Search This Blog
Wednesday, May 11, 2011
ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။
ကင်ဆာရောဂါလို့ ဆိုလိုက်တာနဲ့ ၀မ်းနည်းဖွယ်ရာ နိဂုံးအတော်များများရှိနေတဲ့ လူတိုင်းလိုလို သတ်မှတ်ထားတဲ့ ရောဂါဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁.၅ သန်းရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ထို့ပြင် ကင်ဆာရောဂါနဲ့ သေဆုံးသူတွေဟာတစ်ရက်ကို အယောက် ၁၅၀၀ ခန့် ရှိပါနေတယ်။ တနည်းအားဖြင့် ဆိုရင်တော့သေဆုံးသူ လေးယောက်မှာ တစ်ယောက်ဟာ ကင်ဆာ ရောဂါကြောင့်လို့ဆိုရပါလိမ့်မယ်။
ဒါဆို အဲဒီလို ဆိုးရွားတဲ့ ကင်ဆာရောဂါဆိုးကြီးကို တိတိကျကျမသိရှိဘဲနဲ့မှန်းပြီး ကြောက်နေရမှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ ကင်ဆာရောဂါအများစုမှာ သက်ဆိုင်ရာ နေရာကိုလိုက်ပြီး ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတချို့ရှိပါတယ်။ ဒီအချက်လေးတွေကို သတိထားခြင်းဖြင့် ကိုယ့်မှာကင်ဆာရောဂါရှိနေမလား ဆိုတာကို သတိထားနိုင်ပြီး အချိန်မနှောင်းခင်မှာကျွမ်းကျင်တဲ့ ဆေးပညာရှင်များနဲ့ ပြသဆွေးနွေးပြီးတော့ လိုအပ်တဲ့ကုသမှုတွေကို ခံယူဖို့လိုအပ်ပြီလို့ ဆိုနိုင်ပါတယ်။
ကင်ဆာရောဂါမှာ တွေ့ရတတ်တဲ့ အချို့သော အချက်တွေဟာ တခြားရောဂါတွေမှာလည်းတွေ့နိုင်တာမို့ ဒီလက္ခဏာရှိတဲ့သူတိုင်းကို ကင်ဆာရောဂါဖြစ်နေပါပြီလို့ပြောလို့မရပါဘူး။ သို့သော် ဒီအချက်တွေကို တွေ့တဲ့သူတွေဟာ ကင်ဆာဖြစ်ဖို့အလားအလားရှိတဲ့ အုပ်စုမှာ ဆိုရင်တော့ ပိုမိုသတိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ဥပမာ ဆိုရရင်တော့ ဆေးလိပ်သောက်သုံးသူ၊ ဟော်မုန်းဆေးများသောက်သုံးသူ၊ ဓာတ်ရောင်ခြည်များနှင့် အလုပ်လုပ်ရသူ၊စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်သူ၊ ဓာတုဗေဒပစ္စည်းများကိုအစဉ်မပြတ်ကိုင်တွယ် သုံးစွဲနေရသူ၊ ကင်ဆာမျိုးရိုးဗီဇရှိသူနှင့်အသက်အရွယ်ကြီးရင့်သူစသည်ဖြင့်ပေါ့။
သတိထားမိသင့်တယ်ဆိုတဲ့ အချက်လေးတွေကတော့…
၁။ ချွဲသလိပ်များကြောင့် အသက်ရှုာကြပ်ခြင်း သို့မဟုတ် အသက်ရှုရပ်ခြင်း။
ဒီလက္ခဏာကို သာမန် အဆုတ်ရောဂါများမှာလည်း တွေ့နိုင်ပါတယ်။ထို့အပြင်
အဆုတ်ကင်ဆာရောဂါရဲ့ လက္ခဏာများထဲက တစ်ခုအနေနဲ့လည်း တွေ့နိုင်ပါတယ်။
ကာလကြာရှည်စွာ ချောင်းဆိုးခြင်း နဲ့ ရင်ဘတ်အောင့်ခြင်း၊ သွေးကင်ဆာ၊
အဆုတ်ကင်ဆာသမားတွေမှာ ဆိုရင်တော့ ချောင်းကို ဆိုးဆိုးရွားရွား
ဆိုးတာမျိုးတွေ တွေ့ရတတ်ပါတယ်။
၂။ မကြာခဏ ဖျားနာခြင်းနှင့် ရောဂါပိုးဝင်လွယ်ခြင်း။
ဖျားနာခြင်းဟာ ယေဘုယျ လက္ခဏာ တစ်ခုဖြစ်သလို ဒါဟာ သွေးကင်ဆာရဲ့ လက္ခဏာ
တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သွေးကင်ဆာ ဖြစ်ပွားသူတွေမှာ
ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်တဲ့ သွေးဖြူဥတွေကို ပုံစံပျက်စေပါတယ်။
ခုခံအားစနစ်မှာ ပုံစံမမှန်တဲ့ သွေးဖြူဥတွေကြောင့် ခုခံအားစနစ်ကို
ထိခိုက်စေပါတယ်။ ဒါကြောင့် သွေးကင်ဆာရှိသူတွေမှာ မကြာခဏ ဖျားနာတတ်တာ
ဖြစ်ပါတယ်။
၃။ အစားအသောက်များ မျိုချရာတွင် အခက်အခဲဖြစ်ခြင်း။
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကင်ဆာတချို့နဲ့ လည်ပင်း
ကင်ဆာတွေမှာ အစားသောက် မျိုချရတာ ခက်ခဲတတ်ပါတယ်။
၎။ သနံ အကြိတ်လေးများ ရောင်ရမ်းခြင်း (သို့မဟုတ်) လည်ပင်းပေါင်ခြံတို့မှအဖုအကြိတ်များ။
သနံကြိတ်လေးများ ရောင်ရမ်းခြင်းဟာ သနံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်မှု
မမှန်ကန်ခြင်းကို ဖြော်ပပါတယ်။ ဒါဟာ ကင်ဆာတစ်မျိုးမျိုးရဲ့ ရှေ့ပြေး
လက္ခဏာ ဖြစ်နေနိုင်ပါတယ်။
၅။ အတွင်းကြေအနာ ဆိုးဆိုးဝါးဝါးဖြစ်ခြင်း (သို့မဟုတ်) သွေးတိတ်ရန်ကြာမြင့်ခြင်း။
သွေးကင်ဆာဖြစ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ဘာကြောင့်လည်း
ဆိုတော့ သွေးဖြူဥနဲ့ သွေးဥမွှားတွေမှာ ပြဿနာရှိခြင်းကြောင့်လို့ပဲ
အကြမ်းဖျင်းပြောနိုင်ပါတယ်။
၆။ အလိုလို အားနည်းနေခြင်းနှင့် မောပန်းလွယ်ခြင်း။
ဒါကတော့ အမျိုးမျိုးသော ကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အကြောင်းပြချက်မရှိဘဲ
မောပမ်းလွယ်နေမယ်၊ အားနည်းနေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၇။ အစားအသောက်ပျက်ခြင်း။
“ငါ ဆာလဲ မစားဘူး။ စားလဲ မစားနိုင်ဘူး” ဆိုတဲ့ စကားသံများကို တခါတလေ
ကျွန်တော်တို့ ကြားရတတ်ပါတယ်။ ဒီလက္ခဏာကို သားအိမ်ကင်ဆာသမားတွေမှာ
တွေ့ရတတ်ပါတယ်။
၈။ တင်ပါးနှင့် ၀မ်းဗိုက်တစ်ဝိုက်တွင် နာကျင်ခြင်း။
လေပွခြင်းနှင့် တွဲပြီး ၀မ်းဗိုက်နှင့် တင်ပါးတ၀ိုက်တွင်
နာကျင်ကိုက်ခဲပါက သားအိမ်ကင်ဆာကို ထည့်ပြီး စဉ်းစားသင့်ပါတယ်။ ဒါ့အပြင်
ဝမ်းဗိုက်တ၀ိုက် နာကျင်ခြင်းဟာ ဆိုရင်ဖြင့် သွေးကင်ဆာကြောင့်
ထိခိုက်ခံရတဲ့ သရက်ရွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၉။ စအိုမှ သွေးကျခြင်းနှင့် ၀မ်းသွားရာမှာသွေးပါခြင်း။
လိပ်ခေါင်းနဲ့ စအိုကွဲနာတွေမှာ ၀မ်းသွားလျှင် သွေးပါတတ်သလို အူမကြီး နဲ့
စအိုကင်ဆာတွေမှာ တွေ့တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အိမ်သာမှာ
သွေးတွေ့ပြီဆိုတာနဲ့ ဆေးခန်းပြသင့်ကြောင်းနဲ့ လိုအပ်ပါက ၀မ်းစစ်ဆေးခြင်း၊
အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းများကို
လိုအပ်သလို လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။
၁၀။ အကြောင်းအရင်း ခိုင်ခိုင်မာမာမတွေ့ရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်း။
အူမကြီး၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတချို့မှာ ကိုယ်အလေးချိန်
ကျတတ်ပါတယ်။ အသည်းကို ပျံ့နှံ့သွားတတ်တဲ့ ကင်ဆာမျိုးတွေမှာလည်း
စားချင်စိတ်ကို လျော့နည်းစေတာကို တွေ့ရပါတယ်။
၁၁။ အစာအိမ်မှာ မသက်မသာခံစားရခြင်း။
အစာအိမ်နာခြင်း နဲ့ ဗိုက်အောင့်တတ်ခြင်းတွေကိုလည်း အူမကြီးကင်ဆာမှာ
တွေ့ရတတ်ပါသေးတယ်။
၁၂။ သားမြတ် နီရဲ ရောင်ရမ်း နာကျင်ခြင်း။
သားမြတ်ကင်ဆာသမားတွေမှာ ဒီလိုလက္ခဏာတွေကို တွေ့ရတဲ့အတွက် အဲဒီလို
အခြေအနေကို ကြုံလာခဲ့ပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်ကို သွားရောက်
ဆွေးနွေးသင့်ပါတယ်။
၁၃။ သားမြတ်ခေါင်း ပုံစံပြောင်းလဲခြင်း။
သားမြတ်ကင်ဆာကတော့ ဆရာဝန်ဆီ မရောက်ခင်ကတည်းက အမျိုးသမီးတွေ
သတိထားမိနိုင်တဲ့ အမျိုးအစားပါလို့ ပြောရင် မမှားပါဘူး။ သားမြတ်ခေါင်း
ပုံစံနဲနဲ ပြောင်းတာနဲ့ ရောဂါ ရှာဖွေရေးလုပ်သင့်ပြီဆိုတဲ့ အချက်ကိုတော့
မမေ့အပ်ပါဘူး။
၁၄။ ဓမ္မတာမမှန်တော့ခြင်း။
တခါတလေမှာ အချိန်အခါမဟုတ် ရာသီသွေးလာတာ ကိုတွေ့ရပါတယ်။ ဒါ့အပြင်
အလွန်အမင်း နာကျင်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ ဒါဟာဆိုရင်ဖြင့်
သားအိမ်နဲ့ဆိုင်တဲ့ ကင်ဆာတွေရဲ့ လက္ခဏာပါပဲ။ ဒါကြောင့်
ရောဂါရှာဖွေကုသနိုင်ဖို့အတွက် ဆေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်။
၁၅။ မျက်နှာ ရောင်ရမ်း ဖေါသွပ်ခြင်း။
တခါတရံ မျက်နှာမှာ ရောင်ရမ်းဖောသွပ်ခြင်းနဲ့ နီမြန်းခြင်းတွေကို
အဆုတ်ကင်ဆာရဲ့ ရှေ့ပြေး အနေနဲ့ တွေ့ရတတ်ပါတယ်။
၁၆။ အရေပြားတွင် အဖုအကြိတ်နှင့် အနီကွက်များ ပေါ်လာခြင်း။
အရေပြားမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်မဖြစ်ကို အမြဲတစေ
စောင့်ကြည့်နေဖို့လိုအပ်ပါတယ် ။ ဒါမှသာလျှင် အရေပြားနဲ့ဆိုင်တဲ့
ကင်ဆာအမျိုးမျိုးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၁၇။ လက်သည်းခြေသည်းခွံများတွင် ပြောင်းလဲခြင်း။
လက်သည်း ခြေသည်းများ ညိုမည်းလာခြင်းနှင့် အမည်းစက်လေးများ ပေါ်လာခြင်းကို
အရေပြားကင်ဆာတွေမှာ တွေ့ရပါတယ်။ လက်ချောင်းထိပ်လေးတွေမှာ
တင်းပုတ်ပုံစံကဲ့သို့ ကြီးလာခြင်းကတော့ အဆုတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုပါ။
ဒါ့အပြင် လက်သည်းခြေသည်း အရောင်များဖျော့ခြင်း၊ ဖြူခြင်းများကိုတော့
အသည်းကင်ဆာမှာ တွေ့ရတတ် ပြန်ပါတယ်။
၁၈။ ခါးနာခြင်း။
အသည်းကင်ဆာခံစားရသူ အများစုကတော့ ခါးနာတယ် လို့ပြောကြပါတယ်။ ဒါ့အပြင်
သားမြတ်ကင်ဆာသမားတွေမှာလည်း ခါးနာတာကို တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့
ကင်ဆာဆဲလ်တွေက နံရိုးတွေနဲ့ ကျောရိုးတွေကိုပါ ပျံ့နှံ့သွားနိုင်လို့ပါပဲ။
အမှန်တကယ်ကတော့ လူတိုင်းလူတိုင်း မိမိတို့ကိုယ်မှာ ဘာတွေ
ပြောင်းလဲနေတယ်ဆိုတာကို အစဉ်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
အားလုံး သိတဲ့အတိုင်းပါပဲ ရောဂါတစ်ခုဟာ စောစော သိတယ်ဆိုရင် ကုသရေးမှာ
အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ နောက်ထပ်သိထားသင့်တဲ့
အချက်ကတော့ ကျန်းမားရေးနဲ့ ညီညွတ်စွာ နေထိုင်တတ်ခြင်းဟာ ကင်ဆာရောဂါကို
ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ အိပ်ရေး၀၀အိပ်ခြင်း၊
သင့်တင့် မျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်း၊ မှန်မှန်လုပ်ခြင်းနဲ့
စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချခြင်းတို့ကို လုပ်ဆောင်ကြည့်ပါ။
အမှန်တကယ် အကျိုးရှိကြောင်း သိလာပါလိမ့်မယ်။
တကယ်ဆိုရင်တော့ ကင်ဆာရောဂါဟာ ကာကွယ်လို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့
ကင်ဆာရောဂါ အများစုဟာ အ၀လွန်မှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစာအဟာရ
ချို့တဲ့ခြင်းတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ နောက်ကျွန်တော်တို့ သတိမထားမိတဲ့
အချက်ကတော့ ဗိုက်တာမင်ဒီ ချို့တဲ့ခြင်းပါပဲ။ အခု သိလာရတဲ့
အချက်တစ်ခုကတော့ ဗိုက်တာမင်ဒီကိုသာ ကောင်းကောင်း ဖြည့်တင်းထားမယ်ဆိုရင်
ကင်ဆာရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်တစ်ခုပါပဲ။
ကင်ဆာရောဂါ ဖြစ်ပွားမှု့ လျော့နည်းအောင် ဘယ်လိုကာကွယ်မလဲ ...
