက် လိမ္မော်၇ည်တစ်ဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်
ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ ထို့နောက် ၄င်း ကို တစ်နေ့ (၃)ကြိမ်ချင့်ချိန်သောက်လျှင်
သက်သာပျောက်ကင်းစေနိုင်သည်။
ချောင်းဆိုးသူများ လိမ္မော်ရည်တစ်ခွက်ကိုလိမ္မော်ရွက် လေး၊ငါး၇ွက်
ခန့်နှင့်ဆူအောင်ကျိုးပြီးနောက်မီးဖိုမှချ၍ ငါးမိနစ်ခန့်အဖုံးအုပ်ထား
ပါ။ထိုနောက်အ၇ွက်များကို ဖယ်၇ှား၍ ပူနွေးနွေးအရည်ကိုတစ်နေ့
သုံးကြီမ်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို အခွံ့မနွှာပဲ
လေးဆိတ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍
နှုတ်မြိန်စေသည်။ယင်းသည် လေနာ၊လေချုပ်၊လေဆန်နာများကိုပျောက်ကင်း
စေနီုင်ပါသည်။
*သွေးလေညီညွတ်၍စိတ်ရွှင်လန်းဆေရန်အတွက်လိမ္မော်
ရွက်(၅၀)ခန့်ကိုဝိုင်နှင့်ဖြစ်စေ။ခေါင်ရည်နှင့်ဖြစ်စေနေ့
တစ်ဝက် စိမ်ပြီးနောက်ယင်းအရွက်များကို ပျားရည်(၅၀)
ကျပ်သား ထည့်ထားသောအိုးထဲသို့ပြောင်းထည့်ကာ
မီးမျှဉ်းမျှဉ်းဖြင့်အရောင်ပြောင်းလာအောင်ကျိုပါ။
ထို့နောက်တစ်နေ့နှစ်ကြိမ် တစ်ခါသောက် လ္ဘက်ရည်
ဇွန်းတစ်ဇွန်းခန့်သောက်ပါ။
ရောဂါပျောက်ကင်းသက်သာလာပါလိမ့်မည်။
ကလေးသူငယ်များ သူငယ်နာအကြောတက်၊ အကြောစွဲခြင်းများဖြစ်နေပါက
လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေ(၃)ပိသာာနှင့်တစ်ညစိမ် ၊နောက်တစ်နေ့
နံနက်တွင် ပေါင်းအိုးဖြင်ပေါင်း၍ ပေါင်းခံရည် စုထားပြီး ၄င်းကိုတစ်ခါသောက်
ထမင်းစားဇွန်းဖြင့်(၅)ဇွန်းမှ(၁၀)ဇွန်းခန့်နေ့စဉ် ရောဂါဖြစ်နေသောသူအား တိုက်ပေးလျှင် သက်သာ
ပျောက်ကင်းနိုင်ပါသည်။
အကြောအားနည်းခြင်း၊ မှတ်ဥာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်
ခြောက်ကို တစ်နေ့နှစ်ကြီမ်မှန်မှန် စားလျှင် အကြောအားကောင်း၍
မှတ်ဥာဏ်တိုးစေနိုင်ပါသည်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ

http://www.simplyclassicfruitbaskets.com/pic/fruit_festival_home.jpg

သစ်သီဝလံ များရဲ့ အခွံဟာ သင့်ရဲ့ အဟာရတွေကို ပိုမိုဖြစ်စေပါတယ်။ အခွံကိုစားခြင်းဖြင့် သင့်ရဲ့ စွမ်းအင်တွေကို ပိုမိုဖြစ်ထွန်းစေသလို ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်ပါတယ်။ အစားနဲ့ ကျန်းမာရေး Royal အဖွဲ့အစည်းမှ ဥက္ကဌဟောင်း ဖြစ်ခဲ့သူ ဒေါက်တာ Marilyn Glenville က သစ်သီးဝလံများနဲ့ ဟင်းသီးဟင်ရွက်တိုင်းမှာ သဘာဝတရားကပေးထားတဲ့ ရောဂါများကို တိုက်ဖျက်ဖို့အကျိုးဖြစ်ထွန်းစေတာတွေ ပါရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တခါမဟုတ်သလို တန်ဖိုးရှိတဲ့ အခွံတွေကို လွင့်ပစ်နေကြပါတယ်။ အညှာအပွင့်က အစ သစ်သီးများရဲ့ အူတိုင် အထိ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အရာတွေပါရှိနေပါတယ်။ (ဥပမာ - ပဒိုင်းသီးလို အသီးမျိုးထင်တယ် ဟဲဟဲ)အခုဒီမှာပြောခြင်တာကတော့ သင့်အနေနဲ့ အခွံကိုပါမလွင့်ပစ်ဘဲ အကုန်လုံးကို စားဖို့ တိုက်တွန်းလိုက်ပါတယ် လို့

ဒေါက်တာ Marilyn Glenville ပြောကြားခဲ့ပါတယ်။ (ဒူးရင်းသီး ဆိုရင်တော့လား)

