အခုဖော်ပြထားသော ဟင်းအမယ်နဲ့ချက်နည်းများကို အိမ်ရှင်မ လက်ရာမှ ကူးယူဖော်ပြထားပါသည်.
အဖေပြောဖူးတာတော့
ဟင်း ကောင်းမကောင်းဆိုတာ အိမ်ရှင်မရဲ့ / ဟင်းချက်သူရဲ့ ကျွမ်းကျင်မှု
၊စေတနာနဲ့ သူ့လျှာရဲ့ အရသာ ခံမှုအာရုံအမြင့်အနိမ့်ပေါ်မူတည်
ကျွန်တော့်အမြင်တော့ ဟင်းချက်နည်းဆိုတာ ဖတ်ပြီး သူ့အတိုင်းလိုက်ချက်စ၇ာမလိုပါဘူ
ချက်နည်းပြုတ်နည်းအတိုင်းတွေလို
အမြဲမဖြစ်နိုင်ပါဘူး. သူများချက်တာကြည့် ..ကိုယ်ချက်နိုင်တဲ့ ပုံစံပြောင်း
..ဒီ အခါ နတ်သုဒ္ဒါ ဟင်းအမယ်ပေါင်းများစွာ ပေါ်ထွက်လာမှာပါ.
ဝင်ငွေနဲ့ထွက်ငွေ လောက်ငှအောင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်နိုင်တာ..ကိုယ်တတ်နို
ဟင်းချက်ကောင်းတဲ့ အိမ်ရှင်မ/အိန်ရှင်ထီးတွေရဲ့ အစွမ်းပါ.
ကြက်ရင်ပုံသားအပြားကြော် (Chicken Steak )
အာလူးအစိမ်းကိတ် + ဟင်းနုနွယ်ကြော် + ဆော့စ် ။
( Italian Style Dish )
ကြက်ရင်ပုံသားအရိုးလွတ်ကိုအသား ထုတဲ့တူနဲ့ ဟိုဖက်ဒီဖက်လှန်ထုပေးပြီး
...ဆား ဟင်းချိုမှုန့် အနည်းငယ် ငရုတ်ကောင်းမှုန့်  ပျားရည်အနည်းငယ်
သုတ်လိမ်းပြီး Non-stick pan မှာ သံလွင်ဆီနဲနဲလေးထည့်ပြီးဟိုဖက် ဒီဖက်
လှန်ကြော်ထားတာပါ ။ခနပဲကြော်ရပါတယ် ကြာကြာကြော်ရင်မာသွားပါတယ် ။
.....
အာလူးစိမ်းကိုဂျစ်နဲ့ ခြစ်ပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း. .
တရုတ်နံနံတောက်တောက်စင်း..ငရုတ် ကောင်း..ဆားထည့်နယ်ပါ ။
Non-stick pan အသေးလေးမှာထောပတ်နဲ့ Olive oil မျှထည့်ပြီး
ဟိုဖက်ဒီဖက်လှန်ကြော်ပါ ။ကျက်မကျက် ဒါးချွန်လေးနဲ့ ထိုးကြည့်ပါ ။
.....
ဟင်းနုနွယ်ကိုရေနွေးဆူဆူမှာ ၂-၃ မိနစ်လောက်ပြုတ်..အိုးကိုချပြီး
ရေအေးပြန်စိမ်..ရေစင်အောင်ညှစ် ပစ်ပြီးတောက်တောက်စင်းပါ ။
ကြက်သွန်ဖြူ-နီတောက်တောက်စင်းကို ထောပတ်..Olive oil
ရောပြီးဆီသတ်ပါ ။ဟင်းနုနွယ်တောက်တောက်စင်းထည့်. .နို့ စိမ်း
ထည့်..ဆား ငရုတ်ကောင်းထည့်ပြီးကြော်ပါ ။
.....