၁။ ဗိုက်တာမင်ဒီ ပမာဏကို မလျော့ကျအောင်ထိန်းထားခြင်း။
အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ။ ဗိုက်တာမင်ဒီ ပမာဏကို လျော့ကျမနေအောင်
ထိန်းထားဖို့ လိုအပ်ပါတယ်။ ဆိုတော့ ဘယ်နည်းတွေနဲ့ ဗိုက်တာမင်ဒီကို
ရယူမလဲ။ အကောင်းဆုံးနဲ့ သဘာဝအကျဆုံးကတော့ နေရောင်ခြည်ကနေ ရယူခြင်းပါပဲ။
နေရောင်ခြည်ကို ထိတွေ့ခြင်းနဲ့ ကျွန်တော်တို့ဟာ ဗိုက်တာမင်ဒီကို
ရယူနိုင်ပါတယ်။ မလုံလောက်ခဲ့ရင်တော့ ဗိုက်တာမင်ဒီ ပါတဲ့ ဆေးဝါးများကနေ
တဆင့် ဗိုက်တာမင်ဒီ ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။
၂။ အ၀လွန်မှုမှ ကာကွယ်ခြင်း။
နောက်တစ်ခုကတော့ ကာဗိုဟိုက်ဒြိတ် ပမာဏကို တက်စေမယ့် ဆန်၊ ပြောင်း၊ အာလူး
စတာတွေကို တတ်နိုင်သလောက် လျှော့စားဖို့ပါပဲ။ ဒီအစားသောက်တွေဟာ
အ၀လွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ကင်ဆာဟာ အ၀လွန်မှုနဲ့
ဆက်စပ်နေတဲ့အတွက် ဒီအစားအသောက်တွေကို လျှော့ချခြင်းအားဖြင့်
ကင်ဆာရောဂါဖြစ်ပွားနိုင်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
၃။ လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း။
လေ့ကျင့်ခန်း မှန်မှန်လုပ်မယ်ဆိုရင်တော့ ကင်ဆာရောဂါကို
အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့
လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် အ၀လွန်မှုကနေ ကာကွယ်ပေးတဲ့ အပြင် ဆဲလ်ထဲက
ဆက်သွယ်ရေးစနစ်ကိုပါ ကောင်းမွန်စေတဲ့အတွက် ထိရောက်တဲ့ ကာကွယ်နည်း
တစ်ခုလို့ ဆိုနိုင်ပါတယ်။
၎။ မျှတစွာစားသုံးပြီး အိပ်ရေးဝအောင် အိပ်စက်ခြင်း။
ကင်ဆာရောဂါကို အဓိက ကုသတဲ့ ဆေးရုံတစ်ခုကနေ လုပ်ထားတဲ့ သုသေသန တစ်ခုအရ
ကျန်မာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး အိပ်စက်ချိန် မှန်ကန်ခြင်းဟာ
ကင်ဆာရောဂါကို ထိန်းချုပ်နိုင်တဲ့ နည်းတစ်ခုပဲဖြစ်တယ်လို့ သူတို့က
အခိုင်အမာ ဆိုပါတယ်။
၅။ အဆိပ်တောက်များ ဓါတုဗေဒပစ္စည်းများမှ တတ်နိုင်သမျှရှောင်ရှားခြင်း။
ဖြစ်နိုင်သမျှတော့ အဆိပ်တောက်ဖြစ်စေသော အရာများမှ ရှောင်ရှားသင့်ပါတယ်။
ဥပမာဆိုရရင်တော့ ပိုးသတ်ဆေးများ၊ လေထုညစ်ညမ်းခြင်း၊
အိမ်သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒဆေးများပါပဲ။
ု၆။လက်ကိုင်ဖုန်း အသုံးပြုမှုကို လျှော့ချုခြင်း။
လက်ကိုင်ဖုန်းတွေဟာ ဓာတ်ရောင်ခြည်ဖြာထွက်မှုကို ဖြစ်စေတဲ့
အကြောင်းတစ်ချက်ပါပဲ။ ဓာတ်ရောင်ခြည် ဖြာထွက်မှုဟာ ကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်တဲ့ အတွက် တတ်နိုင်သလောက် လက်ကိုင်ဖုန်း အသုံးပြုမှုကို
လျှော့ချသင့်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ် ဆိုရင်တော့ ကင်ဆာရောဂါ
ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို တော်တော်လေး တားဆီး ပေးနိုင်ပါလိမ့်မယ်။
ကင်ဆာဖြစ်လာရင် ဘာလုပ်ကြမလဲ.....
ကင်ဆာ ဖြစ်လာပြီဆိုရင်တော့ ကင်ဆာရောဂါကို ကျွမ်းကျင်တဲ့
ဆရာဝန်များနဲ့ပြသပြီး ဓာတုဗေဒ ဆေးသွင်း ကုသခြင်း (chemotherapy)၊
ဓာတ်ရောင်ခြည်ပေး ကုသခြင်း (radiation therapy) နဲ့ ခွဲစိပ်ကုသခြင်း
(surgical operation) များကို လိုအပ်သလို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ
ကင်ဆာ မဖြစ်အောင် ကာကွယ်ကြပါစို့။
(ဆရာတော် ဦးဇောတိက ၏ MP3 တရားများ)
    မဟာမြိုင်ဆရာတော် ဦးဇောတိက ဟောကြားတော်မူသောတရားများ
(၁)ပထမပိုင်း
(၂)ဒုတိယပိုင်း
(၃)တတိယပိုင်း
(၄)စတုတ္တပိုင်း
ဗုဒ္ဓဘုရားရှင်၏ အံ့ဖွယ်(၁၈)ပါး
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြ
iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
Appleကုမ္ပဏီသည် ဈေးကွက်တွင် လက်ရှိအောင်မြင်နေသည့် iPhoneထက် ပိုသေးပြီး ပိုလည်းဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ Prototype မျိုးစပ်နည်းပညာကို အသုံးပြုလာမည့် iPhoneအသစ်သည် ဒေါ်လာ(၂၀၀)၀န်းကျင်သာ ဈေးနှုန်းကျသင့်ဖွယ် ရှိနေကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့သည်။ Android OSသုံး ဖုန်းများသည် မိုဘိုင်းလ်ဖုန်း ရောင်းချမှု ဈေးကွက်၏ (၃၂.၉)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားချိန်တွင် iPhone၏ ဈေးကွက်ဝေစုက (၁၆)ရာခိုင်နှုန်းမျှသာ ရှိနေခြင်းကြောင့် Appleက ယခုခြေလှမ်းကို စတင်လာခြင်း ဖြစ်ဖွယ်ရှိသည်။ iPhoneအသေးစား ထုတ်လုပ်ရောင်းချမည့် စီမံကိန်း၏ နောက်ကွယ်တွင် ကျန်းမာရေးကြောင့် Apple၏ CEOရာထူးမှ ဆေးခွင့်တင်ကာ အနားယူနေသည့် စတိဗ်ဂျော့ဘ်က အခရာအဖြစ် ပါဝင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ကုမ္ပဏီ၏ စီမံကိန်းများနှင့် ပတ်သက်လျင် အလွန်လျှို့ဝှက်လေ့ရှိသော ထုံးစံအတိုင်း Appleက ယခုသတင်းကို တစုံတရာ ထင်မြင်ချက် မပေးသေးချေ။ Appleသည် ၎င်းတို့၏ နာမည်ကျော် Tabletကွန်ပျူတာ iPad၏ ဒုတိယမျိုးဆက်ကိုလည်း စတင်ထုတ်လုပ်နေပြီး မကြာမီ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media
ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media စမ်းသပ်
အရည်အသွေးမြင့် ရုပ်ရှင်တစ်ကား သို့မဟုတ် ဗီဒီယိုဂိမ်းတစ်ခုကို ၅၅ စက္ကန့်အတွင်း download ရယူနိုင်မည်ဖြစ်
Posted on Apr 21 11 - 12:42 AM | Hits : 685
ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media စမ်းသပ်
ဆက်သွယ်ရေးနှင့် မီဒီယာကုမ္ပဏီကြီး Virgin Media က ကမ္ဘာ့အမြန်ဆုံး အင်တာနက်စနစ်ကို စမ်းသပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ 1.5 gigabytes per second အထိ အမြန်နှုန်းရှိသော အင်တာနက်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း Virgin က ဆိုသည်။ အဆိုပါ အမြန်နှုန်းမှာ Virgin Media ၏ လက်ရှိအင်တာနက် အမြန်နှုန်းဖြစ်သည့် 100 megabytes per second ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ပြီး ဗြိတိန်နိုင်ငံ၏ ပျမ်းမျှ အင်တာနက်အမြန်နှုန်းထက် အဆပေါင်း ၂၄၀ ပိုမြန်မည် ဖြစ်သည်။ Virgin Media မှ ဆောင်ရွက်သွားမည့် အင်တာနက်မြန်နှုန်းသစ်အရ အသုံးပြုသူများမှာ အရည်အသွေးမြင့် ရုပ်ရှင်တစ်ကား သို့မဟုတ် ဗီဒီယိုဂိမ်းတစ်ခုကို ၅၅ စက္ကန့်အတွင်း download ရယူနိုင်မည် ဖြစ်သည်။ ထိုအင်တာနက်စနစ်ကို ဧပြီလအတွင်း လန်ဒန်ရှိ ကုမ္ပဏီလေးခုတွင် စတင်အသုံးပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် နေအိမ်များတွင်ပါ တပ်ဆင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာယူနီကုဒ်
မကြာသေးမီက အွန်လိုင်းမှ အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိသော ယူနီကုဒ်ဖောင့် အသစ် တစ်မျိုးဖြစ်သည့် ဧရာယူနီကုဒ်မှာ လက်ရှိ တွင် ရယူ သုံးစွဲသူ တစ်သိန်းကျော်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အင်တာနက် အသုံးပြုသူများအတွက် အဓိက ရည်ရွယ်ထုတ်ထားသော ဧရာယူနီကုဒ် ၆ ဒဿမ ၀ ဗားရှင်းသည် နိုင်ငံတကာအက္ခရာ ရေးထုံးစနစ်တွင် အံဝင်စေသဖြင့် စံလွဲသည့်ပြဿနာမရှိဟု ဆိုထားပြီး ကွန်ပျူတာစနစ်ဖြင့် သိုမှီးထားသော အချက်အလက်များ ပြန်လည်ရှာဖွေရန် လွယ်ကူစေခြင်း အင်တာနက် သုံး စွဲရာတွင် စာလုံးပုံစံများ မှန်ကန်တိကျစွာ မြင်ရစေခြင်းတို့ရှိကြောင်း ယင်းအဖွဲ့က ဆိုထား သည်။
“လောလောဆယ်ဧရာက အင်တာနက်သုံးတဲ့ သူတွေအတွက် တော်တော်အဆင်ပြေတယ်။ သူ့လက်ကွက်တွေက ဇော်ဂျီနဲ့ သိပ်မကွာတော့ သုံးရတာ အသုံးပြုသူတွေအတွက် အခက် အခဲကြီးကြီးမားမား မရှိလောက်ဘူး” ဟု ယင်းဖောင့်ရယူသုံးစွဲနေသူ တစ်ဦးက ပြောသည်။
ဧရာယူနီကုဒ်အဖွဲ့သည် Ayar Converter, Ayar Dictionary တို့ကိုလည်း ထုတ်လုပ်ထား ပြီး နောက်ပိုင်း တွင် အွန်လိုင်းသုံးစွဲသူမျာ အထောက်အကူဖြစ်မည့် Application များ ထုတ်လုပ်သွားရန် ရှိကြောင်း သိရသည်။
CD ပြားတွေကို MP3 ကူးယူမယ်"
CD ပြားတွေကို MP3 ကူးယူနိုင်တဲ့ဆော့ဝဲလေးပါ
                 ဒီနေရာမှာဒေါင်းယူပါ
အဆင့်(၁) ဆော့ဝဲကိုဖွင့်လိုက်ပေါ့
အဆင့်(၂) စက်ထည်းကို CD ပြားထည့်လိုက်ပါနော်
CDပြားထည့်ပြီးရင်အောက်မှာမြင်ရတဲ့အတိုင်း သီချင်း Track လေးတွေပေါ်လာမယ်ဒါဆိုရင်တော့
အဆင့်(၃) စမယ် အနီရောင်နဲ့ဝိုင်းပြထားတဲ့နေရမှာကလစ်နှိပ်လိုက်ပါ .