ကီဝီသီး (Kiwi fruit)
ကီဝီသီး ရဲ့အခွံမှာ အမွှေးပါးလေးများပါရှိပါတယ်။ antioxidants (အောက်စီဂျင်ဖြင့်ပါဝင်ပေါင်းစပ်) တဲ့အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသလို၊ ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ နာကျင်ကိုက်ခဲမှုများကို လျော့ကျခြင်း နှင့် allergenic (အလက်ကြိတ်)များမဖြစ်အောင် တားစီးနိုင်ခြင်း များပါဝင်နေတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးပေါင်းများစွာကိုလည်း တိုက်ဖျက်နိုင်သလို ဖျားနာခြင်းများကို၎င်း၊ E-coli ဘက်တီးရီးယား နဲ့ အစာအဆိပ်တောက်ခြင်းများကိုလည်း တားစီးနိုင်ပါတယ်။


နာနတ်သီး (Pineapple)
နာနတ်သီးကို အခွံပါစားရမယ် ထင်ပြီး မကြောက်လိုက်ပါနဲ့ အခွံကိုတော့ မစားခိုင်းပါဘူး လွင့်ပစ်လိုက်ပါ။ အလယ်အူတိုင်ကိုစားဖို့အတွက် ပြောတာပါ။ နာနတ်သီးနှင့် အူတိုင်ကို စားခြင်းအားဖြင့် သင့်ခရီးသွားလို့ ပင်ပမ်းနွမ်းနယ်ပြီး အားအင်တွေ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးသလို ဗီတာမင် စီ ဓါတ်ကိုလည်းရရှိစေပါတယ်။ ခန္ဓာကိုယ်အတွင်း၌ အစာခြေ၊ ချက်မှု စသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်း တချို့က ထုတ်ပေးသည့်) ဓာတ်ပြောင်းအကူဒြပ်။ အင်ဇိုင်း များအတွက်များစွာအကျိုးဖြစ်ထွန်းခြင်း အစာခြေမှု့ကို ပိုမိုအားကောင်းစေခြင်းတို့ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစာခြေဖျက်မှု့ပိုကောင်းတာဖြစ်တယ်လို့ ဒေါက်တာ Glenville ဆိုပါတယ်။


ပန်းဂေါ်ဖီအစိမ်း (Broccoli)
ဒါကတော့ အရိုးရောအရွက်တွေပါ ဝါသနာပါရင် ထည့်ပြီး ကြော်ခြင်ကြော် ချက်ခြင်ချက် လို့ရပါတယ်။ သူကတော့ ကယ်လ်စီယံဓါတ်ကို မြင့်မားစွာရရှိစေပါတယ်။ (ကယ်လ်စီယံ ကွေကာ သောက်စရာမလိုဘူးပေါ့) နောက်ပြီး ဗီတာမင် စီ ဓါတ် ကိုလည်းရရှိစေပါတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်စေတယ်လို့လည်း ကျွန်တော်မျှဝေခဲ့ဘူးပါတယ်။ ဒီတော့ အရိုးအညှာတွေ အရွက်တွေကို ဝက် စာထဲမထည့်မဲ့အစား ကိုယ်ဘဲစားလိုက်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ

ငှက်ပျောသီးအခွံ (banana peel)
ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။

ကြက်သွန်ဖြူ (Garlic)
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။

ရှောက်သီး၊ သံပုရာသီး အမျိုးဝင်အသီးများ (Citrus)
လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other squashes)
သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။

အာလူး (Potatoes)
အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။

အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး

အဝတ်လျှော်ခြင်းဟာ ကျန်းမာရေးနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား။ တကယ်တော့ အများကြီးဆက်စပ်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့ အခါ စနစ် မကျမှုတွေနဲ့ မှားယွင်းတဲ့ နည်းလမ်းတွေကြောင့်
ရောဂါပိုးတွေနဲ့ ထိတွေနေရခြင်း၊ ဓာတ်မတည့် ဖြစ်ခြင်း၊ အရေပြား
ယားယံခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
သင်နဲ့ သင့်မိသားစု အပေါ်မှာ အဝတ်လျှော်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ
ဆိုးကျိုးတွေ မကျရောက်အောင် ကာကွယ်နိုင်မယ့် အကြံပြုချက် တွေကို
ဖော်ပြလိုက်ပါတယ်။

