Search This Blog

Showing posts with label Mobile. Show all posts
Showing posts with label Mobile. Show all posts

Wednesday, May 11, 2011

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြ

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
Appleကုမ္ပဏီသည် ဈေးကွက်တွင် လက်ရှိအောင်မြင်နေသည့် iPhoneထက် ပိုသေးပြီး ပိုလည်းဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ Prototype မျိုးစပ်နည်းပညာကို အသုံးပြုလာမည့် iPhoneအသစ်သည် ဒေါ်လာ(၂၀၀)၀န်းကျင်သာ ဈေးနှုန်းကျသင့်ဖွယ် ရှိနေကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့သည်။ Android OSသုံး ဖုန်းများသည် မိုဘိုင်းလ်ဖုန်း ရောင်းချမှု ဈေးကွက်၏ (၃၂.၉)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားချိန်တွင် iPhone၏ ဈေးကွက်ဝေစုက (၁၆)ရာခိုင်နှုန်းမျှသာ ရှိနေခြင်းကြောင့် Appleက ယခုခြေလှမ်းကို စတင်လာခြင်း ဖြစ်ဖွယ်ရှိသည်။ iPhoneအသေးစား ထုတ်လုပ်ရောင်းချမည့် စီမံကိန်း၏ နောက်ကွယ်တွင် ကျန်းမာရေးကြောင့် Apple၏ CEOရာထူးမှ ဆေးခွင့်တင်ကာ အနားယူနေသည့် စတိဗ်ဂျော့ဘ်က အခရာအဖြစ် ပါဝင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ကုမ္ပဏီ၏ စီမံကိန်းများနှင့် ပတ်သက်လျင် အလွန်လျှို့ဝှက်လေ့ရှိသော ထုံးစံအတိုင်း Appleက ယခုသတင်းကို တစုံတရာ ထင်မြင်ချက် မပေးသေးချေ။ Appleသည် ၎င်းတို့၏ နာမည်ကျော် Tabletကွန်ပျူတာ iPad၏ ဒုတိယမျိုးဆက်ကိုလည်း စတင်ထုတ်လုပ်နေပြီး မကြာမီ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ထူးခြားသော LCD နည်းပညာများဖြင့် iPhone 6 ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

iPhone 5 Rumors Give Way to iPhone 6 Rumors

iPhone 5 Rumors Give Way to iPhone 6 Rumors

သင့်အနေဖြင့် iPhone 5 ထွက်ရှိမည်ဟူသော သတင်းများကို 0x158င်း၏ ကင်မရာ အရည်အသွေးနှင့် အခြား Feature များအထိ သိရှိနေပြီဖြစ်သော်လည်း ယခုထွက်ရှိမည်ဟု သတင်းထွက်နေသည်မှာ iPhone 5 မဟုတ်တော့ပဲ iPhone 6 ပဲဖြစ်ပါတယ်။

iPhone 6 ထွက်ရှိမည်ဟူသော သတင်းအား ဂျပန်နိုင်ငံရှိ Nikkan သတင်းစာမှ ဖော်ပြခဲ့ပြီး သတင်း၌ ဖော်ပြထားချက်အရ iPhone 6 တွင် low-temperature polysilicon နည်းပညာခေါ် ဖုန်း၏ LCD အား ပါဝါအသုံးပြုမှု အနည်းပါးဆုံးနှင့် အပူချိန်အသက်သာဆုံးဖြစ်သော pi-Si LCD နည်းပညာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် Appleinsider ၏ ဖော်ပြထားချက်များအရ အဆိုပါpi-Si LCD မှာ ထုတ်လုပ်သူများကို optical sensor များ၊ signal processor များနှင့် အခြား ဆားကစ်များကို မှန်ပြားပေါ်တွင် Layer တစ်ခုအဖြစ် ထားရှိသွားစေနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

iPhone 6 အတွင်း အဆိုပါ LCD နည်းပညာ အသုံးမပြုခင် ပထမဆုံးအသုံးပြုသွားမှာကတော့ Sharp မှ ဖြစ်ပြီး 0x158င်း၏ နောက်ထုတ်လုပ်မည့် Screen မျက်နှာပြင်တိုင်းတွင် pi-Si LCD အား အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုအချိန်ထိတွင် iPhone 6 အား ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများသာ ထွက်ရှိနေသေးပြီး iPhone 5 နှင့် iPhone 6 တို့အား ကောလဟာလများထွက်ရှိထားသည့်အတိုင်း အမှန်တကယ် ထွက်ရှိလာ မလာစောင့်ကြည့်ရမှာအမှန်ပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Wednesday, January 26, 2011

ံHTC Window phone 7


အားသာချက် - HTC HD7 မှာ ၄.၃ လက်မအရွယ် display တပ်ဆင်ပေးထားပြီး ဖုန်းရဲ့တည်ဆောက်ပုံကလည်းကျစ်လစ်ကာ kickstand ကိုလည်းထည့်သွင်းပေးထားပါတယ်။
Windows Phone 7 ကိုအသုံးပြုထားပြီး wireless option များဖြင့်အသုံးပြုနိုင်သည့်အပြင် HD ဗီဒီယိုရိုက်ကူးနိုင်တဲ့ 5-megapixel ကင်မရာနဲ့ 16GB internal memory တို့ပါဝင်လာပါတယ်။
အားနည်းချက် - Memory ကိုထပ်မံတိုးချဲ့နိုင်ခြင်းမရှိသလို စပီကာကလည်းအားနည်းချက်ရှိပါတယ်။ ထို့အပြင် touch screen ကလည်း နောက်ဆုံးပေါ် device များကဲ့သို့တောက်ပခြင်းမရှိပါဘူး။