အဆင့်(၄)ပုံမှာမြင်ရတဲ့အတိုင်း Continue မှာကလစ်နှိပ်လိုက်ပါ
.ဒီပုံကတော့ ကူးယူလိုက်တဲ့သီချင်းတွေကို ပြထားတဲ့နေရာတွေမှာ
လိုက်လံရှာဖွေလိုက်ပါ
Laptop Computer၈ လုံး ကို Monitor Screen (သို.) Projector ပေါ်သို. တစ်လှည့်စီ ပြောင်းလဲပြီး Output ထုတ်ပေးနိုင်သော Device
Wednesday, April 27, 2011
Share |
VS-881 Video Switch
VS-881 Video Switch
    * VS881 Video Switch မှာ Desktop ကွန်ပျူတာ (သို.) Laptop ကွန်ပျူတာ ၈ လုံး ကို Monitor Screen (သို.) Projector ပေါ်သို. တစ်လှည့်စီ ပြောင်းလဲပြီး Output ထုတ်ပေးနိုင်သော Device ဖြစ်ပါတယ်။ Remote Control ပါသောကြောင့် Presentation လုပ်ရာမှာ လွယ်ကူစွာ ကွန်ပျူတာ တစ်လုံးမှ တစ်လုံးသို. ပြောင်းရွေ.နိုင်ပါတယ်။ Organization များနဲ. Education Center များအတွက် လူတစ်ဦးထက် ပို၍ Presentation ပြုလုပ်ရာတွင် အသုံးဝင်တဲ့ ATEN ရဲ. Van Cryst Video Switch ဖြစ်ပါတယ်။
ထူးခြားသော LCD နည်းပညာများဖြင့် iPhone 6 ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်
iPhone 5 Rumors Give Way to iPhone 6 Rumors
iPhone 5 Rumors Give Way to iPhone 6 Rumors
သင့်အနေဖြင့် iPhone 5 ထွက်ရှိမည်ဟူသော သတင်းများကို 0x158င်း၏ ကင်မရာ အရည်အသွေးနှင့် အခြား Feature များအထိ သိရှိနေပြီဖြစ်သော်လည်း ယခုထွက်ရှိမည်ဟု သတင်းထွက်နေသည်မှာ iPhone 5 မဟုတ်တော့ပဲ iPhone 6 ပဲဖြစ်ပါတယ်။
iPhone 6 ထွက်ရှိမည်ဟူသော သတင်းအား ဂျပန်နိုင်ငံရှိ Nikkan သတင်းစာမှ ဖော်ပြခဲ့ပြီး သတင်း၌ ဖော်ပြထားချက်အရ iPhone 6 တွင် low-temperature polysilicon နည်းပညာခေါ် ဖုန်း၏ LCD အား ပါဝါအသုံးပြုမှု အနည်းပါးဆုံးနှင့် အပူချိန်အသက်သာဆုံးဖြစ်သော pi-Si LCD နည်းပညာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် Appleinsider ၏ ဖော်ပြထားချက်များအရ အဆိုပါpi-Si LCD မှာ ထုတ်လုပ်သူများကို optical sensor များ၊ signal processor များနှင့် အခြား ဆားကစ်များကို မှန်ပြားပေါ်တွင် Layer တစ်ခုအဖြစ် ထားရှိသွားစေနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
iPhone 6 အတွင်း အဆိုပါ LCD နည်းပညာ အသုံးမပြုခင် ပထမဆုံးအသုံးပြုသွားမှာကတော့ Sharp မှ ဖြစ်ပြီး 0x158င်း၏ နောက်ထုတ်လုပ်မည့် Screen မျက်နှာပြင်တိုင်းတွင် pi-Si LCD အား အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
ယခုအချိန်ထိတွင် iPhone 6 အား ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများသာ ထွက်ရှိနေသေးပြီး iPhone 5 နှင့် iPhone 6 တို့အား ကောလဟာလများထွက်ရှိထားသည့်အတိုင်း အမှန်တကယ် ထွက်ရှိလာ မလာစောင့်ကြည့်ရမှာအမှန်ပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Thursday, May 5, 2011
ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါ
 အဲဒီနှစ်က သူမ(၁၆)နှစ်
ပထမဆုံးအကြိမ် ကောင်လေးတစ်ယောက်ကို သူမ စစိတ်ဝင်စားခဲ့တယ်။ အဲဒီကောင်လေးက သန့်ပြန့်တဲ့ရုပ်ရည်နဲ့ အရပ်သိပ်မမြင့်ဘူး။ ဒါပေမယ့် ဘောလုံးကစားတာကို သူဝါသနာပါတယ်။ သူ့အသံကသြပြီး အက်ရှတယ်။ စာတော်ပြီး အခန်းထဲမှာ အမြဲပထမရတယ်။ အဲဒီခေတ်တုန်းက ငယ်ရွယ်တဲ့အချစ်ကို လူတွေအပြစ်မတင်ကြသလို မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ချစ်ကြောင်းစဖွင့်ပြောလဲ သတင်းတစ်ပုဒ်ဖြစ်နိုင်တော့တဲ့ ကာလမဟုတ်ပေမယ့်လည်း သူ့ကိုဖွင့်ပြောမယ်လို့ သူမ ဘယ်တော့မှ တွေးမထားခဲ့မိဘူး။ အဝေးကနေပဲ သူ့ကိုငေးကြည့်နေရရုံနဲ့တင် သူမကျေနပ်ခဲ့တယ်။
သူနဲ့ လမ်းတစ်နေရာမှာဆုံမိပြီး နှုတ်ဆက်ရရင် သူမအရမ်းပျော်တတ်တယ်။ သူဘောလုံးကစားတာကို ကြည့်ချင်လွန်းလို့ ကျောင်းဆင်းလည်း အိမ်မပြန်ဘဲ ကစားကွင်းဘေးမှာ တစ်ပတ်ပြီးတစ်ပတ် သူမ အပြေးလေ့ကျင့်နေတတ်တယ်။
စက္ကူကြယ်လေးတွေ သူမခေါက်သင်ပြီး နေ့တိုင်း စက္ကူလေးတွေပေါ်မှာ သူ့ကိုပြောချင်တဲ့စကားလုံးတွေ ချရေးပြီး စက္ကူကြယ်လေးတွေ သူမခေါက်ခဲ့တယ်။ ကြယ်လေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး သူမသိမ်းခဲ့တယ်။ သူနှစ်သက်မယ့် မိန်းကလေးမျိုးက နူးညံ့သိမ်မွေ့ပြီး ဖြောင့်စင်းမည်းနက်တဲ့ဆံပင်နဲ့ အရည်လဲ့ဝိုင်းစက်နေတဲ့ မျက်လုံးပိုင်ရှင်ဖြစ်လိမ့်မယ်လို့ သူမ မကြာခဏတွေးထင်မိတယ်။ အဲဒီမိန်းကလေး ပြုံးရယ်တဲ့အချိန် ပါးစပ်က မဟတဟလေးဖြစ်မယ်လို့လည်း သူမမြင်ယောင်မိတယ်။
သူမမှာ မည်းနက်တဲ့ဆံပင်ရှိပေမယ့် နားရွက်ထိအောင်တိုတယ်။ သူမမှာ ဝိုင်းစက်တဲ့မျက်လုံးရှိပေမယ့် ရယ်လိုက်တဲ့အချိန် မျဉ်းတစ်ကြောင်းပုံစံ မှေးသွားတတ်တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမသာ အဲဒီမိန်းကလေးပုံစံလို ဖြစ်သွားခဲ့ရင် သူစိတ်ဝင်စားလာမလားလို့ မှန်ကြည့်တိုင်း သူမစိတ်ကူးယဉ်တတ်တယ်။ အဲဒီလိုအမြဲတမ်း စိတ်ကူးယဉ်တွေးထင်ပေမယ့် လစဉ်လတိုင်း ဆံပင်ညှပ်ဆိုင်ပြေးပြီး အတန်ငယ်ရှည်လာတဲ့ ဆံပင်ကို သူမသွားသွားညှပ်တတ်တယ်။ ရယ်မောစရာတွေ့ရင်လည်း တဟားဟားနဲ့ မျက်လုံးတွေ မှေးကျသွားတဲ့အထိ သူမအော်ရယ်တတ်တယ်။
သူမ(၁၉)နှစ်မှာ နာမည်သိပ်မကြီးပေမယ့် အရမ်းလည်းအဆင့်မနိမ့်တဲ့ တက္ကသိုလ်တစ်ခုကို တက်ခွင့်ရခဲ့တယ်။ စာတော်တဲ့သူကတော့ ထုံးစံအတိုင်း တစ်ခြားမြို့က နာမည်ကြီးတက္ကသိုလ်ကို တက်ခွင့်ရခဲ့တယ်။ ရထားပေါ်ထိုင်ပြီး သူမကိုမွေးခဲ့၊ ကြီးခဲ့တဲ့မွေးရပ်မြေကို မျက်စိတစ်စုံငေးမောရင်း သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ လွမ်းဆွေးစရာတွေက သူမရင်ဝမှာ လှိုက်တက်လာခဲ့တယ်။
တက္ကသိုလ်ကျောင်းသူဘဝအစက ခက်ခဲပင်ပန်းတဲ့ ရက်(၂ဝ)ကြာလေ့ကျင့်မှုတွေနဲ့ စခဲ့ရတယ်။ ညအိပ်ရာမဝင်ခင် ကျောင်းသူတချို့က စောင်ခေါင်းမြီးခြုံပြီး ချစ်သူကို ဖုန်းနဲ့ အလွမ်းတွေတိုင်တည်ကြတယ်။ အလွတ်ရနေတဲ့ ဂဏန်းတချို့ကို အကြိမ်ပေါင်းများစွာ သူမ နှိပ်ခဲ့ပေမယ့် ခေါ်ယူတဲ့ခလုတ်ကို သူမ မနှိပ်ခဲ့မိဘူး။ အသက်(၁၉)နှစ်ရောက်မှ လွမ်းဆွတ်တမ်းတတဲ့ခံစားမှုကို ပထမဆုံးအကြိမ် သူမခံစားခဲ့မိတယ်။ တကယ်တော့ လွမ်းဆွတ်ခြင်းဆိုတာ ရေရာတဲ့အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်ကို မျက်ရည်ကျစေအောင် ပေးနိုင်စွမ်းတဲ့ အင်အားတွေဖြစ်တယ်။
(၄)နှစ်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝက ရှည်လျားတယ်လို့ မဆိုသာဘူး။ အဲဒီမရှည်မလျားတဲ့ နေ့ရက်တွေကို တစ်ကိုယ်တည်း သူမဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းတွေက ဘာဖြစ်လို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကြင်ဖော်မရှာတာလဲလို့ သူမကိုမေးတဲ့အခါ သူမကရယ်ကျဲကျဲနဲ့ "စာတွေများလို့ပါ" ဆိုတဲ့ဆင်ခြေကိုပဲပေးခဲ့တယ်။ တကယ်လည်း သူမ စာကြိုးစားခဲ့ပါတယ်။ သူတက်နေတဲ့တက္ကသိုလ်မှာ မာစတာဆက်တက်နိုင်ဖို့ သူမကြိုးစားခဲ့တယ်။
(၄)နှစ်အတွင်းမှာ သူမဆံပင်တွေ ရှည်လျားခဲ့တယ်။ တစ်ခါက ကျောင်းသူကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ သူငယ်ချင်းတွေက ဖြောင့်စင်းရှည်လျားတဲ့ သူမဆံပင်ကြည့်ပြီး အံ့သြခဲ့ကြတယ်။ ဝိုင်းစက်တဲ့ သူမမျက်လုံးတွေက အရည်လဲ့လဲ့နဲ့ ပန်းရောင်သမ်းနေတဲ့ အသားအရည်၊ မဟတဟရယ်မောတတ်တဲ့ အပြုံးတွေကြောင့် တစ်ချိန်က ဆတ်ကော့ကော့ကောင်မလေးသူ့ကို လူတွေသိပ်မမှတ်မိခဲ့ကြဘူး။
သူမကိုတွေ့တဲ့အချိန် သူလည်းတစ်ချက်တော့ ကြောင်သွားတယ်။ ဒါပေမယ့် အဲဒီတုန်းက သူ့လက်ဟာ သူ့ဘေးမှာရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခါးသေးသေးကို ဖက်ထားပါတယ်။ သူ့ဘေးက သူမထက် ပိုနူးညံ့သိမ်မွေ့လှပတဲ့ ကောင်မလေးကိုကြည့်ပြီး နာကျင်သွားတဲ့စိတ်ကို ကွယ်ဝှက်ရင်း "မတွေ့တာကြာပြီနော်" လို့ပဲ သူမနှုတ်ဆက်နိုင်ခဲ့တယ်။
သူမ(၂၂)နှစ်မှာ ပထမအဆင့်နဲ့ သူတက်ခဲ့တဲ့တက္ကသိုလ်မှာ မာစတာတန်းကို တက်နိုင်ခဲ့တယ်။ သူက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုမှ အလုပ်ဝင်ခဲ့တယ်။ လုပ်ရည်ကိုင်ရည်ထက်မြက်တာကြောင့် သူ့ရဲ့လခက ဂဏန်းခြောက်လုံးထိရှိခဲ့တယ်။ သူမက တစ်ကိုယ်ရည်ဘဝနဲ့ အပြောင်းအလဲမရှိ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကျောင်းသားဘဝကို ဆက်လက်ဖြတ်ကျော်နေပါတယ်။
ကျောင်းပိတ်လို့ အိမ်ပြန်တဲ့တစ်ခေါက်မှာ အမေကသူ့လက်ကိုဆွဲပြီး "သမီး... ပညာသင်တာ ကောင်းပါတယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ တစ်နေ့တော့ အိမ်ထောင်ပြုသားမွေးရမှာပဲ။ ဒါမှ ဘဝကလုံခြုံသွားမှာ" အမေ့စကားကို သူမခေါင်းညိတ်ပြပြီး ပါလာတဲ့ပစ္စည်းတွေနဲ့ အခန်းထဲဝင်ခဲ့တယ်။ ခရီးဆောင်သေတ္တာကို ဖွင့်လိုက်ပြီး သေတ္တာထဲကနေ စက္ကူကြယ်အပြည့်ထည့်ထားတဲ့ ပုလင်းကို သူမအရင်ထုတ်လိုက်တယ်။ ပြီးတော့ စာအုပ်စင်ပေါ်တင်လိုက်တယ်။ စာအုပ်စင်ပေါ်မှာ စက္ကူကြယ်ပုလင်းတွေ တန်းစီနေတယ်။ စုစုပေါင်း (၆)ပုလင်းရှိခဲ့ပါပြီ။
သူမ(၂၅)နှစ်...
နာမည်ကြီးတက္ကသိုလ်က မာစတာဘွဲ့နဲ့ သူမ အကောင်းဆုံး အောင်မြင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ လခကောင်းတဲ့အလုပ်တစ်ခု သူမရခဲ့တယ်။ အဲဒီအချိန်မှာ သူက ကိုယ်ပိုင်ကုမ္ပဏီနဲ့ စီးပွါးရေးတွေ ကြီးသထက်ကြီးအောင် ချဲ့နေခဲ့တယ်။ သူ့ရဲ့ တတိယကုမ္ပဏီခွဲတစ်ခု ဖွင့်လှစ်ချိန်မှာ မြို့တော်ဝန်သမီးနဲ့ သူလက်ထပ်တဲ့ဖိတ်စာကို သူမလက်ခံရရှိခဲ့တယ်။ သူ့မင်္ဂလာပွဲကို သူမ တက်ရောက်ခဲ့ပါတယ်။ သတိုးသားက ဘယ်လိုထက်မြက်ကြောင်း၊ သတိုးသမီးဖက်ကလည်း ဘယ်လောက်ချမ်းသာကြောင်း၊ နိုင်ငံခြားပြန်ဖြစ်ကြောင်း စတဲ့ချီးမွမ်းစကားတွေ သူမကြားခဲ့ရတယ်။ ကျေနပ်အားရတဲ့ သူ့အပြုံးမျက်နှာကိုကြည့်ပြီး သူမရင်ထဲမှာလည်း အပျော်တွေကူးစက်ခဲ့တယ်။ သူ့ဘေးမှာ ရယ်မောပြုံးရွှင်နေတဲ့သတိုးသမီးဟာ သူကိုယ်တိုင်ပဲလို့ သူမခံစားမိတယ်။
အသက်(၂၆)နှစ်မှာ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ သူမ မင်္ဂလာဆောင်လိုက်တယ်။ သူတို့နှစ်ဦးစရင်းနှီးပြီး မင်္ဂလာဆောင်တဲ့အထိ အချိန်နှစ်ဝက်မကြာခဲ့ဘူး။ အချိန်တိုတိုလေးအတွင်းမှာ ကိုယ်ယူမယ့်လူနဲ့ ချစ်သူဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတာကိုတောင် သူမ မသိခဲ့ဘူး။ မင်္ဂလာပွဲကို သူမရဲ့တောင်းဆိုချက်နဲ့ ရိုးရိုးလေးပဲကျင်းပပြီး ရင်းနှီးသူတချို့သာ ဖိတ်ခဲ့တယ်။ အဲဒီည သူမအရက်တွေသောက်ခဲ့တယ်။ ပထမဆုံးအကြိမ် အရက်အများကြီး သောက်ခဲ့မိတယ်။ မမူးပေမယ့် သူမအန်ခဲ့တယ်။ သန့်စင်ခန်းထဲမှာ ရေမှုန်နဲ့ဝေဝါးနေတဲ့မှန်ထဲက ကိုယ့်မျက်နှာကိုကြည့်ပြီး သူမအားရပါးရ ငိုချင်စိတ်တွေဖြစ်ခဲ့တယ်။ နောက်ဆုံးတော့လည်း မျက်နှာပေါ်က မိတ်ကပ်တွေကိုထပ်ဖို့ပြီး ပျော်ရွှင်တဲ့သတိုးသမီးအဖြစ်နဲ့ သူမဟန်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အနွေးထည်အိတ်ကပ်ထဲမှာတော့ အစောကြီးကတည်းက ခေါက်နှင့်ထားပြီဖြစ်တဲ့ စက္ကူကြယ်လေးတစ်လုံးက ရှိနေခဲ့ပါတယ်။ စက္ကူပေါ်မှာ ဒီလိုလေးရေးထားပါတယ်။
"ဒီနေ့ ငါဟာ တစ်ခြားလူရဲ့ဇနီးဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် ငါ့ကိုယ်ငါသိတယ်။ နင့်ကိုပဲ ငါချစ်တယ်"
သူမ (၃၆)နှစ်...အေးဆေးတည်ငြိမ်တဲ့ သာမန်ဘဝတစ်ခုကို သူမဖြတ်သန်းနေတယ်။
တစ်နေ့ ဈေးမှာသူငယ်ချင်းဟောင်းတစ်ဦးနဲ့ သူမဆုံတော့ သူ့အကြောင်းကို ပြောမိကြတယ်။ သူ့စီးပွါးရေးတွေ မအောင်မြင်တဲ့အကြောင်း၊ မိန်းမနဲ့လည်း ကွဲသွားတဲ့အကြောင်း၊ နေ့တိုင်းလိုလို အရက်ဘား ရောက်နေကြောင်းတွေ သူမ ကြားခဲ့ရတယ်။
ရက်အတန်ကြာ သူမလှည့်ပတ်ရှာခဲ့မှ ဘားတစ်ခုမှာ သူ့ကိုတွေ့တယ်။ သူ့ကို သူမအပြစ်မတင်ဘူး။ ငွေစုဘဏ်စာအုပ်ပဲ သူ့ကို သူမကမ်းပေးလိုက်တယ်။ စာအုပ်ထဲမှာ သူမစုဆောင်းထားသမျှတွေရှိတယ်။
"တစ် ကနေ ရှင်ပြန်စနိုင်မယ်လို့ ကျွန်မထင်တယ်"
ကမ်းပေးတဲ့ဘဏ်စာအုပ်ကို သူဖွင့်ကြည့်လိုက်တယ်။ သူ မယုံမကြည်ဖြစ်မိတယ်။ ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းလို့ဆိုသူတွေက သူဆီက "ငွေချေးပါ"ဆိုတဲ့ စကားကိုကြားတာနဲ့ မျက်နှာတွေအေးစက်တင်းမာပြီး တစ်ဖက်လှည့်ကုန်ကြတယ်။ သူမကတော့ သူမနာမည်ကိုတောင် သူမေ့လုလုဖြစ်နေတဲ့ ကျောင်းနေဖက်သူငယ်ချင်းဟောင်း တစ်ယောက်သာဖြစ်တယ်။ ဒါတောင် သူ့အပေါ် ဒီလောက်ရက်ရောနိုင်ခဲ့တယ်။
"သူငယ်ချင်းဆိုတာ တစ်ယောက်အပေါ်တစ်ယောက် ကူညီရိုင်းပင်းသင့်တယ် မဟုတ်လား?" အပြုံးမျက်နှာနဲ့ သူမဆိုတယ်။
ညရောက်တော့ အဲဒီအဖြစ်အပျက်ကို သူမရဲ့ခင်ပွန်းသိသွားခဲ့တယ်။ ခပ်ပြင်းပြင်းလက်ဝါးစောင်းတစ်ခုနဲ့ အော်ငေါက်သံတချို့ သူမအပေါ် ကျရောက်လာခဲ့တယ်။
"မပြောမဆိုနဲ့ ဒီလောက်များတဲ့ငွေကို ပေးလိုက်ရသလား? သူနဲ့မင်း ရိုးသားရဲ့လား?"