အနံ့ မပါတဲ့ ဆပ်ပြာကို ရွေးချယ်ပါ
ဘာကြောင့်လဲ- အရေပြားယားယံမှုကို ကာကွယ်နိုင်ပါတယ်။
သင်ဟာ သင့်အဝတ်တွေမှာ ပန်းရနံ့ ဒါမှမဟုတ် တခြားမွှေးရနံ့တွေ သင်းပျံ့ မွှေးကြိုင် နေတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင် သင်သိသင့်တာကတော့ ဒီလို
မွှေးရနံ့ တွေကို ဖြစ်စေတဲ့အရာတွေက ဓာတုပစ္စည်းတွေ သောင်းပြောင်းရောထားတယ်
ဆိုတာကိုပါ။ ဒီဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ယားယံစေ နိုင်ပါတယ်။
University of Washiongoton မှ သုတေသီတွေက လူကြိုက်များတဲ့
ဆပ်ပြာမှုန့်တစ်မျိုးမှ အငွေ့ပြန်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်း
၁၃မျိုးထုတ်လွှတ်တာကို တွေ့ရပါတယ်။ ဒီထဲက ငါးမျိုးဟာ သဘာဝ
ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ (EPA) က အဆိပ်အတောက် ဖြစ်တယ် ဒါမှမဟုတ်
အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေပါ။ “အဝတ်လျှော်ရာမှာ
သုံးတဲ့ ဆပ်ပြာမှုန့်နဲ့ အနံ့မွေးအောင်ထည့်တဲ့ အရည်တွေမှာ အာရုံကြော
အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့



ဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်” လို့ လေ့လာသူခေါင်းဆောင် Professor Anne
Steinemann ကဆိုပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုဟာ ခေါင်းတစ်ခြမ်းကိုက်
ရောဂါထခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အများအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေ အများစုက ဆပ်ပြာမှုန့်မှာပါတဲ့
သန့်ရှင်းစေတဲ့ အရာ (cleansing agent)တွေနဲ့ မဆက်စပ်ပါဘူး။



အနံ့ မွှေးအောင်ထည့်တဲ့ မွှေးရနံ့တွေနဲ့သာ ဆက်စပ်တာပါ။ ဒါကြောင့် မွှေးရနံ့နဲ့
အရောင်ဆိုးဆေးတွေ မပါတာကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲ။

အိပ်ရာခင်းတွေကို ရေပူနဲ့ ပြုတ်လျှော်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို နည်းစေပါတယ်။
သင်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်ပိုးတွေ အများအပြား ရှိနေပါတယ်။ ဒီပိုးတွေက ညမှာ သင့်အရေပြားက ကြွေကျတဲ့ ဆဲလ်သေတွေကို
စားသုံးပြီး ရှင်သန်နေကြတာပါ။ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှု လက္ခဏာတွေကို
ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ “ဖုန်ပိုးတွေဟာ အဝတ်အစားတွေနဲ့
ကော်ဇောတွေပေါ်မှာလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရာပေါ်မှာတော့ အများဆုံး
ရှိပါတယ်။ ဒါကြောင့် သင်ရဲ့ အိပ်ရာခင်းကို အပတ်စဉ် ရေပူနဲ့ ပြုတ်ပြီး
လျှော်ဖို့ အရေးကြီးပါတယ်။ လျှော်မယ့်ရေ



အပူချိန်က အနည်းဆုံး အပူချိန်က အနည်းဆုံး ၁၃၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်တယ်။
ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ပဲ လျှော်ရင်တော့ သူတို့ရေကူးလို့ ကောင်းရုံပါပဲ။
အဝတ်လျှော်စက်က အဝတ်ခြောက်ခန်းက အပူချိန်နဲ့လည်း ဒီပိုးတွေ
မသေနိုင်ပါဘူး”လို့ Standford မှ အဏုဇီဝပညာရှင် Robert Weitz က ဆိုပါတယ်။




အဝတ်လျှော်စက်ထဲမှ အဝတ်တွေကို အမြန်ဆုံးထုတ်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။
ဘက်တီးရီးယားတွေက စိုစွတ်နေတဲ့ နေရာမှာ ပေါက်ပွားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်ကို သုံးပြီး လျှော်ပြီးသွားတဲ့အခါ မိနစ် ၃၀ အတွင်း
အဝတ်အစားတွေကို ထုတ်ယူပါ။ တစ်နာရီကြာအောင် မထုတ်ဖြစ်လိုက်ဘူးဆိုရင်
ဒီအဝတ်တွေကို ပြန်လျှော်ပါ။ University of Arizona မှ သုတေသန တစ်ခုက အိမ်သုံးအဝတ်လျှော်
စက်တွေမှာ မစင်ထဲက ဘက်တီးရီးယားမျိုးတွေ ရှိနေတာကို တွေ့ရှိကြရပါတယ်။
ဒီပိုးတွေသေအောင် ရေပူနဲ့ လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင်
အဝတ်လျှော်စက်ထဲမှာ အဝတ်တွေကို ထည့်သင့်တာထက် ပိုပြီး အလွန်အကျွံ
ပြည့်အောင်မထည့်ပါနဲ့။ ဒါမှသာ ဆပ်ပြာမှုန့်တွေဟာ အဝတ်အထည်အားလုံးထဲကို
ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရေစိုအဝတ်တွေကို ဖယ်ပြီး



နောက်မှာလည်း သင့်လက်တွေကို ဆေးကြောပါ။ အဝတ်ခြောက်ခန်းက အပူချိန်က ကျန်တဲ့ပိုးတွေကို သတ်ပါလိမ့်မယ်။