Design
HTC HD7 စမတ်ဖုန်းရဲ့အရွယ်အစားဟာ အလျား ၄.၈ လက်မ၊ အနံ ၂.၇ လက်မနဲ့ အထူ ၀.၄ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၅.၇ အောင်စဖြစ်ပါတယ်။ ဖုန်းရဲ့တည်ဆောက်ပုံဟာကျစ်လစ်ပြီး လက်ထဲမှာကိုင်ထားတဲ့အခါလည်း သက်သောင့်သက်သာရှိစေပါတယ်။ ဖုန်းရဲ့ display အဖြစ် ၄.၃ လက်မအရွယ် touch screen ကိုတပ်ဆင်ပေးထားပြီး ယင်းဟာလက်ရှိ Windows Phone 7 ဖုန်းတွေမှာအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ ebook ဖတ်ရှုခြင်းတို့ကိုပြုလုပ်ရာမှာ အကျိုးကျေးဇူးရရှိစေမှာပါ။ ထို့အပြင် အ ရွယ်အစားကြီးမားတဲ့ကီးဘုတ်ဖြင့် အသုံးပြုနိုင်တာကြောင့် Samsung Focus နဲ့ HTC Surround တို့ထက် စာသားများကို ပိုမိုလျင်မြန်စွာဖြင့် ရိုက်နိုင်မှာဖြစ်ပါတယ်။ Touch
screen ရဲ့တုံ့ပြန်မှုဟာကောင်းမွန်ပြီး pinch-to-zoom နဲ့ scrolling တို့အတွက် အလွန်အဆင်ပြေစွာဖြင့် အသုံးပြုနိုင်စေပါတယ်။ Screen ဟာ 480x800 pixels resolution ဖြင့်ဖော်ပြပေးနိုင်တာကြောင့် ကြည်လင်တောက်ပပေမယ့်လည်း Samsung Focus မှာအသုံးပြုထားတဲ့ Super AMOLED screen ကဲ့သို့တောက်ပစွာဖော်ပြနိုင်ခြင်းမရှိပါဘူး။

Features
Operating system အဖြစ် Windows Phone 7 ကိုအသုံးပြုထားပြီး ဖုန်းရဲ့ feature များအဖြစ် quad-band world roaming, speakerphone, call waiting, call forwarding, conference calling, voice dialing, text and multimedia messaging တို့ဖြင့်အသုံးပြုနိုင်သလို 3G-capable, Wi-Fi (802.11b/g/n), Blue-tooth 2.1 နဲ့ GPS စတဲ့ကြိုးမဲ့စနစ်များဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ memory အဖြစ် 16 GB internal memory ပါဝင်ပေမယ့် expansion slot ပါဝင်လာခြင်းမရှိပါဘူး။ ကင်မရာအနေနဲ့ 5 mega-pixels ကင်မရာတပ်ဆင်ပေးထားပြီး resolution ခြောက်မျိုးဖြင့် ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရဲ့အရည်အသွေးကတော့ အကောင်းစားကြီးမဟုတ်ပေမယ့် အရောင်များကို ပုံမှန်အတိုင်းရရှိနိုင်စေပြီး outdoor ရိုက်ကူးတဲ့အခါမှာတော့ ပိုပြီးတိကျပြတ်သားတဲ့အရောင်များဖြင့် ရရှိနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးရာတွင်လည်း HD ဗီဒီယိုများကိုရိုက်ကူးနိုင်ပါတယ်။

Performance
HTC HD7 ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများကိုပြုလုပ်ရာတွင် နောက်ခံဆူညံမှုအနည်းငယ်ရှိပေမယ့်လည်း ခေါ်ဆိုမှုများကို အရည်အသွေးကောင်းမွန်စွာဖြင့် ကြားနိုင်စေပါတယ်။ ဒါပေမယ့် speakerphone ရဲ့အရည်အသွေးဟာကောင်းမွန်ခြင်းမရှိဘဲ volume ကိုအမြင့်ဆုံးတင်ထားရင်တောင်မှ အသံကို တိုးတိုးလေးသာကြားရမှာဖြစ်ပါတယ်။ 1GHz Snapdragon ပရိုဆက်ဆာနဲ့ 512MB ROM/576 MB RAM တို့ကိုတပ်ဆင်ပေးထားတာကြောင့် application တွေကိုဖွင့်ရာမှာတုံ့ဆိုင်းခြင်း၊ crash ဖြစ် ခြင်းမျိုးမရှိဘဲ ချက်ချင်းဆိုသလို ဖွင့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Xbox Live ဂိမ်းများကိုဖွင့်ရာမှာတော့ အနည်းငယ်နှေးပါတယ်။ ဘက်ထရီအနေနဲ့ 1,230 mAh lithium ion ကိုအသုံးပြုထားပြီး ဖုန်းပြောဆိုမှုအတွက် ၆.၅ နာရီအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၁၄.၅ ရက်အကြာအသုံးပြုနိုင်ပါတယ်။