လက်ဝါးဒဏ်ကြောင့် သူမကြမ်းပြင်ပေါ် ပစ်လဲကျသွားတယ်။ မျက်ရည်တစ်စက်မှ မကျမိသလို ခင်ပွန်းရဲ့အမေးကိုလည်း သူမ ပြန်မဖြေခဲ့ဘူး။ သူ့ကို သူမချစ်တယ်လို့ ဘယ်သူ့ဆီမှ သူမဝန်မခံခဲ့ဖူးသလို သူတို့နှစ်ယောက် ချစ်နေကြတယ်လို့ တစ်ခြားလူတွေ ထင်မြင်ဆုံးဖြတ်တာကိုလည်း သူမ မလိုလားခဲ့ဘူး။
သူမ အသက်(၄ဝ)
အဲဒီနှစ်မှာ အောင်မြင်တဲ့ကုမ္ပဏီတွေထဲမှာ သူ့ကုမ္ပဏီလည်းပါခဲ့တယ်။ အဲဒီညက ချေးငွေတွေနဲ့ သူ့ကုမ္ပဏီရဲ့ ရှယ်ယာ၁ဝ% လွဲပေးစာနဲ့အတူ သူမဆီ သူရောက်လာခဲ့တယ်။ သူမရဲ့ ခင်ပွန်းက ပြုံးပြုံးရယ်ရယ်နဲ့ "ဒီလောက်ထိ အားနာစရာမလိုပါဘူးဗျာ... မိတ်ဆွေသူငယ်ချင်းဆိုတာ အချင်းချင်း ကူညီကြဖို့ပဲ"လို့ ပြောဆိုနေပေမယ့် လက်က လွဲစာပေါ်မှာ လက်မှတ်ထိုးနေပါတယ်။ သူမ ဘာမှဝင်မပြောခဲ့ဘူး။ "ထမင်းစားပြီးမှ ပြန်ပါလား" လို့ပဲပြောခဲ့တယ်။ ကျေးဇူးရှင်က ထမင်းဖိတ်ကျွေးပြီဆိုမှတော့ သူ့မှာငြင်းဆန်ဖို့ ဆင်ခြေရှာမရခဲ့ဘူး။
စားပွဲပေါ်က ဟင်းတွေကိုကြည့်ပြီး သူအံ့သြမိတယ်။ ထမင်းဝိုင်းမှာ သူအရမ်းနှစ်သက်တဲ့ဟင်းတချို့ ပါနေတယ်။ သူခေါင်းမော့ပြီး သူမကိုကြည့်လိုက်မိတယ်။ သူမက နဂိုအေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ ခင်ပွန်းကို ဟင်းတွေ ခူးခပ်ထည့်ပေးနေခဲ့တယ်။ အကြည့်ကိုရုပ်သိမ်းပြီး သူအတွေးများသွားတာဖြစ်မယ်လို့ သူထင်မိတယ်။
ပြန်ခါနီး အင်္ကျီအိတ်ထဲကနေ ဖိတ်စာတစ်စောင်ကို ထုတ်ပြီး "အဲဒီအချိန်ကျရင် နှစ်ယောက်စလုံးလာခဲ့ပါနော်" လို့ သူရယ်ကျဲကျဲပြောခဲ့တယ်။ ကုမ္ပဏီခွဲဖွင့်ပွဲဖြစ်မယ်လို့ ထင်ပြီး ဖိတ်စာကိုယူပြီး သူမဖွင့်မကြည့်ဘဲ ဆိုဖာပေါ် လှမ်းတင်လိုက်တယ်။ သူ့ကိုအိမ်ပေါက်ဝထိ လိုက်ပို့နှုတ်ဆက်ပြီး မီးဖိုထဲမှာ သူမ ပန်းကန်တွေဆေးနေခဲ့တယ်။ ရုတ်တရက် ခင်ပွန်းဆီကနေ အော်ပြောသံတစ်ခုကို သူမကြားလိုက်မိတယ်။
"လူတွေက ပိုက်ဆံလေးရှိတာနဲ့ ဗွေရှုပ်တော့တာပဲဆိုတဲ့စကားက သိပ်မှန်တာပဲ။ ကြည့်စမ်း... မင်းရဲ့သူငယ်ချင်းဟောင်းကြီး ဘယ်လောက်မြန်သလဲ! နောက်မိန်းမယူတော့မယ်တဲ့"
ပန်းကန်ဆေးနေရာက သူမလက် ဆတ်ခနဲ့ဖြစ်သွားတယ်။ ပဲ့နေတဲ့ပန်းကန်အနားက သူမလက်ကို တိခနဲ့ရှလိုက်တယ်။ ရှမိတဲ့နေရာကနေ သွေးတွေ တစ်စက်ချင်းစီးကျလာတယ်။ တဖြည်းဖြည်း နီလာတဲ့ရေတွေကိုကြည့်ပြီး လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက သူ့ဘေးမှာပြုံးရွှင်ပြီး ရယ်မောနေတဲ့ သတိုးသမီးရဲ့ဝတ်စုံကို သူမမြင်ယောင်လာမိတယ်။ အဲဒီတုန်းက သတိုးသမီးဝတ်ထားတာ ဒီအရောင်ပဲ မဟုတ်လား!
သူမ အသက်(၅၅)နှစ်
တစ်နေ့ အိမ်မှာနေရင်း သူမ ရုတ်တရက်မူးလဲသွားတယ်။ ဆေးရုံပို့စစ်ဆေးတော့ ဆရာဝန်က သုန်မှုန်တဲ့မျက်နှာနဲ့ တစ်ခုခုကိုပြောဖို့ ခင်ပွန်းကို အခန်းထဲကခေါ်ထုတ်တယ်။ သူမ အဲဒီလောက်ထိ မထုံအခဲ့ပါဘူး။ ဆရာဝန်ကို လှမ်းခေါ်ပြီး သူမတိုက်ရိုက်မေးခဲ့တယ်။
"ကျွန်မ ဘယ်နှစ်ရက် အသက်ရှင်နိုင်ဦးမလဲ?"
(၃)လတဲ့! လူ့ဘဝက ပြဇာတ်ဆန်လွန်းခဲ့တယ်။ ဆေးရုံဆက်တက်ဖို့ သူမငြင်းဆန်ခဲ့တယ်။ အိမ်ပြန်ပြီး နောင်ရေးအတွက် လုပ်စရာရှိတာကို သူမလုပ်ခဲ့တယ်။ သက်တမ်းတစ်ဝက်လောက် ရှင်သန်ခဲ့တဲ့အတွက် မှာစရာတွေကလည်း သူမမှာများခဲ့တယ်။ သတင်းကြားတဲ့ သူငယ်ချင်း၊ မိတ်ဆွေဟောင်းတွေ သူမကို နောက်ဆုံးတစ်ကြိမ်အနေနဲ့ လာကြည့်ကြတယ်။ သူက နောက်ဆုံးမှ ရောက်လာခဲ့သူပါ။ ကုတင်ပေါ်မှာ လဲလျောင်းပြီး သူမမှိန်းမောနေခဲ့တယ်။ ဒါပေမယ့် သူ့လက်ထဲက စက္ကူကြယ်တစ်ပွင့်ကိုတွေ့တော့ သူမချက်ချင်းနိုးထလာခဲ့တယ်။
"ဒီစက္ကူကြယ်က ကျွန်မအတွက်လား?"
သူ့လက်ထဲက စက္ကူကြယ်ကိုထိုးပြပြီး မျက်နှာပေါ်က အပြုံးတစနဲ့ သူမမေးတယ်။
"ဟို.. ဟို.. အော်... ဟုတ်.. ဟုတ်ပါတယ်။ ခင်ဗျားအတွက် ကျွန်တော်ယူခဲ့တာပါ"
တကယ်တော့ အဲဒီကြယ်ပွင့်က သူလေယာဉ်ကွင်းကအထွက် အလှူခံနေတဲ့ကြက်ခြေနီအသင်းနဲ့ တိုးခဲ့လို့ ရခဲ့တဲ့ကြယ်လေးဖြစ်တယ်။ သူမကိုတွေ့ဖို့ပဲ သူစိတ်လောနေခဲ့လို့ အလှူငွေထည့်ပြီး တစ်ဖက်က ကမ်းပေးလိုက်တဲ့အရာကို မကြည့်ဘဲ ကတိုက်ကရိုက်ယူပြီး သူမဆီ သူအပြေးလာခဲ့တာဖြစ်တယ်။ လောနေလို့ လက်မှာဆုပ်ကိုင်ထားတဲ့အရာကို သူသတိမရခဲ့မိဘူး။
ကြယ်ကိုလှမ်းယူပြီး ရင်ဘတ်ပေါ် သူမတင်ထားလိုက်တယ်။ ပြီးတော့ ဘေးစားပွဲပေါ် သူမလက်ညှိုးထိုးပြလိုက်တယ်။ စားပွဲပေါ်မှာလည်း ခေါက်ပြီးသား စက္ကူကြယ်တစ်ပွင့်ရှိနေခဲ့တယ်။ အဲဒီကြယ်ကို အချိန်တစ်နာရီယူပြီး သူမခေါက်ခဲ့ရတယ်။
"အရင် ကျွန်မနေခဲ့တဲ့အိမ်မှာ ကြယ်လေးတွေ(၃၉)ပုလင်းရှိတယ်။ ကျွန်မကို မီးသဂြိင်္ုလ်တဲ့အခါ ဒီကြယ်နှစ်ပွင့်နဲ့ အဲဒီကြယ်လေးတွေကို ကျွန်မနဲ့အတူသဂြိင်္ုလ်ပေးပါနော်" ခပ်တိုးတိုးလေးပြောရင်း သူမမျက်လုံးတွေ မှိတ်ကျသွားခဲ့တယ်။
သူမရဲ့တောင်းဆိုချက်ကို သူခေါင်းညိတ်မပြနိုင်ခင် သူမက ငြိမ်ငြိမ်သက်သက် ထွက်သွားခဲ့ပါပြီ။
သူမကိုသဂြိင်္ုလ်တဲ့ရက်မှာ သူမပြောခဲ့တဲ့အတိုင်း ကြယ်(၃၉)ပုလင်းလုံး သူမနဲ့အတူ မီးရှို့ပေးခဲ့တယ်။ ပုလင်းထဲကနေ ကြယ်ကလေးတွေ ပြေးလွှားခုန်ပေါက် ထွက်ကျလာခဲ့တယ်။ မီးရှို့ပြီး သူလှည့်အထွက်မှာ မြေကြီးပေါ်ကျနေတဲ့ ကြယ်လေးနှစ်လုံးကို တွေ့လိုက်တယ်။ ကောက်ယူပြီး မီးထဲပစ်ထည့်ဟန်ပြင်ပြီးမှ သူမနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ် သိမ်းထားဖို့ သူယူထားလိုက်မိတယ်။
သူအသက်(၇ဝ)
မျက်မှန်ထူကြီးတပ်ပြီး ပန်းခြံမှာသူစာဖတ်နေတယ်။ (၄)နှစ်အရွယ် မြေးမလေးက စက္ကူစနှစ်ရွက်ယူပြီး သူ့ဆီပြေးလာတယ်။
"ဘိုးဘိုး.. ဘိုးဘိုး... သမီးကို စာဖတ်ပြပါ"
မျက်မှန်ကို တစ်ချက်ပင့်တင်ရင်း ပထမစက္ကူပေါ်ကစာကို သူဖတ်လိုက်တယ်။
"အောင်... ဒီနေ့ဝတ်ထားတဲ့ အပြာရောင်အားကစားဝတ်စုံက နင်နဲ့အရမ်းလိုက်တယ်။ နောက်ပြီး ငါလည်းနံပါတ်(၉)ဂဏန်းကို ကြိုက်တယ်သိလား!"
သူ မျက်မှောင်တစ်ချက်ကျုံ့သွားပြီး မြေးမလေးကို မေးတယ်။
"ဒီစက္ကူတွေ ဘယ်ကရတာလဲ?"