အောက်ခံဘောင်းဘီတွေကို သီးသန့်လျှော်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။
မစင်ထဲက ဘက်တီးရီးယားပိုးတွေ အဝတ်လျှော်စက်ထဲမှာ ရှိနေတာက အောက်ခံ ဘောင်းဘီတွေကြောင့်ပါ။ ဒါကြောင့် အောက်ခံဘောင်းဘီတွေကို အဝတ်လျှော်စက်ထဲမှာ
သီးသန့်ထည့်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။ ရေပူကို သုံးရင်
ပိုကောင်းပါတယ်။ တစ်ပတ်တစ်ခါ အဝတ်လျှော်စက်ထဲကို ချွတ်ဆေးတစ်ခွက်ထည့်ပြီး အဝတ်တွေ မပါဘဲ သီးသန့်လည်ကာ ဆေးကြောပေးပါ။




အဝတ်လျှော်စက်ကို လေနဲ့ ခြောက်သွေ့အောင် လုပ်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို လျော့စေပါတယ်
မှိုပိုးတွေဟာ လေထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဝတ်လျှော်စက်အတွင်းက နေရာလိုမျိုး စိုစွတ်နေတဲ့ နေရာကို ရှာတွေ့သွားရင်
အဲဒီမှာ အခြေချပြီး ပွားများပါတော့တယ်။ မှိုတွေနဲ့ ထိတွေ့ခြင်းဟာ
ရင်ကျပ်ခြင်း၊ မျက်စိယားခြင်း၊ ချွဲသလိပ်ထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ပန်းနာရောဂါ ဒါမှမဟုတ် ဓာတ်မတည့် ဖြစ်တတ်တဲ့ ပြဿနာရှိရင် ရောဂါ
ထစေနိုင်ပါတယ်။ မှိုပိုးတွေ အဝတ်လျှော်စက်ထဲမှာ ပေါက်ပွားမှုနဲ့
သင့်အဝတ်တွေဆီကို ရောက်လာခြင်းမှ ကာကွယ်ဖို့ အတွက် အဝတ်လျှော်ပြီးတဲ့ အခါ
အဝတ်လျှော်စက် အဖုံးကို ဖွင့်ပေးထားပြီး အတွင်းထဲကို ခြောက်သွေ့ပါစေ။




အဝတ်လျှော်စက်ထားတဲ့ အခန်းကို လေဝင်လေထွက် ကောင်းနေပါစေ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာကို လျော့စေပါတယ်
အဝတ်ခြောက်ခန်းမှ စိုထိုင်းတဲ့ အပူဟာ လေထုစိုထိုင်းဆ အဆင့်ကို မြင့်စေတဲ့အတွက် မှိုတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့ အနေအထား တစ်ခု
ဖြစ်နေပါတယ်။ ဒါကြောင့် အဝတ်ခြောက်ခန်းကို စက်ဖွင့်ထားတဲ့ အခါ
ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပန်ကာ ဖွင့်ထားပါ။ အဝတ်ခြောက်ခန်းမှ
ပိုက်တွေကို စစ်ဆေးပါ။ လေဝင်လေထွက်ပေါက်က ချောင်လာရင် ရေငွေ့တွေဟာ နံရံမှာ
ကပ်ပြီးစုနေကာ မှိုတွေ ပေါက်ဖွားလာ နိုင်ပါတယ်။

သမ္ဗုဒ္ဓေ ဂါထာတော်ရွတ်ဆိုခြင်းအကျိုးကျေးဇူးများ

သမ္ဗုဒ္ဓေ ဂါထာတော် ဖြစ်စဉ်


သမ္ဗုဒ္ဓေ ဂါထာတော်ကို မည်သည့်ခေတ် မည်သည့်အချိန်က စတင် ပေါ်ပေါက်လာကြောင်း ပညာရှင်များ အတိအကျ ဆုံးဖြတ်ချက်မရှိချေ။ ယင်းဂါထာတော်ကို မည်သူရေးခဲ့ကြောင်းလည်း ယခုထိ မသိရသေးချေ။ သို့ရာတွင် ယင်းသမ္ဗုဒ္ဓေဂါထာပါဠိသည် သဒ္ဒါရေး အားဖြင့်လည်း အနေအထား ကောင်းမွန်ခြင်း၊ ဖွဲ့နွဲ့သီကုံးမူလည်း ချောပြေခြင်း စသောအချက်များကို အခြေခံကာ ပညာရှင်များက အဆိုပါ သမ္ဗုဒ္ဓေဂါထာကို လေးစားစွာ လက်ခံခဲ့ကြပေသည်။ ယင်းသို့ ပညာရှင် အဆက်ဆက်တို့ လက်ခံ ရွတ်ဆိုခဲ့ကြရာမှ ဗုဒ္ဓဘာသာဝင် အများစု နူတ်ဖျားသို့ ရောက်ရှိကာ ကျယ်ပြည့်စွာ ရွတ်ဆိုခဲ့ကြခြင်း ဖြစ်ပါသည်။