"ဒါ စက္ကူတွေမဟုတ်ဘူး ဘိုးဘိုး... စာကြည့်စားပွဲပေါ်မှာ ဘိုးဘိုးတင်ထားတဲ့ ကြယ်လေးနှစ်ပွင့်ကို သမီးဖြည်ကြည့်လိုက်တော့ အထဲမှာ စာရေးထားတာတွေ့တယ် ဘိုးဘိုး"
သူတစ်ချက် မင်သက်သွားပြီး ဒုတိယစက္ကူကို ကပျာကယာကြည့်လိုက်တယ်။
"အောင်... ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ"
"ပျော်ရွှင်ခြင်းတစ်မျိုးက ကိုယ်ချစ်တဲ့လူကို ပေးဆပ်ခြင်းသက်သက်နဲ့ တစ်သက်လုံးချစ်နေတာပါပဲ" အဖန်တလဲလဲ တီးတိုးရွတ်ဖတ်ရင်း သူ့ပါးပြင်ထက် မျက်ရည်တွေ အဆက်မပြတ် စီးကျလို့လာခဲ့တော့တယ်။
သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ
သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ထဲက ဂယာဆိုတဲ့ နေရာဒေသဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားကြစို့လို့ ရည်မှန်းကြရတဲ့ မြို့လေးပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့ နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပာယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။ 
Gaya_01_IMG_3172 ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ရှိရာ မဟာဗောဓိ စေတီတော် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတဲ့၊ ရှေးဟောင်းယဉ်ကျေးမှု စိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ နေရာတခုဆိုပေမယ့် အိန္ဒိယရဲ့ အပူဒဏ်လွန်ကဲတဲ့ ဒေသမှာရှိတာမို့ အခုလို နွေရာသီကို ရောက်လာပြီဆိုရင် ဆောင်းတွင်း ကာလ တွေတုန်းက အရောင်စုံဧည့်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဂယာဟာ နေရောင်ပြင်းပြင်း၊ တံလျှပ်တွေနဲ့ ဖုန်တလုံး လုံးအောက်မှာ ခြောက်သွေ့တဲ့အသွင်အပြင်တွေဘက်ကို ပြောင်းလို့လာနေပါတယ်။
ဗုဒ္ဓကျမ်းဂန်တွေမှာ ဖတ်ရဖူးတဲ့ တောက်ပသော နီလာရောင် ပြာသောအဆင်းနဲ့ နီလဇလံ မြစ်ဆိုတဲ့ နိရဉ္ဇရာမြစ်ကြီးဟာလည်း ရေတစက်မှ မရှိ၊ သဲတွေအတိဖြစ်နေပေမယ့် နေပူဒဏ်မကြောက်တဲ့ အိန္ဒိယတိုင်းသား ကလေးငယ်လေးတွေကတော့ ဘုရားဖူးရာသီလက်ကျန် ခရီးသွား တယောက်တလေဆီက စွန့်ကြဲပေးလှူမယ့် ငွေအကြွေလေးတွေ ရနိုးနိုးနဲ့ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ စောင့်မျှော်နေကြဆဲပါ။
ချိုင့်ဝှမ်းလေးတခုထဲမှာ ရှိနေတဲ့ မဟာဗောဓိ စေတီတော်ရင်ပြင်မှာတော့ ညနေ ၄ နာရီအချိန်ဖြစ်နေတာတောင် ခြေချမရနိုင် လောက်အောင် ပူလွန်းလှပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတတ်တဲ့ ညနေ ၆ နာရီလောက်မှာတော့ နီညိုရောင် ယောဂီ ၀တ်စုံနဲ့ မြန်မာဘုရားဖူးတွေ၊ မီးခိုးရောင်ဝတ်စုံတွေနဲ့ ဗီယက်နမ် သီလရှင်တွေ၊ အဖြူရောင် ယောဂီဝတ်စုံနဲ့ ထိုင်းဘုရားဖူးတချို့၊ ရိုးရာဝတ်စုံနဲ့ တိဘက်ဘုရားဖူးတချို့ တဖွဲဖွဲရောက်လာကြပြီး ဘုရားဝတ်ပြုကြတာကို တွေ့ရပါတယ်။ စေတီတော် ပရ၀ုဏ် အထဲမှာတော့ သစ်ရိပ်တွေ ရှိနေပေမယ့် ပူလောင်နေဆဲပါပဲ။
ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အတွက် အကောင်းဆုံးအချိန်တွေဟာ စက်တင်ဘာကနေ ဒီဇင်ဘာလဆန်းနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း လောက်ကနေ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းအထိကာလတွေပါ။ ကျန်တဲ့အချိန်တွေကတော့ ပူလွန်းအေးလွန်းတာကြောင့် ဘုရား ဖူး တွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး။ 
Gaya_02_IMG_2851 ဗုဒ္ဓဖွားတော်မူရာ နီပေါနိုင်ငံ လုမ္ပီနီ ဥယျာဉ်ထဲက အထိမ်းအမှတ်ကျောက်စာတိုက်နဲ့ အထိမ်းအမှတ်ကျောက်ပြား ထိန်းသိမ်းထားရာ အဆောက်အဦ (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ကို မြန်မာပြည်ကနေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ သာသနာရေး ဦးစီးဌာန လက်အောက် ခံအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ အောင်ချမ်းသာ၊ ရန်ကုန်နဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတွေကတော့ ဒါနတိုး၊ မဟာတိုး၊ နီလာတိုး၊ ရွှေမဟာ၊ မိဂဒါဝုန်၊ အောင်ပန်း၊ မဇ္ဈိမဂုဏ်၊ ကျော်အောင်စံထား၊ သမ္မတ၊ ရွှေမှီ၊ ရွှေမဂ္ဂင်၊ ပိတောက်ရွှေဝါ စတာတွေပါ။ 
အိန္ဒိယနိုင်ငံက မြန်မာ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာကြောင့် ဗီဇာရယူဖို့လွယ်ကူလာတာအပြင် ရန်ကုန်ကနေ ဂယာ တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)က ခရီးစဉ်တွေဆွဲပေးလာတာတွေ၊ အဲ
မန္တလေး ကလည်း ရန်ကုန်-ဂယာ၊ မန္တလေး-ဂယာ တိုက်ရိုက်ခရီးစဉ်တွေ တိုးချဲ့လာတာတွေကြောင့် ဒီ ၂၀၁၀-၂၀၁၁ ဘုရားဖူး ရာသီမှာကတော့ လာမယ့် မေလကုန်အထိ ဘုရားဖူးခရီးစဉ်တွေရှိနေဦးမယ်လို့ သိရပါတယ်။
ဒီလိုခရီးစဉ်တွေ တိုးချဲ့လာပြီး ဘုရားဖူးတွေ ဂယာကို နှစ်စဉ်နဲ့အမျှ တိုးများလာတာ ကောင်းပေမယ့် အဓိကဖြစ်တဲ့ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးမှာ တွေ့ကြုံရနိုင်တာတွေကို တင်ကြိုရှင်းပြမထားတတ်တဲ့ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် ဘုရားဖူးတွေ ဒုက္ခရောက်ကြရတယ်လို့ ဂယာက မြန်မာရဟန်းတော်တပါးက ဧရာဝတီကို မိန့်ပါတယ်။ 
အိန္ဒိယရဲ့ မိုးခေါင်ရေရှားရပ်ဝန်းက ဂယာရဲ့ နေ့လယ်ခင်း အပူချိန်က အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီ ဂရိတ် အထိ ရှိနေတာပါ။ ဒီလို ပူပြင်းတဲ့အထဲ ခရီးပန်းတာနဲ့ ပေါင်းလိုက်မိတော့ မြန်မာဘုရားဖူးအဖွဲ့တွေက သက်ကြီးရွယ်အို တွေ သေဆုံးတာ၊ အပူရှပ်ပြီး နေထိုင်မကောင်းဖြစ်တာတွေ ရှိလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဒေါ်ငြိမ်းတင် (၆၈)နှစ်ဟာ သာဝတ္တိမှာ ဆုံးသွားတယ်။ နေ့လယ် ၁ နာရီခွဲလောက်က။ နေပူထဲ ဘုရားဖူးပြန်လာပြီး နားနေတုန်း ရှော့ခ်ဖြစ်သွားတာ။ နောက်တယောက်ဆိုလည်း ကာလကတ္တားမှာ အဲ့ဒီလိုပဲ ပူပြီး ရှော့ခ်ရ တော့ ဦးနှောက်ခွဲစိတ်တာတွေ လုပ်လိုက်ရတယ်” လို့ ဆရာတော်က မိန့်ဆိုပါတယ်။
Gaya_03_IMG_2865 နီပေါနိုင်ငံ လုမ္ပီနီ ဥယျာဉ်ထဲက ဗုဒ္ဓဖွားတော်မူရာ အထိမ်းအမှတ်ကျောက်ပြား (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာ ဘုရားဖူးလို့ အများသိကြတဲ့ ဘုရားဖူး ခရီးစဉ်မှာ ဗုဒ္ဓဖွားမြင်ရာနေရာ နီပေါနိုင်ငံ လုမ္ပီနီ၊ ဂယာအနီးနားဝန်းကျင်မှာရှိတဲ့ တရားကျင့်ရာ ဥရုဝေလတော၊ သဗ္ဗညုတ ဉာဏ် ရရာ မဟာဗောဓိညောင်ပင်နေရာ၊ ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တောနေရာ၊ ကုသိနာရုံမြို့က ပရိနိဗ္ဗာန်စံရာ နေရာဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိကထား သွားကြပါတယ်။
ဒီနေရာ လေးဌာနဟာ တနေရာနဲ့ တနေရာ အနည်းဆုံး မိုင်၃၀ကနေ မိုင် ၁၅၀ ကျော်အထိကွာဝေးပါတယ်။ ဒီခရီးကို ဘတ်စ် ကားတွေနဲ့သာ သွားကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ လမ်းတလျှောက် မှာတော့ ချိုင့်ခွက်တွေ၊ ကတ္တရာအပြည့်မရှိတဲ့ အဝေးပြေးကားလမ်းတွေရယ်၊ မပြည့်စုံတဲ့ လေး၊ ရှော့ဘားတွေ၊ သက်သောင့် သက်သာမရှိတဲ့ ထိုင်ခုံတွေ၊ ပုံမှန်အလုပ်မလုပ်တဲ့ လေအေးပေးစက်တွေနဲ့ အငှားလိုက်ဘတ်စ်ကားတွေကိုသာ ဘုရားဖူးအဖွဲ့တွေ အားထားနေကြရတာပါ။
လမ်းမကောင်းတာရယ်၊ ကားမကောင်းတာရယ်၊ မဆင်မခြင်မောင်းနှင်လေ့ရှိတဲ့ ဒေသခံ ကားသမားတွေရယ်ကြောင့် ယာဉ် တိုက်မှုဖြစ်လို့ ဘုရားဖူးတွေ ဒဏ်ရာအနာတရဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေကိုလည်း မကြာခဏ ကြားရလေ့ရှိပါတယ်။
ဘုရားဖူးအဖွဲ့တွေမှာ လိုက်ပါလာတဲ့သူအများစုဟာ အသက် ၅၀ နဲ့အထက် သက်ကြီးရွယ်အိုတွေပါဝင်လေ့ရှိတာကြောင့် ဒီလို အပူလွန်ကဲတဲ့ ရာသီဥတုမျိုးမှာ လေယာဉ်ပေါ်ကနေ ဂယာလေဆိပ်ကိုဆင်းတာနဲ့ အပူဒဏ်ကို ရုတ်တရက်ခံစားကြရပြီး မူးမော်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ဆရာတော်က “ဒီအချိန်က ချောက်၊ ရေနံချောင်း ပူတာထက်ကို ပိုတာ။ နေထွက်တာနဲ့ ပူ။ နွေရောက်လာလေလေ ပိုပူလေလေ ပဲ။ ဒီအချိန် မလာသင့်တော့ဘူးဆိုတာ ဘုရားဖူးတွေက မသိကြဘူး။ အဆင်ပြေတယ်ပဲ ထင်ကြတာ။ ဒါကို ဘုရားဖူးလုပ်ငန်း လုပ်နေသူတွေက ဘုရားဖူးရပြီးရော၊ ငွေရပြီးရော မလုပ်ဘဲ သေချာရှင်းပြ ပြောပြသင့်တယ်”လို့ မိန့်ပါတယ်။
ပုံမှန်အားဖြင့် သံဝေဇနိယ လေးဌာနကို ခရီးတပတ် ပတ်ဖို့မှာ ၁၀ ရက်အထက်အချိန်ပေးရင် ဘုရားဖူးတွေလည်း သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ဘုရားဖူးနိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေလီမြို့နဲ့ ကာလကတ္တားမြို့ကိုပါ ခရီးစဉ်မှာ အပြိုင်အဆိုင် ထည့်သွင်းလာတာကြောင့် ခရီးစဉ်တခုကို ၁၅ရက်ကနေ ၁၈ ရက်အထိ ကြာမြင့်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်က “ဒေလီတွေ၊ ကာလကတ္တားတွေကို တဖွဲ့နဲ့ တဖွဲ့ သာအောင် အပြိုင်ဆိုင်ထည့်လာကြတာ။ ရက်တိုနဲ့တမျိုး၊ ရက်ရှည်တမျိုး။ ခရီးတွေ ရှည်ပြီး ဘုရားဖူးတွေ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အခုလို ပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့”လို့ မိန့်ပါတယ်။
Gaya_04_IMG_2798 ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တချို့ရဲ့ မြန်မာနိုင်ငံမှာတုန်းက ကြော်ငြာထားတဲ့ တည်းခိုနေထိုင်စရာ၊ စားရေးသောက်ရေးစတဲ့ ၀န်ဆောင်မှုတွေနဲ့ တကယ့်လက်တွေ့မှာ ကွာခြားနေတာတွေ၊ အဖွဲ့တွင်းမှာပါလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ၊ ခရီးစဉ်မှာပါတဲ့ နေရာတွေအတိုင်း မပို့ပေးတာတွေကြောင့် ဘုရားဖူးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေအကြား မပြေမလည်ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။
နိုင်ငံရပ်ခြားကို ဘုရားဖူးထွက်တယ်လို့ ပြောတဲ့အခါ အများစု အမြင်မှာက ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်၊ တည်းခိုခန်း၊ ကောင်း မွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ သက်သောင့်သက်သာရှိမယ့် ကားကြီးတွေနဲ့ သွားလာရမယ်လို့ တွက်ဆထားကြပေမယ့် အမှန် တကယ်မှာတော့ သံဝေဇနိယ လေးဌာနမှာ တည်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာ၊ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က စရိတ်ချွေတာစီမံလိုက်တဲ့ အစားအသောက်တွေနဲ့ အဆင်မပြေဖြစ်ရတဲ့အခါမှာတော့ စိတ်ချမ်းမြေ့စရာမရှိတဲ့ ဘုရားဖူးခရီးစဉ် ဖြစ်သွားရတယ်လို့ ဘုရားဖူးတယောက်က ဆိုပါတယ်။
သူက “ခရီးစဉ်ကိုဝယ်တုန်းက သူတို့ပြောတာနဲ့ လက်တွေ့ကြုံရတာတွေက တခြားစီဖြစ်နေတယ်။ အဖွဲ့မှာ လူကများလွန်းတော့ ဘုရားဖူးလည်း ပုဆိန်ပေါက်ပဲ။ အကုန် သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ စိတ်ရောလူရော အနားမရဘူး။ ခရီးဝေးတော့လမ်းမှာစားဖို့ ထည့်ခဲ့တာတွေကလည်း အဆင်မပြေတာများတယ်။ ကားကလည်း သက်သောင့်သက်သာမရှိတော့ ပင်ပန်းတယ်” လို့ ပြောပြပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရမယ်၊ အခြားသူတွေနဲ့ အတူတွဲနေရမယ်ဆိုတာ သူ့အနေနဲ့ သိနားလည်ထားပေမယ့် ဘုရားဖူးခရီးစဉ်တလျှောက် တခြားဘုရားဖူးအဖွဲ့တွေကလည်း တော်တော်များများရှိနေ၊ သူတို့ရဲ့အဖွဲ့လည်း လူ ၁၀၀ ကျော် ပါလာတာမို့ စိတ်ကျဉ်းကြပ်ရတယ်လို့ သူကဆိုပါတယ်။
ဘုရားဖူးသွားရာနေရာတွေက ဂယာနဲ့ ဗာရာဏသီလို မြို့တွေမှာ ဟိုတယ်တွေ၊ အသင့်အတင့် အဆင့်အတန်းနဲ့ တည်းခိုခန်း တွေ ရှိပေမယ့် အမြတ်အစွန်းများများရရှိရေးကိုသာ ကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေက ဘုန်းတော်ကြီးကျောင်းတွေမှာသာ တည်းခိုဖို့ စီစဉ်ကြတယ်လို့ ဆိုပါတယ်။
ဒီလို ခရီးသွားတွေ တအားများတဲ့အချိန် ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုဖို့ နေရာလပ်မရှိသေးဘူးဆိုရင်တော့ ဟိုတယ် တခုခုမှာ ညအိပ်ရပ်နားဖို့ စီစဉ်ပေးရမယ့်အစား ဘုရားဖူးအဖွဲ့တချို့ဟာ လမ်းမှာ တညလုံး အချိန်ဆွဲပြီး ရှေ့က ရောက်နှင့်နေ တဲ့အဖွဲ့ ထွက်သွားလောက်တဲ့အချိန်လောက်မှာမှ အဲ့ဒီမြို့ကိုဝင်တာမျိုးတွေ လုပ်လာတာကြောင့် ဘုရားဖူးတွေမှာ မလိုအပ်ဘဲ ပင်ပန်းကြရပါတော့တယ်။
ဘုရားဖူးအဖွဲ့တွေ အစုလိုက်အပြုံလိုက် ရောက်လို့ နေရာအခက်အခဲကြောင့် ဘုရားဖူးတွေ စိတ်ကျဉ်းကြပ်ရသလို ဘုန်းတော်ကြီးကျောင်းတွေက ဆရာတော် သံဃာတော်တွေအဖို့မှာလည်း ဘုရားဖူးအဖွဲ့တွေအတွက် စီစဉ်ကြပ်မတ်ရတာတွေမှာ အခက် အခဲ တွေရှိတယ်လို့လည်း ဗုဒ္ဓဂယာ ခရီးစဉ် လမ်းပြအဖြစ်လိုက်ပို့ပေးလေ့ရှိတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။
Gaya_05_IMG_2801 ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ စေတီတော်အတွင်းက ပရိနိဗ္ဗာန်ပြုနေဟန် လျောင်းတော်မူ ရုပ်ပွားတော် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဘုရားဖူးတွေ တည်းခိုလေ့ရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းတချို့မှာ အခန်းတွေ သန့်ရှင်းရေးလုပ်တာနဲ့ ချက်ပြုတ်ရေးရာတွေအတွက် အိန္ဒိယတိုင်းသားတချို့ကို တာဝန်ပေးထားတတ်ပေမယ့် အများစုကတော့ ကျောင်းက ဆရာတော်သံဃာတော်တွေကိုယ်တိုင် ၀ယ်ခြမ်းချက်ပြုတ်ရေးရာတွေကို လုပ်ကိုင်ကြပြီး ဘုရားဖူးအဖွဲ့ တဖွဲ့နဲ့ တဖွဲ့ အ၀င်အထွက် စိတ်တဲ့အချိန်တွေမှာဆိုရင်တော့ ဘုရားဖူးတွေအတွက် မပြည့်စုံမှုတွေ ဖြစ်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဟိုတုန်းက တဖွဲ့ကို လူ ၆၀ လောက်လာတော့ နိုင်နိုင်နင်းနင်းရှိပေမယ့် အခုက လူ ၁၀၀ ကျော် ၂၀၀ တွေဆိုတော့ ဘုရားဖူး တွေလည်း အေးအေးဆေးဆေး မဖူးရဘူး။ ဘုရားဖူးတွေ စုပြုံဝင်လာတဲ့အတွက် ကျောင်းတွေမှာ နေရေး စားရေးဆောင်ရွက်ပေး ရတာ အခက်အခဲတွေ၊ မပြည့်စုံမှုတွေဖြစ်ရတယ်” လို့ မိန့်ပါတယ်(ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)။
ဘုရားဖူးတဖွဲ့မှာ လူဦးရေများလေလေ အမြတ်အစွန်းပိုကျန်လေဆိုတော့ စီးပွားရေးကိုသာကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက တဖွဲ့ထဲမှာပဲ လူဦးရေများများထည့်သွင်းလာကြသလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ကော်မရှင်ခတွေနဲ့ မက်လုံးပေးဆွယ်နေတာတွေ များပြားလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဘုရားဖူး ၁၀ ယောက်ရရင် လေယာဉ်လက်မှတ်တစောင်၊ ဘုရားဖူး ၁ ယောက်ကိုခေါ်လာရင် ၃ သောင်း စသဖြင့်နဲ့ ဆွယ်ကြ တော့ လူစုတဲ့သူကလည်း လူများများရပြီးရောသဘောနဲ့ ဂယာသွားရင် ဘယ်လိုတွေ ကြုံရမယ် ဘယ်လိုနေရမယ်ဆိုတာကို မပြောပြကြတော့ ဒုက္ခတွေများတာပေါ့” လို့ ဆရာတော်က မိန့်ပါတယ်။
ဒါ့အပြင် ဘုရားဖူးတွေ အိန္ဒိယနိုင်ငံမှာ သုံးစွဲ၊ ၀ယ်ခြမ်းဖို့ ငွေကြေးလဲလှယ်ရာမှာလည်း မသမာတဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ရှိနေပြန်ပါသေးတယ်။ လက်ရှိ ဒေါ်လာငွေပေါက်ဈေးက ဒေါ်လာ ၁၀၀ ကို ရူပီး ၄၄၀၀၊ ရူပီး ၁၀၀ ကို မြန်မာငွေ ၁၈၀၀ ကျပ် ဖြစ်ပါတယ်။ ဒါကို ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုက ငွေပေါက်ဈေးအောက် လျှော့ပြီး လဲပေးတဲ့အပြင်၊ ဘုရားဖူးတွေပါလာ တဲ့ ဒေါ်လာငွေတွေကို ပြင်ပငွေလဲလှယ်သူတွေဆီ လဲလှယ်ခွင့်မပေးဘဲ သူတို့ဆီမှာပဲ လဲလှယ်စေတယ်လို့ သိရပါတယ်။
ဘုရားဖူးရာသီအတွင်းမှာ လူဦးရေများတဲ့ ခရီးစဉ်တွေရှိနေတာကတကြောင်း၊ ဘုရားဖူးအဖွဲ့တွေက လေယာဉ်လက်မှတ်တွေကို ချုပ်ကိုင်ထားတာတွေက တကြောင်းတို့ကြောင့် သီးသန့်လာချင်တဲ့သူတွေ၊ ဂယာမှာ ရှိတဲ့ စာသင်သားရဟန်းတော်တွေ အကြောင်းတစုံတရာရှိလို့ မြန်မာနိုင်ငံကို ပြန်လိုတဲ့အခါမှာ အခက်အခဲတွေ တွေ့ရတယ်လို့ ဂယာက စာသင်သားဦးပဉ္ဇင်းတပါးက မိန့်ပါတယ်။
ဦးပဉ္ဇင်းက “ပရိုက်ဗိတ်အနေနဲ့ ၀ယ်ချင်ရင် ၀ယ်လို့မရဘဲ သူတို့ဆီက တဆင့်ဝယ်ရတော့ ဈေး ၂ ဆ လောက်တက်ကုန်တယ်။ အသွားအပြန် ဒေါ်လာ ၃၆၀ လောက်ကျတာကို ၇၀၀ လောက်ပေးဝယ်ရတယ်။ သူတို့အဖွဲ့နဲ့ လိုက်ရင်လိုက် မလိုက်ရင် အောက် ဈေးနဲ့ဝယ်ရတာပေါ့။ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားသလို ဖြစ်နေတယ်” လို့ မိန့်ပါတယ်။
Gaya_06_IMG_3022 ဗာရာဏသီမြို့ မိဂဒါဝုန်ရှိ ဓမ္မစကြာ တရားဦးဟောရာ ဓမ္မရာဇိက စေတီတော်နေရာနှင့် ဓမ္မေခ စေတီတော်ကြီး (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)
ဗုဒ္ဓဂယာ ဘုရားဖူးတွေ မဖြစ်မနေ ကြုံတွေ့ရတဲ့ ဒေသခံ အိန္ဒိယ တိုင်းသားတွေရဲ့ အန္တရာယ်ကလည်း ရှိနေပြန်ပါသေးတယ်။ ပစ္စည်းတွေ အလစ်သုတ်တတ်တဲ့ ကလေးငယ်လေးတွေအပြင် ဓာတ်ပုံသမား ကင်မရာသမားတွေဟာ ဘုရားဖူးတွေထဲက အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ ဓာတ်ပုံလှလှ ရိုက်ပေးတာ၊ အမြန်ကူးပေးတာကနေ ခင်မင် အောင်လုပ်ရင်းက အမျိုးသမီးတွေ ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်တာ၊ မတော်မတရားပြုမူခံရတာတွေကလည်း သတိထားရမယ့် အဖြစ်အပျက်တွေပါ။
ဗုဒ္ဓဂယာ ဘုရားဖူး ရောက်ဖူးသူတွေ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရောက်ချိန်မှာတော့ ကြုံတွေ့ခဲ့ရတဲ့ ခရီးစဉ် အဆင်မပြေမှုတွေကို အချင်းချင်းပြန်ပြောပြလေ့ရှိတာမို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားဖို့ကို စိုးရွံ့နေတဲ့သူတွေ၊ ဘုရားဖူးတခေါက်လာပြီး နောင်ဘယ်တော့မှ မလာချင်တော့လောက်အောင် ဖြစ်သွားသူတွေ ရှိပါတယ်။
ရန်ကုန်မြို့က အသက် ၆၀ အရွယ်အမျိုးသမီးကြီး တယောက်က “တကယ် တခေါက်ဆို တခေါက်ပါပဲ။ ပင်ပန်းလွန်းလို့ ဘုရား ဖူး သွားရတာ ဘာအကျိုးရခဲ့မှန်းကို မသိလောက်အောင်ပါပဲ။ အသိမိတ်ဆွေတွေက ဟိုကဒီက ကြားတာတွေရှိတော့ မသွားခင်တုန်းက တားကြတယ်၊ ဗုဒ္ဓဂယာသွားရင် သေတယ်ပေါ့လေ။ မသေရင်တောင် ရောဂါရလာတယ်ဆိုပြီးတော့ ကြောက်ကြ တယ်။ ဟိုမှာ ရာသီဥတုကအစ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကြိုတင်သိထားရင် ကိုယ့်ဘက်ကလည်း ပြင်ဆင်စရာရှိ ပြင်ဆင်ရရင် ဒီလိုတွေဘယ်ဖြစ်မလဲ” လို့ ပြောပြပါတယ်။
ရန်ကုန်မြို့က ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုကတော့ “ကျမတို့ကတော့ ခရီးသည်တွေ သွားချင်တဲ့အပေါ်၊ ခရီးစဉ်ဝယ်တဲ့ အပေါ်မှာမူတည်ပြီး ရောင်းပေးတာပါပဲ။ ခရီးသည်တွေအဆင်ပြေဖို့ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဂယာက မြန်မာဘုန်းတော်ကြီး တပါးကတော့ “ဘုရားဖူးပို့ဆောင်ပေးတယ်ဆိုတာ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ပါ။ ကိုယ်က တန်ရာတန်ကြေး ယူထားပြီးပြီ ဒါကို မရောက်ဘူးတဲ့သူ၊ မသိနားမလည်တဲ့သူတွေအပေါ် ခေါင်းပုံပြန်ဖြတ်တာမျိုး၊ ဒီမှာတွေ့ရမယ့် ရာသီဥတုလို အခြေအနေတွေကို ရှင်းမပြဘဲ နေတာမျိုးတွေ မဖြစ်သင့်ဘူး၊ ဘုရားဖူးတွေအနေနဲ့ကလည်း အေးဂျင့်တွေပြောတာကိုပဲ မကြည့်ဘဲ ကိုယ့်ဘာသာ သေချာစိစစ်၊ ရာသီဥတု ဒေသန္တရအခြေအနေတွေကို အရင်စုံစမ်းသင့်တယ်။ အေးအေးဆေးဆေး ဘုရားဖူးရအောင် လူအများကြီးနဲ့ မသွားဘဲ ကိုယ့်အစုနဲ့ကိုယ်သွားတာမျိုးက ပိုကောင်းတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကိုယ်ကိုးကွယ်ရာဘာသာရဲ့အထွဋ်အမြတ်ဖြစ်တဲ့ သံဝေဇနိယ လေးဌာနကို တသက်မှာတခါ ရောက်ဖူး တယ်ဆိုရင် သေပျော်ပါပြီဆိုပြီး အရောက်သွားနိုင်ဖို့အတွက် ကြိုးစားကြရတာကြောင့် တခါရောက်ဖူးပြီးရင် နောက်တခေါက် မသွားချင်လောက်အောင် ငြိုငြင်စရာကောင်းတဲ့ ခရီးစဉ်မဖြစ်စေဖို့ ဘုရားဖူးလုပ်ငန်း အကျိုးဆောင်နေတဲ့သူတွေအနေနဲ့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ လုပ်ငန်းဖြစ်အောင် ရှေးရှုလုပ်ဆောင်သင့်တယ်လို့ ဆရာတော်က မိန့်ဆိုပါတယ်။   ။