သမ္ဗုဒ္ဓေဂါထာပါဠိ


သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊

ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

နမာကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ၊

အနေကာ အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။


သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဆိုခြင်း၏အကျိုး


မြတ်လှစိန္တေ၊ သမ္ဗုဒ္ဓေဟု ဆူဝေကျော်ကြား၊ နိဒါန်းအားဖြင့်၊ ကွမ်းစားသတ္တော်၊ ခေါ်လျှင်ဒသ၊ သတ္တတြိန်း၊ ဆီလိမ်းပဉ္စ၊ စီးထလှေမှာ၊ ရှစ်ကြိမ်သာတည်း၊ နံ့သာပန်းမျိုး၊ ကိုးကြိမ်နိုးလော့၊ ချုပ်မိုးညဥ့်ခါ၊ အိပ်ရာဝင်မူ၊ ကိုးကြိမ်ဟူ၍၊ ရန်သူတွေမြောက်၊ ဆယ့်တစ်ခေါက်တည့်၊ စစ်ရောက်သောခါ၊ ရွတ်ပါကိုးကြိမ်၊ တည်ငြိမ်သန္ဓေ၊ မဖွားနေမူ၊ ရေမှာကိုးခေါက်၊ မန်း၍ သောက်က၊ ဖွားမြောက်ခဏ၊ ချမ်းသာရ၏၊ ခေတ္တနှောင်သွင်း၊ သံခြေကျင်းနှင့်၊ အပြင်းတိုက်လှောင်၊ တစ်ထောင်ရွတ်လေ၊ လွတ်ထွက်ပေ၏။ ပန်းမွေးချေက၊ ရွတ်လေနှစ်ခေါက်၊ ခရီးရှောက်ရာ၊ ခေါင်းမှာ တင်စိုက်၊ ရန်ဘေး နိုက်လည်း၊ မကြိုက်ကင်းပ၊ မြူမျှမလိမ်း၊ ကင်းလွတ်ငြိမ်း၏၊ ရှောင်တမိမ်းရောဂါ၊ ဗျာပါလည်းကင်း၊ သောကရှင်း၍၊ မင်းမင်းတကာ၊ ကြည်စွာမြတ်နိုး၊ ရေဖြည့်အိုးသို့၊ မညှိုးပန်းသွင်၊ နေ့တိုင်းပင်တည်း၊ ထွက်ဝင်ရဲရဲ၊ လူခပဲတို့၊ အံ့အဲ့စလောက်၊ ထွန်းတောက်ပ၀င်း၊ ပွင့်လင်းသာသနာ၊ ပွားကြောင်းရှာ၍၊ စန္ဒာလမင်း၊ ကောင်းကင်ချဉ်းသို့၊ ကောင်းခြင်း သမ္ဗုဒ္ဓေ၏အကျိုးတည်း။


လင်္ကာ၏ အဓိပ္ပာယ်


၁။ ကွမ်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၇)ခေါက်ရွတ်ဖတ်ပါ။


၂။ ထမင်းစားလျှင် သမ္ဗုဒ္ဓေဂါထာကို (၃)ခေါက်ရွတ်ဖတ်ပါ။


၃။ ခေါင်းလျှော်လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၀)ခေါက်ရွတ်ဖတ်ပါ။


၎။ ဆီလိမ်းလျှင် သမ္ဗုဒ္ဓေဂါထာကို (၅)ခေါက်ရွတ်ဖတ်ပါ။


၅။ လှေစီးလျှင် သမ္ဗုဒ္ဓေဂါထာကို (၈)ခေါက်ရွတ်ဖတ်ပါ။


၆။ နံ့သာလိမ်းခြင်း-ပန်းပန်ခြင်း၌ သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၇။ အိပ်ရာဝင်လျှင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၈။ ရန်သူနှင့် တွေ့လျှင် သမ္ဗုဒ္ဓေဂါထာကို (၁၁)ခေါက်ရွတ်ဖတ်ပါ။


၉။ စစ်ထိုးစစ်ဆင်ပြုရာတွင် သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက်ရွတ်ဖတ်ပါ။


၁၀။ မီးမဖွားနိုင်လျှင် ဤသမ္ဗုဒ္ဓေဂါထာကို ရေ၌ (၉)ခေါက်ရွတ၍တိုက်ပါ။


၁၁။ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရလျှင် သမ္ဗုဒ္ဓေဂါထာတော်ကို အခေါက်ပေါင်း (၁၀၀၀) တစ်ထောင်ရွတ်ဖတ်ပါ။


၁၂။ ခရီးသွားလျှင် ပန်းကို သမ္ဗုဒ္ဓေဂါထာဖြင့် အရံအတား ပြုသွားပါက ရန်ဘေး ကင်းသည်။ ရောဂါနှိပ်စက်မူမှလည်း ကင်းဝေးရသည်။ စိုးရိမ်သောက ဗျာပါရမူတို့မှလည်း ကင်းဝေးရသည်။