ခြင်နှိမ်နင်းရေး ဆောင်းပါး (ဒေါက်တာလှိုင်မြင့်)
မြန်မာနိင်ငံမှာ မိုးတွင်း တရာသီရောက်လာပြီမို့  ခြင်တွေပွားများလာမှာက အသေအချာပါ။ ဂျာနယ်တွေမှာ ခြင်ဆးခွေတွေ ကြေငြာတွေကြည့်ရင် သိသာနေပါပြီ။ တကယ်တော့ ခြင်ဆေးခွေဆိုတာ.. နိုင်ငံတော်အတွက်လဲ ငွေယိုပေါက်ကြိးတခု.. မိသားစုတခု အတွက်လဲ ငွေကုန်ပေါက်အပြင်.... ဒီဆေးခွေတွေကြောင့်... မီးဘေးအန္တရာယ် .. ကျန်းမားရေး ဆိုးကျိုးတွေ ပြသနာတွေကလဲ မသေးလှပါဘူး ။ ဒါကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။
ဒီဆောင်းပါးထဲမှာပါတဲ့အချက်လေးတွေကို.. သိပံ္ပပညာရှင်တွေ မသိသေးတာလေးတွေလည်း ပါနေပါတယ်။ မယုံနိင်သူတွေကိုလဲ လက်တွ့ စမ်းကြည့်ပြီးမှ (စမ်းရတာလဲအလွန်လွယ်လို့ပါ) ပိုကောင်းတဲ့ အချက်လေးတွေ ကျနော်တို့ မသိတာလေးတွေလည်း အများကြီး ရှိပါသေးတယ်။ ကျနော် က စနစ်တကျ လေ့လာထားတာ မဟုတ်ဘဲ ကိုယ်တွေ့မိ ကြုံမိတာလေးတွေ ရေးထားရတာလေးဘဲ ရှိပါတယ်  မပြည့်စုံနိုင်ပါ။  အားလုံး ကိုယ်စီ လေ့လာကြမယ်ဆိုရင်.. ကျနော်တို့ မသိတာလေးတွေ ပိုသိလာရင် မြန်မာနိုင်ငံသားတွေကို တချိန်လုံး ဒုက္ခပေးလာတဲ့ ဒီခြင်တွေကို အမြစ်ပြတ်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ပေါ်လာမယ်လို့  ယံကြည်နေမိပါတယ်။
ကျနော့်ဘ၀မှာ သားသမီးတွေ (၃)  ယောက်ရှိခဲ့တာ တဦးတယောက်မှ ကလေးဘ၀မှာ နှာဆေးချောင်းဆိုးက လွှဲလို့တခါမှ ဖျားနာခဲ့ဘူးတာ မရှိခဲ့ပါဘူး။ ၀က်သက်ဖျားဘဲ တ၀မ်းကွဲမောင်နှမ အိမ်သွားလို့ တပြိုင်ထဲဖျားဘူး ကြတာဖြစ်ဖူးတာပါ။ ဒါပေမဲ့ ဆရာဝန်ဘ၀နဲ့  တခြားမိဘတွေ ကလေးအတွက် ပူပင်သောက ရောက်နေကြတာတွေ ပြန်တွေးမိတိုင်း ကျနော် ကမ္ဘာကြီး ချာချာလည်နေအောင် ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို မျှဝေလိုက်တာပါ ။
(ဒီနေရာမှာ ကျနော်ဟာ သူများသားသမီးကို ဆေးကုရင် ဆေးမကုခင် ကလေးကို လက်နဲ့ဆုပ်ထားပြီး ငါ့သားသမီးဆို ရင် ငါဘာထပ် စဉ်းစားအုံးမလဲ မျက်စေ့မှိတ်တွေးကြည့်ပါတယ် ဘာလိုအုံးမလဲ။ အဲဒီလိုသူများသားသမိးအတွက် အလေးထားလို့ ငါ့သားသမိးတွေ မကြုံကြရပါစေနဲ့လို့ပါ တပါတည်း ဆုတောင်းတာ။ အဲဒီ့စေတနာတွေကြောင့် ကျနော် ဆုတောင်းပြည့်ခဲ့ ရပါတယ် ။)
ဒီတွေ့ ရှိချက်တွေက ထောင်ထဲမှာ တွေ့ ရှိခဲ့ရတာတွေပါ။ ကျနော် ထောင်ကျတော့ ဒီလိုမိုးဦးကျဆိုတော့ နေရတာတော့ တိုက်ခန်းထဲမှာ ခြင်ထောင်ကလဲ အသုံးပြုခွင့်က လုံးဝမရှိ။ ခြင်တွေကလဲ တညလုံး ကိုက်ပြီးတာတောင် မနက်ပိုင်း အခန်းနံရံတွေမှာ ခိုကပ်နေတဲ့ အကောင်ကိုက တမနက်ကို အကောင်ရာနဲ့ချီ ရှိနေတာ ၄-၅ ရာ အထိရှိတာ။ (အားတာနဲ့ ကြိုးစားဖမ်း ပြီးရေတွက်ကြည့်တာပါ)
တိုက်ခန်းမှာက သံတံခါးကို သော့ခတ်ပြိးရင် သောက်ရေအိုးနဲ့ ပိတ်ထားတာ။ တညတော့ ပူလွန်းတာနဲ့ ၀န်ထမ်းမသိအောင် ရေသန့်ပုလင်းထဲ ရေကိုခိုးထည့် အခန်းကွယ်မှာ မတ်တပ်ရပ် ရေလောင်းချိုးတော့ အိုးထဲ ရေနည်းနည်းဘဲ ကျန်ပါတော့တယ်။ မနက်ကျတော့ အိုးကို ထိလိုက်တာနဲ့ ခြင်ကောင်တွေ (ဟူကနဲ) အသံမြည်ပြီး အများကြီး ပျံထွက်သွားတာ သတိထားမိလိုက်တယ်။ ခြင်တွေက တညလုံး ကိုက်ချင်တိုင်းကိုက်ပြီး အလင်းရောင်လာတာနဲ့ အခန်းထဲက ပြန်အထွက်မှာ ရေအိုးထဲ ၀င်ခိုအောင်းနေတာကိုး။
နောက်နေ့တော့ ဒီခြင်တွေဖမ်းမယ်ဆိုပြီး ရေအိုးကို အ၀တ်အစ အနက်ရောင်နဲ့  တ၀က်ဖုံးထားလိုက်တယ် ။ ရေလဲ မနေ့ကအတိုင်း သုံးပုံ တပုံလောက်ဘဲ ချန်ထားလိုက်တယ်။ ပြီး (အသာလေး) အိုးနားကပ်ပြီး အ၀တ်စလေးကို အသာလေးဆွဲ အိုးကိုလုံးဝ ဖုံးအုပ်လိုက်ပါတယ်။ ပြီး အ၀တ်အောက်ကို လက်လျှိုနိုက်ပြိး ရေတွေကို ဘောင်ဘင် ခတ်အောင် လက်နဲ့ လှုပ်လိုက်တဲ့အခါ ခြင်ကောင်တွေ ရေမျက်နာပြင်ပေါ် ကပ်သွားပါတော့တယ်။ ခြင်ကောင်တွေအားလုံးကို မိထားပါပြီ။
အဲဒီမှာ ခြင်ကောင်တွေကို ဇွန်းကလေးနဲ့ ခပ်ပြီး ရေတွက်ကြည့်တာ လားလား တညတည ကို ကိုယ့်လာပြိး ပွဲတော်တည်နေတဲ့ ခြင်အကောင်က ၁၅၀၀ ကနေ ၂၀၀၀ လောက် များတာပါလားလို့။ နေ့တိုင်းရေတွက်တာ။ နောက်တော့ ဘေးအခန်းတွေကပါ လိုက်လုပ်လာကြတာ ခြင်အကောင် အရေအတွက်က ၁၂၀ထိ တဖြေးဖြေးလျှော့လာပါတယ်။ နောက် ၈၀ ကနေ နောက်ဆုံး ဆယ်ဂဏန်းအထိ ကျဆင်းသွားပါတော့တယ်။
တခါ ဒါကျနော် တို့  တိုက် (၁) တိုက်မှာ လျှော့သွားတာနော်။ ကျနော်တို့ တိုက်နဲ့  အကွာအဝေး ပေ ၅၀- လောက်မှာ (၂) တိုက် ပေ ၂၀၀ ကျော် လောက်မှာ (၃) တိုက် ရှိတာ။ အဲဒီတိုက်တွေမှာ ခြင်တွေက သောင်းကျန်းမြဲ သောင်းကျန်းနေတုန်း။ဘာကို သတိထားမိသလဲဆိုတော့ ခြင်ကောင်ဆိုတာ သိပ်ဝေးဝေး မသွားဘူးဆိုတာ သိလာပါတယ်။ နောက် တခြားတိုက်တွေကိုပြောပြတော့ လိုက်မလုပ်ကြဘူး။ (ဒီနေရာမှာ ယင်ကောင်တွေ ကတော့ ငါးဖမ်းစက်လှေတွေ ပင်လယ်ထဲမှာ ငါးပုတ်ခြောက်လုပ်ရင် ပင်လယ်လေထဲက အနံကိုခံပြီး ရေမိုင် (၃၅- မိုင်အထိ) ရောက်အောင်သွားကြပါတယ်။ ပင်လယ်ငါးဖမ်းတဲ့ ဦးလေးကြီး ပြောပြတာပါ ။ )
ထောင်ထဲရောက်ပြိး လေး-ငါး- လလောက်မှာ ကပ်ပါယ်အိတ် (ဝှေးစေ့) ယောင်ပြီး အောင့်လာပါတယ် (ဆင်ခြေထောက်ပိုးကြောင့် .. epididymitis @ orchitis)။ ဆရာဝန်ကိုပြတော့ ထောင် မှာ တာဝန်ကျတဲ့ ဆရာဝန်တွေဟာ ဘယ်လောက် ချာသလဲဆိုတော့။ (ဒါထောင်ကျသူတိုင်း... ဖြစ်လေ့ရှိတဲ့.. အိမ်သတိရ ရောဂါဆိုပြီး) မဟုတ်တရုတ်တွေ ပြောပါတယ်။ ဆေးလက်မှတ်တောင်း တာတောင်မပေးဘူး။ နောက်တခြားသူ တဦးနာမည်နဲ ဆေးလက်မှတ် တောင်းသောက်ရမှ သက်သာလာတယ်  ထောင်ဆရာဝန်တွေ ဘယ်လောက်ချာတယ် ဆိုတာသာ စဉ်းစားကြည့်ကြပါ။
တခါထောင်ကလွှတ်တော့ လူမှုရေးလုပ်ရင်း မြန်မာနိုင်ငံရဲ့ ခြင်အများဆုံးမြို့ဖြစ်တဲ့ မအူပင် ဘက်ရောက်တော့ လူငယ်လေးတွေ အူကျလို့ ဆိုပြီးခွဲကုနေကြတာ တော်တော်များနေတာ တွေ့ရပြီး ပြီးတခါပြန်ဖြစ်နေလို့ ကျနော့်ကိုယ် တိုင်ပင်လို့ စမ်းသပ်ကြည့်တော့ ခြင်ကြောင့် ဆင်ခြေတောက်ပိုး ၀င်လို့ဖြစ်တဲ့ ဝှေးစေ့ယောင် ရောဂါဖြစ်နေကြတာ တွေ့ရပါတယ်။ (epididymitis @ orchitis -ဆေးပညာမှာ ခြင်ကြောင့် ဆင်ခြေထောက်ပိုးကြောင့်လို့  သိပ်မဆိုထားပါဘူး)။ ဒါနဲ့  ဆေးညွှန်းလိုက်တော့ သက်လဲသက်သာ ရေရှည်မှာ ပြန်မဖြစ်ကြတော့ဘူး သူတို့ ခမျာခွဲလည်း အခွဲခံရ ဆရာဝန်ကိုလဲ ကန်တော့ရ ကုန်ကြရရှာပြီး ပြီးပြန်ဖြစ်လာကြတာ။ သူတို့ကိုယ်တိုင် ဆရာဝန်ဖြစ်ပြီး မသိကြတာ။ ကျနော်ကုပေးလို့ ပျောက်တော့မှ အေးကွာ ဒို့ဆေးကျောင်းသင်ရိုးထဲမှာ  အဲဒီလိုသင်မထားဘူး ညဉ်းကြရှာတယ်။
ဒီနေရာမှာ ဆင်ခြေထောက်ကြောင့်ဖြစ်ရင် ဝှေးစေ့ အထက်မှာကို အကြောက ထုံးနေသလို ထူနေတယ်။ နာတယ်။ အနာက အဲဒီ အထက်မှာ ပိုနေတာ သတိထားစေချင်ပါတယ်။ တခြား ရောဂါတွေလဲ ဆင်တူ ရိုးမှား တွေရှိပါတယ်။ ကာလသားပိုးတွေကြောင့်လဲ ရောင်တတ်ပါတယ်။ ခက်တာက.ကျနော်တို့ ဆေးကျောင်း သင်ရိုးညွှန်းတမ်းစာအုပ်တွေက ဖွံ့ ဖြိုးပြီး နိင်ငံတွေက စာအုပ်တွေဆိုတော့ အဲဒီစာအုပ်တွေမှာ တချို့နိင်ငံ ဆေးကျောင်းတွေမှာဆို.. ဆင်ခြေထောက်ပိုးကြောင့် ဖြစ်တယ်ဆိုတာထက် ဆင်ခြေထောက်ပိုး အကြောင်းတောင် မပါတော့ မသိကြဘူး။ ဒါတွေသိဘို့  အိန္ဒိယ ဆေးကျောင်းစာအုပ်တွေမှာမှ ကောင်းကောင်းပါပါတယ်။
သေချာတာကတော့ ဆင်ခြေတောက်ပိုးရှိ မရှိ သွေးစစ်လို့ လွယ်ကူတဲ့ နည်းတွေရှိနေပါပြီ။ ၁၉၉၈ -မတိုင်ခင်ကဆိုရင် အထူးသဖြင့် (မ.ဆ.လ) ခေတ်ကထည်းက.. ဆင်ခြေထောက်ပိုးသတ်ဆေး (FILACIDE) ဟာ အရောင်းထိုင်းဆေး ဖြစ်နေလို့ အပြင်မှာ ၁၀၀-ပါတပုလင်းကိုမှ ၂.၅၀ ကျပ် လောက်ဘဲရှိပါတယ်။ ၁၉၉၈ -ခုနစ်မှာ..ကုလသမဂ္ဂမှ ခြင်အလွန်နည်းသော ရွှေဘိုမြို့နယ်တွေဘက်မှာ သွေးစစ်ကြည့်တော့ ဆင်ခြေထောက်ပိုးရှိနေသူ.. ၁၈-% မက များနေတာတွေ့ရတော့မှ အဲဒီဆင်ခြေတောက်ဆေး Filacide ဟာ ဆေးတပြား ၂၅ ပြားလောက် တန်ရာကနေ တပြားကို..၂၀-ကျပ် အထီကို ခုန်တက်သွားပါတော့တယ်။ ရှားလဲရှားပါးလာတယ် ။
ဒါနဲ့ ပတ်သက်ပြီး ထူးခြားမှုလေး နှစ်ခုကို သတိပြုမိပါတယ်။ ၁၉၉၀ - ၀န်းကျင်က.. မိတ်ဆွေ မိသားစု နစ်ခုမှာ ယောင်္ကျားလေး နှစ်ယောက် တဦးက ၃-နစ်အရွယ်.. တဦးက.. ၄-နစ်ကျော်ကျော်..တို့ ကပ္ပါယ်အိတ်ယောင်ပြီး နာလို့ ငိုနေကြရပါသည်။ တခြားဆရာဝန်တွေကိုပြတော့ ပဋိဇီဝဆေးတွေပေးပြီး မသက်သာပါဘူး။ နောက်ပိုင်း ဆေးထိုးမယ်လုပ်တော့မှ ကျနော့်ဆီရောက်လာပါတယ်။ ကျနော်က ရှင်းပြပြီး ဆင်ခြေထောက်ဆေး ပေးလိုက်တော့ နှစ်ရက်လောက်နေတော့ ယောင်ပြီး နီရဲ နေတာလေးတွေဟာ ခရမ်းချဉ်သီး သရက်သီး အမှည့်လွန်တဲ့အခါ. အရေခွံလေးတွေ ရှုံ့တွသလိုရှုံ့လာပြီး သက်သာလာပါတယ်။ မနာတော့ မငိုလည်း မငိုကြတော့ပါဘူး။ ကျနော်ကလည်း နိုင်ငံရေးနဲ့ ထောင်ကျသွားလေတော့ သူတို့ကို ဆေးပတ်လည်အောင် သောက်ဘို့ မညွှန်ကြားနိုင်ခဲ့ပါဘူး။
ဒါပေမဲ့.... အဲဒီ့လူငယ်လေး နှစ်ဦးဟာ အခု နည်းနည်း မိန်းမစိတ်ပေါက်နေတာလေး အတွက် သတိထားမိတာလေးကို သတိပေးလိုပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တယ်လို့ ယတိပြတ် မပြောနိုင်သလို မဆိုင်ဘူးလို့လဲ ယတိပြတ် ငြင်းဘို့ခက်နေပါတယ်။ မန္တလေးထောင်ထဲမှာလဲ လူငယ်တဦးဟာ ၁၉၉၄ လောက်ကတည်းက ထောင်ကျနေရှာပါတယ်။ ဖေါက်ခွဲမှုနဲ့ပါ။ သူ မှာ ကပ္ပါယ်အိတ်က ယောင်ပြီး အတော်လေးကိုယ် ကြီးးနေပါတယ်။ ကျနော်နဲ့က ၂၀၀၁- နှစ်ကျမှ ဆုံရတော့ သူပြလို့ သိရပြီး ဆေးတိုက်တော့ တဖက်ဘဲ ပြန်လျှော့သွားပြီး တဖက်ကတော့ မာနေပါပြီ။ ဖြစ်တာလဲ အတော်လေးကြာနေပြီ။ သူဟာ မိန်းမဆန်ဆန် ပြောဆိုလာ နေတာတော့အားလုံးက သတိထားမိ နေကြပါပြီ။
မိန်းမစိတ်ပြောင်းတာ တခြားများစွာသော အကြောင်းရင်းတွေလဲ ရှိပါတယ်။ တိုက်ဆိုင်တယ်ဘဲထားပါ  ပေါ့ပေါ့တော့ သဘောထားလို့ မရပါ။ ပါးကျိတ်ယောင်တဲ့.. mumps ဟာ ဗိုင်းရပ်ကြောင့် ပါးကျိတ်ယောင်တာပါ။ သူက အခန့်မသင့်ရင် ဝှေးစေ့ ကိုပါ ယောင်စေနိင်တယ်။ အဲဒီလိုယောင်ရင် ပန်းအားနည်း တတ်တာကိုတော့ လိင်ဘက်ဆိုင်ရာပ ညာရှင်တွေ ဆရာဝန်တွေက တရေးတယူ မေးခွန်းထုတ်ကြပါတယ်။ ဆက်စပ်မှုကို ချင့်ချိန်ကြည့်ပါ။
ထားပါတော့ ဒါက အသေးအမွှားရောဂါပါ။ လူကိုသေစေတဲ့ရောဂါကြီး မဟုတ်သေးပါဘူး။ ဒါပေမယ့် ကြီးလာရင် ရှိလာနိုင်တဲ့ ပြသနာမို့  ပြသနာကို မေ့လျှော့နေမှာမို့ ရေးရတာပါ။ ခြင်ကနေကူးစက်ပြီး ဒီရောဂါထက် ကြောက်စရာ ကောင်းတာတွေကတော့
(၁) သွေးလွန်တုတ်ကွေး
(၂) ဦးဏှောက် အမှေးပါးယောင်ယမ်းတာ ကလဲ ခြင်က တဆင့်ကူးတာ။
(၃) ငှက်ဖျားရောဂါ စတာတွေက အလွန်ကြောက်စရာ ကောင်းပါတယ် ။
ဒီတော့ ကျနော်တို့တတွေ ကျနော်တွေ့ရှိ ထားတာလေးတွေထက် ပိုပြီး စူးစူး စမ်းစမ်းလေး လေ့လာကြပါလို့ တိုက်တွန်းရင်း... ပြည်တွင်းကိုလဲ... အိမ်ခန်းထဲမှောင်တဲ့ နေရာတွေမှာ ရေအိုးအဟောင်းနဲ့ ခြင်တွေထောင်ဖမ်း ပြီးရင်  ခြေဖေါ့ဖေါ့ လေးနင်းလျှက် တ၀က်ပိတ်ထားတဲ့ အ၀တ်စလေးကို ပိတ်ကာ (အ၀တ်စလေးကို.. ကြိုးနဲ့လှမ်းဆွဲ လို့ရအောင်လည်း လုပ်ထားနိုင်ပါတယ်) ခြင်ကောင်တွေ ကိုယ်စီ နိမ်နှင်းကြမယ်ဆိုရင် မြန်မာကလေးငယ်လေးတွေရဲ့ အသက်တွေ ကိုကယ်တင်နိုင်ပါမယ်လို့ တင်ပြရင်း ပြည်တွင်းကိုလဲ သတင်းမျှဝေပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
နောက်တပတ် စိတ်ဝင်စားသူများရင် ယင်ကောင်ထောင်ဖမ်း ရှင်းလင်းတာလေး တင်ပြချင်ပါတယ် ။ ယင်ကောင် မျိုးမပြုတ်နိုင်တောင် နည်းသွားစေရပါမယ်။
ဆင်ခြေထောက်ပိုးအတွက် သောက်ရတဲ့ ဆေးအညွှန်းလေးကတော့ FILACIDE (diethylcarbamazine) ကို ၂၁- ရက် သောက်ရပါတယ်။ ဆေးအညွှန်းက ရှင်းပြရတာ တော်တော်လေးခက်လို့  နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ကြတာ ပိုမိုသင့်လျှော်ပါမယ်။ ပြီးနောက် ၂ - ၃ လ လောက်ကြာရင် နောက်တကြိမ် ထပ်သောက်ရပါတယ်။ ဆေးက နှစ်ကြော့သောက်ရတာပါ ။
ကမ္ဘာ့အနံ့ပြင်းဆုံးပန်း ၇၅ နှစ်အတွင်း ပထမဆုံးအကြိမ်ပွင
ကမ္ဘာ့အနံ့ပြင်းဆုံးပန်းပင် ဖြစ်သည့် Titan Arum သည် ၇၅ နှစ် အတွင်း ပထမဆုံးအကြိမ် အဖြစ် ဧပြီလ ၂၅ ရက်နေ့က
ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်လ်တက္ကသိုလ်တွင် ပွင့်ခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ဆူမားတြား မိုးသစ်တောများတွင် ပထမဆုံး ပေါက်ခဲ့သည့် ၎င်းပန်းပင်သည် ရှစ်ပေထိ မြင့်မားပြီး
ကမ္ဘာပေါ်တွင် ဖြာထွက်မှု မရှိသည့် အကြီးမားဆုံးအမြစ် ရှိသည်။ ပျှမ်းမျအားဖြင့် ၎င်းပန်းပင်တို့သည်
ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ် ပွင့်လေ့ရှိသည်။
၎င်း၏ ထူးဆန်းသည့်ပန်းပွင့်၏ ပုံသဏ္ဌာန်ကြောင့် အပင်စုသူများ၊ အပင်ဝါသနာအိုးများက ၎င်းအပင်ကို အရူးအမူး
နှစ်သက်ကြသည်။ ယင်း၏ပန်းပွင့်တွင် ထီးရွက် အရွယ်အစားရှိ ပွင့်ချပ်များရှိပြီး သုံးပေမှ လေးပေအထိ အချင်းရှိသည်။
၎င်းပန်းပွင့်၏အနံ့ကို မိုင်ဝက်မှပင် အနံ့ခံ သိရှိနိုင်သည်။ ညအချိန်တွင် အပွင့်၏အနံ့မှာ အပြင်းထန်ဆုံးဖြစ်ပြီး
ဝတ်မှုန်ကူးပေးသည့် အင်းဆက်များကို ဆွဲဆောင်သည်။
၎င်း၏အနံ့မှာ အသားပုပ် အနံ့မျိုး ရှိသော်လည်း ပွင့်ခဲလှသည့် အပင်၏ ဓလေ့ကြောင့် ရုက္ခဗေဒ ပညာရှင်များက အပင်ကို
အလွန်သဘောကျကြသည်။ ၀တ်မှုန်ကူးရန် အဆင်သင့် ဖြစ်နေပါက ပင်စည်သည် ပူနွေးလာပြီး စူးရှသည့်အနံ့ကို
400px-Titan_arum_Kew_6697.JPG
800px-Corpseflower.jpg
ငွေကြေးမကုန်ကျ ဘဲ ကျန်းမာအောင်နေနည်း
ငွေကြေးမကုန်ကျ ဘဲ ကျန်းမာအောင်နေနည်း အိုက်ရင်စောင်ခြုံ မီးကိုလှုံ၊ မောရင်တောင်တက် ကျောက်ခဲရွက်၊ ချမ်းလျှင်ရေချိုး နှင်းတောတိုးဆိုပြီး မြန်မာ့တိုင်းရင်း သမားတော်ကြီးတွေ ပြောခဲ့ပါတယ်။ ဆိုလိုတာက ရာသီအလိုက်
မျှတအောင်နေတတ်ဖို့လိုပါတယ်။
 ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ အပူရှိန်ဆိုတာ ရှိတယ်။ ဒီအပူရှိန်နဲ့ ပတ်ဝန်းကျင်
အပူရှိန်နဲ့က ညီညွတ်မျှတအောင်နေတတ်ရပါတယ်။ မနေတတ်ရင်ရောဂါရတတ်ပါတယ်။  ဘာလဲဆိုရင်ဒီဝမ်းထဲက အပူရှိန်နဲ့အပြင်က အပူရှိန်မျှတဖို့လိုပါတယ်။
 ရှမ်းပြည်နယ်မှာ နေတဲ့လူနဲ့ အညာဒေသမှာ နေတဲ့လူ အနေအထိုင်ချင်း မတူဘူး၊ အညာမှာနေတဲ့သူက ပိုပြီးတော့ အပူရှိန် ခံစားရတယ်။ ရှမ်းမှာ နေတဲ့လူကတော့ အေးတဲ့ဟာကို
ခံစားရတယ်။ စားသောက်နေထိုင်တာ ပြောရရင် အစားအသောက်ကို အရင်ပြောပါရစေ။ ပူတဲ့ဒေသမှာ နေတဲ့လူဟာ အရမ်းကြီး အအေးစာတွေ စားလို့မကောင်းဘူး။ သမမျှတတဲ့ အပူရှိန်ရှိတဲ့
အစားအစာကို စားရတယ်။ အေးတဲ့အရပ်မှာ နေတဲ့လူကျတော့ ဝမ်းထဲမှာကလည်း အပူရှိန်တော့ ရှိတယ်။ ဒါပေမဲ့ သူက အညာဒေသ နေသူလောက်မပူဘူး။ ဟိုဘက်ကျတော့ အေးနေတယ်။
များသောအားဖြင့် အေးတဲ့ဒေသမှာ နေတဲ့လူဟာ အေးတဲ့အစာကို စားရမယ်၊ တိုင်းရင်းဆေးမှာ အေးတဲ့အစာ၊ ပူတဲ့အစာဆိုပြီး ခွဲတယ်၊ ပြန်ပြောရရင်အညာဒေသမှာ နေတဲ့လူဟာ အများအားဖြင့်
ပူပူစပ်စပ်တွေ စားတာများတတ်တယ်။ အေးတဲ့အရပ်မှာ နေတဲ့သူတွေဟာ နေကောင်းချင်ရင် (သူတို့ဘာသာ အပူအစပ်ကြိုက်လို့ စားတာတော့ မတတ်နိုင်ဘူး)  အေးအေး ချိုချိုချဉ်ချဉ်လေးတွေ
စားရမယ်။ ဒါဟာ ပထမဆုံး အစားအသောက်ပဲ။ တချို့ကျတော့ အစပ်တွေစား၊ အခါးတွေစား မဆင်ခြင်ဘူး။ ကိုယ်က ဘယ်ဒေသမှာ နေတာလဲ၊ အေးတဲ့ နေရာမှာလား၊ ပူတဲ့နေရာမှာလား၊
ရွှံ့နွံထူထပ်တဲ့နေရာမှာလား၊ တချို့က ဒါကိုအကဲမခတ်ဘူး။
 ကြေလွယ်တဲ့ အစားအသောက်တွေ စားဖို့လိုတယ်။ “ဆောင်းမှာအချဉ်၊ နွေမှာအချို၊ မိုးမှာအခါး”  တဲ့။ ဒါဟာ တိုင်းရင်းဆေးမှာ ဓာတ်စာပဲ။ ဆောင်းမှာ အချဉ်ဆိုတာက ဆောင်းဟာ
အခိုးပိတ်တဲ့ ရာသီပဲ။ ဒီလိုရာသီဟာ ဆောင်းပဲ။ ခါတိုင်း ချွေးထွက်တယ်၊ အခုမထွက်ဘူး။ ဘာလို့လဲ ဆိုတော့ လေလေးက တိုက်နေတယ်။ အဲလို တိုက်တဲ့အခါမှာ အထဲကအပူက အရမ်းများတာ။
ဘာကြောင့် အချဉ်ကို စားခိုင်းတာလဲ ဆိုရင်အချဉ်ဟာ ဗမာလို အခိုးပွင့်တဲ့ ဓာတ်ရှိတယ်။ တချို့မေးကြတယ်။ အပူအစပ်ကရော အခိုးမပွင့်ဘူးလား။ ဆိုချင်တာက ဆောင်းဟာ အေးတဲ့အတွက်
အပူကို သိပ်အားမပေးဘူး။ ဆန့်ကျင်ဘက်ကြီး ဖြစ်မှာစိုးလို့။ ပွင့်တာတော့ ပွင့်တာပဲ။ အေးပွင့်တာနဲ့ ပူပွင့်တာ ကွာတယ်။ တိုင်းရင်းဆေးက ပူပွင့်တာကို မလိုချင်ဘူး။  ဆောင်းမှာဆို အချဉ်လေးကို ပိုစားလိုက် ကျွဲကော၊ လိမ္မော်၊ ရှောက်ချို၊ စပျစ်၊ နာနတ် ဒါက အသီးနော်၊ အရွက်အနေနဲ့လည်း မန်ကျည်းရွက်ဟင်းချိုလေး၊
ကင်ပွန်းချဉ်၊ ကန်စွန်းအချဉ်ရည်လေး စသဖြင့်ပေါ့။ မိုးမှာအခါးလို့ ဆိုတာတော့ မိုးတွင်းမှာ လေက ဟိုဘက်ကတိုက်လိုက်၊ ဒီဘက်ကတိုက်လိုက်မဖြစ်ဘူးလား။ ဒါကိုနိုင်တာက အခါး၊ ဒါကြောင့်မို့
အခါးဓာတ်ကို သွင်းပေးတာ၊ နွေကျတော့ မမောဘူးလား။ ပူလိုက်တာမှ မောတောင်မောတယ်။ မောတော့ အချိုဓာတ်က အားဖြစ်တယ်။ ဒါကြောင့် အချိုဓာတ်သွင်းပေးတာ။ မိုးမှာ ကြက်ဟင်းခါး၊
ကြောင်လျှာ၊ ရဲယိုတို့လိုမျိုးကို မစားလို့ကို မရဘူး။ ဆေးဆိုလည်း အခါးလေးတွေ လိုက်တိုက်ရတယ်။ သူ့ဓာတ်လေးတွေ နားလည်ဖို့ လိုတယ်။ အချိုဆိုလို့ရှိရင်သိပြီးသားပဲ။ ထန်းလျက်၊ သကြား၊
နောက်ချိုတဲ့အသီးတွေ စားတာတို့ပေါ့။
အခုလိုမျိုး အအေးလှိုင်းဖြတ်တာတို့၊ မုန်တိုင်းတိုက်တာတို့ကို မပြောဘူးနော်။ ဒါက သဘာဝကို ဆန့်ကျင်သွားပြီ။ ဆိုလိုတာက သာမန်ရဲ့ အပူရှိန်တွေ (ရာသီဥတု မျှတနေတဲ့ အပူရှိန်)မှာ
ဆိုရင် ချမ်းတဲ့နေရာမှာ ရှိတဲ့သူဟာ အအေးဒဏ်ကို ခံနိုင်တယ်။ ဒါကြောင့် ရေချိုးရင် ချိုးနိုင်သလို ပန်ကာဖွင့်တာတို့၊ အဲကွန်းဖွင့်တာတို့ လုပ်ပြီးနေလို့ ရတယ်။ များသောအားဖြင့် ပူအိုက်တဲ့
နေရာမှာနေတဲ့ သူကျတော့ အဲဒီလို လုပ်လို့မရဘူး။ ဒါပေမဲ့ လူတွေထင်တာက အိုက်လို့ရှိရင်အိုက်တာကို မခံဘဲ အေးအောင်လုပ်ကြတယ်။ ပန်ကာဖွင့်တာတို့၊ အဲကွန်းဖွင့်တာတို့ အဲလိုလုပ်ပြီး
နေကြတယ်။  အဲလိုနေရင်ရောဂါမျိုးစုံ ရတတ်ပါတယ်။ အထူးသဖြင့်လေဖြတ်တာတို့စသဖြင့်ပေါ့။ ပြောချင်တာက မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့အပူရှိန်နဲ့ပတ်ဝန်းကျင်မှာရှိတဲ့အပူရှိန်အမြဲကြည့်ရတယ်။
ကျန်းမာချင်ရင် အမြဲတမ်း ၁၂ ရာသီ ချွေးထွက်ပါစေ ။ မျှအောင်နေကိုနေတတ်ရတယ်။ အဲဒါ အသက်ရှည်တဲ့နည်းပဲ။ ဘာဆေးမှ သောက်စရာမလိုတဲ့နည်းပဲ။ နောက်၁၂ ရာသီလုံး အခိုးပွင့်ပါစေ။ လူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူရှိန်ကိုထုတ်တဲ့နည်းဟာ
ချွေးနည်းပဲ။ ဘာနည်းမှ မရှိဘူး။ ဥပမာ -အဖျားပျောက်တော့မယ်ဆိုရင်ချွေးထွက်လာမယ်။ နောက်တော့ ကျသွားမယ်။ ဒါကြောင့်မို့ ကျန်းမာချင်ရင်အခိုးပွင့်အောင်၊ ထွက်အောင်အမြဲတမ်း ၁၂
မနှစ်ကဆိုလည်း မန္တလေးဘက်မှာ အပူလှိုင်းကြောင့် လူတွေဆုံးရှုံးကြတယ် မဟုတ်လား။ ဒါကြောင့်မို့လို့ ပြောချင်တာက ဘာလဲဆိုရင် မိမိခန္ဓာကိုယ်ရဲ့ အနေအထားကို မျှမျှတတဖြစ်အောင်နဲ့
ဘယ်လိုရာသီဥတု ပြောင်းလဲမလဲ၊ ဘယ်လိုရာသီဥတု ဝင်လာမလဲဆိုတာ ကြည့်ပြီးတော့သတိတရားလေးပေါ့။ အသက်ဉာဏ်စောင့်ဆိုသလို နေရပါမယ်။
 ခုနက ပြောသလို အအေးလှိုင်း ဖြတ်တာ၊ အပူလှိုင်း ဖြတ်တာတွေက သဘာဝကို ဆန့်ကျင်တာ။ ဒါခဏပါ။ အထက်မှာ ပြောသလို အမြဲတမ်း နေတတ်ပြီဆိုရင် ခန္ဓာကိုယ်က
ကောင်းလာတယ်။ ကောင်းလာရင် ဒီဒဏ်တွေကို ခံနိုင်မယ်လို့ ယူဆတယ်။ မဆင်ခြင်ရင် မကောင်းဘူးပေါ့ဗျာ။ နောက် မှာချင်တာက အအေးလှိုင်းဖြတ်တာနဲ့ ပတ်သက်ပြီး ဖြည့်ပြောရရင်
သတိပေးတာပေါ့။ ဒါပေမဲ့ နွေးနွေးထွေးထွေးတော့ နေကြရမယ်။ မနေလို့ မဖြစ်ဘူး။ အစားအသောက်ဆိုလည်း သင့်မြတ်တဲ့ အစားအစာလေးတွေကို မျှမျှတတနဲ့ အစာကြေအောင်
စားဖို့အရေးကြီးတယ်။ ကိုယ့်မှာရှိတဲ့ရောဂါအခံကို ကြည့်ပြီး ဒီ့ပြင်အချိန်ထက်ပိုဂရုစိုက်ရမယ်။