သမ္ဗုဒ္ဓေဂါထာတော် ရွတ်ဖတ်ရခြင်း၏အကျိုး


ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်ပါလျှင် မိမိဘ၀၌ ရေပြည့်အိုးပမာ တိုးတက်လျက်သာ ရှိနေမည်။ မညိုးသော ပန်းကဲ့သို့လည်း ရှိမည်။ ကောင်းကင်မှ လမင်းကြီး တင့်တယ်မူကဲ့သို့ တင့်တယ်မူမျိုးကိုလည်း ရမည်။


ဖော်ပြပါ အချက်တို့မှာ လင်္ကာ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ လက်တွေ့ မျက်မြင်သာဓကများကို အခြေခံကာ ရှေးပညာရှင်ကြီးများ စီရင်ထားခဲ့သော လင်္ကာဖြစ်ရာ ယင်းလင်္ကာ၌ပါသည့် အကျိုးတရားများ ရရှိအောင် ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် သမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ်ကြပါရန် ဖြစ်ပါသတည်း။

အရှင်ဝိသာရဒ(ရမ္မာဝတီ) ရေးစပ်သော ပဋ္ဌာန်း (၂၄) ပစ္စည်းအဓိပ္ပါယ်အကျဉ်းအလင်္ကာ

ပဋ္ဌာန်း (၂၄) ပစ္စည်းအဓိပ္ပါယ်အကျဉ်းအလင်္ကာ PDF Print E-mail


ဟေတုဆိုတာ ရင်းမြစ်တရားပေါ့

အာရုံများမတော့ အာရမ္မဏာ

ကြီးမှူးဖြစ်တာ အဓိပတိပေါ့

အခြားမဲ့မတော့ အနန္တရာ


သမနန်မှာ ကောင်းစွာအခြားမဲ့

တကွဖြစ်ရဲ့ သဟဇာ

အညမညာ ပြန်လှန်ဖြစ်၍

နိဿယဓလေ့ မှီခိုရာ ။


အားကြီးမှီရာ ဥပနိဿ်မို့

ရှေး၌ဖြစ်လို့ ပုရေဇာ

နောက်မှ ပစ္ဆာ / အာသေဝနတော့

အဖန်တလဲလဲ မှီဝဲတာ ။


ကမ္မဆိုတာ မျိုးစေ့ပေါ့ဗျ

ဝိပါကက အကျိုးပါ ။

ထောက်ပံ့ခိုင်တာ အာဟာရပေါ့

အစိုးရတော့ ဣန္ဒြိယာ


ဈာနဆိုတာ ကပ်ရှုရလို့

မဂ္ဂကတော့ လမ်းကြောင်းပါ ။

ယှဉ်ဖက်ဖြစ်တာ သမ္ပယုတ္တပေါ့

ဝိပ္ပယုတ်မတော့ မယှဉ်ပါ ။


အတ္ထိဆိုတာ ရှိသည်ဖြစ်လို့

နတ္ထိပေမို့ မရှိပါ ။

ဝိဂတမှာ ကင်းသည်ဖြစ်၍

အဝိဂတဓလေ့ မကင်းပါ ။


နှစ်ဆယ့်လေးဖြာ ပစ္စည်းတရားကို

မြတ်စွာဘုရားဟောခဲ့တာ ။

ချဲ့လျှင်မကုန် ချုံ့မလုံမို့

အထုံဓလေ့ ဖြစ်ဖို့ရာ ။

သင်ပါ မှတ်ပါ ကျင့်ကြပါကွဲ့

မပျင်းကြနဲ့ ထိုက်သင့်စွာ ။

လေ့လာ ကျင့်ပါ ။

ဒါတွေကို သင်ပိုင်ဆိုင်ပါစေ


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea046d954a0dca1a08c9bbfe312e5095504e806e0106d4cbfae763f546fc3280c9a7b3317d4c8f6ef23ca2615864
အခန်းကို ဘာအရောင်သုတ်မလဲလို့ မဆုံးဖြတ်ရသေးခင် ရိုးရှင်းပြီး ရှေးကျတဲ့ အဖြူရောင်ကို အရင်စမ်းသုတ်ကြည့်ပါ။ တစ်ခါတလေ ရိုးရှင်းပြီး ရှေးကျတဲ့နည်းလမ်းတွေက ဘေးကင်းလုံခြုံတဲ့ နည်းလမ်းဖြစ်တယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea046d837b7cebca08c9bbfe312e5095504e806f8104d75ad9a2c3b545cc37b049a7b3317d4c8f5ef23ca2615864
တစ်ပတ်မှာ တစ်နပ်လောက် ချွေတာပါ။ စားမယ်လို့ ရည်ရွယ်ထားတဲ့အစာကို ချို့တဲ့သူတွေအတွက် ပေးကမ်းစွန့်ကြဲပါ။ အစာကိုစွန့်နေချိန်အတွင်းမှာ တပြိုင်နက် မေတ္တာကိုလည်း သင်စွန့်နေပါတယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea046f12284e499a08c9bbfe312e5095504e806f010456e80ab15204c10c362539a7b3317d4c8f4ef23ca2615864
တကယ်လို့ ဖြစ်နိုင်ရင် ကလေးတွေကို (၁၆)နှစ်ပြည့်တာနဲ့ အလုပ်တစ်ခုရှိဖို့ အားပေးကူညီပါ။ ဒါဟာ လူ့ဘဝအရသာကို အချိန်စောပြီး သူတို့ ခံစားသိမြင်စေသလို အရာရာ ခက်ခဲကြောင်း သူတို့နားလည်စေပါတယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea058f711fece8fa08c9bbfe312e5095504e806ce107a4cbea627237040d429699a7b3317d4c8f3ef23ca2615864
ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို လက်ကိုင်ထားပါ။ ဒါဟာ အချစ်ကို ထာဝရလတ်ဆတ်စေသလို လူ့ဘဝကို ကြာရှည်ခံစေတဲ့အရာဖြစ်တယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea058eb32afcf81a08c9bbfe312e5095504e806c6105051a5a632274d4ecc580c9a7b3317d4c8f2ef23ca2615864
သားသမီးတွေကို အကောင်းဆုံးအရာမပေးနိုင်မှာကို စိတ်မပူပါနဲ့။ သူတို့အတွက် အကောင်းဆုံး"သင်"ကိုပဲ ပေးပါ။ ဒါဟာ သူတို့အလိုချင်ဆုံးအရာဖြစ်သလို သူတို့ရဲ့ အလိုအပ်ဆုံးလည်းဖြစ်ပါတယ်။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea05f8f11a4c293a08c9bbfe312e5095504e806de104b45879a7038656ef5785f9a7b3317d4c8f1ef23ca2615864
အမုန်းဆိုတာ အလွယ်တကူ ကူးစက်တတ်တဲ့ ခံစားချက်ဖြစ်တယ်။ ဒါကြောင့် အမုန်းကို စိတ်ထဲ အဝင်မခံပါနဲ့။ ဒီနေ့အထိ လူတွေ တိုးပွားလာရတာဟာ အမုန်းကြောင့်မဟုတ်ဘဲ အချစ်ကြောင့်ဖြစ်ပါတယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea05fce2c88be87a08c9bbfe312e5095504e806d6106a0caaf431427854e7755f9a7b3317d4c8f0ef23ca2615864
သက်ရှိတိုင်းက လေးစားထိုက်သူတွေပါ။ လေးစားမှုတွေ ရင်ဝယ်ပိုက်ပြီး သက်ရှိတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းဖို့ ကျွန်တော်တို့ ဆန္ဒပြုရအောင်...


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea05fcf2da3e9bfa08c9bbfe312e5095504e801a3106e4af1b02113464ed55c6d9a7b3317d4c8ffef23ca2615864
သူငယ်ချင်းကောင်းဆိုတာ သင်ရဲ့ကိုယ်ခွဲလေးပါ။ အဖော်ကောင်းတစ်ယောက် ပိုင်ဆိုင်တာဟာ လူ့ဘဝခရီးလမ်းမှာ သင့်ကို အထီးမကျန်စေပါဘူး။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea063d0378bbf88a08c9bbfe312e5095504e801e0106378b1a61321665cb0574b9a7b3317d4c8feef23ca2615864
ကတိဆိုတာ နှလုံးသားတစ်ခုက အခြားနှလုံးသားတစ်ခုကို သစ္စာပြုတာဖြစ်တယ်။ ဒါကြောင့် ကတိတည်ပါစေ။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea063f05abcbfb4a08c9bbfe312e5095504e801f810526fbbf42719485ed5286d9a7b3317d4c8f6f167d0318515864
အေးဆေးတည်ငြိမ်တဲ့ ညချမ်းတစ်ခုမှာ တစ်ယောက်တည်း မြက်ခင်းပေါ်လဲပြီး ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်ပါ။ စိတ်လည်း အပန်းဖြေဖို့လိုပါတယ်။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea063f11ab4f9bca08c9bbfe312e5095504e801f0103557a99a6b16574bdf455b9a7b3317d4c8f6f067d0318515864
အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချက်နှစ်ချက်လိုအပ်တယ်။ တစ်..အသင့်တော်ဆုံးလူကို ရှာယူပါ။ နှစ်.. အသင့်တော်ဆုံးလူဖြစ်အောင် ကြိုးစားပါ။ ဒီနှစ်ချက်မှာ တစ်ချက်ချက် မရှိလို့ မဖြစ်ဘူးဆိုတာ မြဲမြဲမှတ်ပါ။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea062893485ba9fa08c9bbfe312e5095504e801ce10794991af22387557e0444f9a7b3317d4c8f6f367d0318515864
လျှပ်တစ်ပြက်အောင်မြင်ဖို့ အချိန်(၁၅)နှစ် လိုအပ်တယ်။ အောင်မြင်ခြင်းရဲ့ တောက်ပမူကိုသာမြင်ပြီး မအောင်မြင်ခင် ကြုံတွေ့ရတဲ့ အခက်ခဲတွေကို လျစ်လျူမရှူလိုက်နဲ့။ တစ်ကြိမ်အောင်မြင်ဖို့ ကျဆုံးခြင်းတွေ အများကြီး စုပုံရပါတယ်။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea062d20088cfbda08c9bbfe312e5095504e801c6103964a5922d115356f53c089a7b3317d4c8f6f267d0318515864
အားလပ်ရက်မှာ နေ့တစ်ဝက်လောက် အချိန်ခိုးပြီး အနားယူ အိပ်စက်ပါ။ နိုးလာတဲ့အခါ သင့်စိတ်ဟာ မွန်းလွဲနေရောင်ခြည်လို ကြည်လင်တောက်ပနေလိမ့်မယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea07eed33afbc8fa08c9bbfe312e5095504e801de104654fcf23110506aef697d9a7b3317d4c8f6f567d0318515864
သင်မွေးနေ့မှာ သင်ကိုယ်တိုင် သစ်ပင်တစ်ပင်စိုက်ပါ။ သစ်ပင်ကို သင်နဲ့အတူ ရှင်သန်ကြီးထွားပါစေ။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea07ef717b7dbe9a08c9bbfe312e5095504e801d6103366bca1255f2740d36b6d9a7b3317d4c8f6f467d0318515864
ငယ်ရွယ်နုပျိုစဉ်မှာ ဓာတ်ပုံများများရိုက်ပါ။ အကောင်းဆုံးကာလကို ဘဝမှာ အမှတ်တရချန်ခဲ့ပါစေ။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea07efe5094d09da08c9bbfe312e5095504e800a3105405f9aa01446f68d26b7d9a7b3317d4c8f6f767d0318515864
တခြားသူက သင့်ကို ကတ် သို့မဟုတ် လက်ဆောင်ပေးတဲ့အခါ ကျေးဇူးတင်လွှာရေးပို့ဖို့ မမေ့ပါနဲ့။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea07d8f529ecca2a08c9bbfe312e5095504e800e0105f599db40a086f55b242759a7b3317d4c8f6f667d0318515864
ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea07dd52f9cc786a08c9bbfe312e5095504e800f810375dfb821e30476aa8226d9a7b3317d4c8f6f967d0318515864
များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့ နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။
Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea075f053ace884a08c9bbfe312e5095504e800f0106277a98b033b5374ca21089a7b3317d4c8f6f867d0318515864
မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea36b8f1088d9b7a08c9bbfe312e5095504e800ce106911a0951f01324bdf747d9a7b3317d4c8f5f167d0318515864
သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea36bd112afe084a08c9bbfe312e5095504e800c6107a5ab2ab36282649c678699a7b3317d4c8f5f067d0318515864
သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea36bdd2ab8d9b4a08c9bbfe312e5095504e800de10370f89ab721d7212e1525f9a7b3317d4c8f5f367d0318515864
စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန်းစားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea36bec09fefde8a08c9bbfe312e5095504e800d6106d7de5a12d23285eec566d9a7b3317d4c8f5f267d0318515864
သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d739239042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea305d434f5eea1a08c9bbfe312e5095504e803a310516eae8c10265142b242539a7b3317d4c8f5f567d0318515864
လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။


Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea305dc2fa8c1e5a08c9bbfe312e5095504e803e0106c4efca377117671d470759a7b3317d4c8f5f467d0318515864
တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea305ed15bae983a08c9bbfe312e5095504e803f8107154fea30c1c5964c6614f9a7b3317d4c8f5f767d0318515864
သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာ ထိုးထွင်းဖန်တီးနိုင်စွမ်းကို ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea305f03aaab389a08c9bbfe312e5095504e803f0107304ff972f355960cb776d9a7b3317d4c8f5f667d0318515864
အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea305f50cbac8a9a08c9bbfe312e5095504e803ce10490cfdb50a434513b5257d9a7b3317d4c8f5f967d0318515864
အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea347ec56a2d999a08c9bbfe312e5095504e803c6105958a7a10f244d72f7245b9a7b3317d4c8f5f867d0318515864
အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923b042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea3468b56a5d8bca08c9bbfe312e5095504e803de10530589973f1d4d63ca574b9a7b3317d4c8f4f167d0318515864
အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea346c32280c3e8a08c9bbfe312e5095504e803d610680ba5f931427851d5440c9a7b3317d4c8f4f067d0318515864
အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့ လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923c042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea346c821feeea0a08c9bbfe312e5095504e71da3105f74a3a822057d50e4254f9a7b3317d4c8f4f367d0318515864
နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလို တန်ဖိုးအရှိဆုံးလည်းဖြစ်တယ်။

Description: Description: Description: https://www.ztunnel.com/index.php/1010110A/677a4d73923a042edcf24ac850856463ed1b76e082c241be5cc49611415c4aebeaac4e1083c31ea346ea069addbba08c9bbfe312e5095504e71de0106e6b89af28117d48f540089a7b3317d4c8f4f267d0318515864
ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။