Sause
ကြက်သွန်နီ..ငရုတ်စိမ်းအပွ.. ခရမ်းချဉ်သီး..ပင်စိမ်းရွက်တို့ ကို
တောက်တောက်စင်းထားပါ ။Pan ထဲမှာ Olive oil ဆီပူရင်ကြက်သွန်နီ
အရင်ထည့်မွှေ..နွမ်းရင် ငရုတ်ပွထည့်မွှေ..၃ မိနစ်ထားပြီးမှခရမ်းချဉ်
ထည့်မွှေ..White wine ထည့်..(မီးအေးအေးပဲထားပါ)ပင်စိ မ်း..ဆား..
ငရုတ်ကောင်းတို့ ကိုနောက်ဆုံးမှထည့်..နာနာခြေ ပီးမွှေပါ ။
ငါးသေတ္တာသုပ် ။
ငါးသေတ္တာကို ဗူးထဲပါတဲ့အဆီတွေမထည့်ပဲ ကြက်သွန်နီပါးပါးလှီး..
နံနံပင် ..ငရုတ်သီးမှုန့် ..ပုဇွန်ငံပြာရည်နဲနဲ..ဟင်းချိုမှုန့် နဲနဲ ထည့်ပြီး
သံပုရာရည်ညှစ်ပြီးသုပ်ထားတာပါ ။
ကြက်ဥပြုတ
်..ကြက်အူချောင်းကြော် ဆလဒ် ။
ကြက်ဥပြုတ် ကြက်အူချောင်းပြုတ် သခွားသီး ကြက်သွန်နီ ကြက်သွန်မြိတ် ။
ဥနီ မုန်ညင်းထုပ်နဲ့  baby corn လေးတွေကိုတော့ရေနွေးပူခနစိမ်ပါ တယ် ။
Mayonnaise ရယ် ဆားလေးနဲနဲရယ်..အားလုံးရောနယ်လိုက်ရုံပါပဲ ။
ကြာဇံချက် ။
ပဲကြာဇံ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ ကိုသတ်သတ်စီ ရေစိမ်ထားပါ ။
ကြက်တကောင်လုံးကိုခုတ်ပြီးအသား တုံးကို ဟင်းချက်ဖို့ ထား..အရိုးပဲထည့်
ချက်ထားတာပါ ။ ကြက်အရိုးတုံးများကို ပုဇွန်ငံပြာရည် ဟင်းချိုမှုန့် အနည်းငယ်
တို့ နဲ့ နယ်ထားပါ ။ငရုတ်ပွ ကြက်သွန်ဖြူတို့ ကိုထောင်းပါ ။ဂျင်းကိုပါးပါးလှီးပြီး
...ငရုတ်သီးထောင်းထားတာနဲ့ ရောပြီးဆီသတ်ပါ ။အနံ့ သေရင် ကြက်ရိုးတုံးများ
( အသားထည့်လည်းပိုကောင်းပါတယ် ) နဲ့  ကြက်သွန်နီဥ ၅- ဥလောက်
လေးစိတ်ခြမ်းထားတာကိုထည့်ပြီးဆီ သတ်ပါ ။ ရေလေးနဲနဲချင်းထည့်ပေးရင်း
ကြက်နူးတယ်ဆိုရင် မှိုခြောက်ပန်းခြောက်နဲ့  ပဲလိပ်ရေစိမ်ထားတာကိုထည့်ပါ ။
ကြာဇံရေစိမ်ထားတာကိုနောက်ဆုံးမှ ထည့်ပါ ။ရေကိုလိုသလောက်ချိန်ထည့်ပြီး
ဆား ဟင်းချိုမှုန့် ငံပြာရည်တို့ ကိုမျှတအောင်ထည့်ပါ ။ ဟင်းရည်ဆူပွက်ရင်
ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းရောထောင်းထားတာကို ထည့်မွှေပေးပါ ။
နံနံပင်လေးအုပ်..သံပုရာရည်လေးညှ စ်ပြီး ငရုတ်သီးမှုန့် လေးကြိုက်တတ်ရင်
အနည်းငယ်ဖြူးစားနိုင်ပါတယ် ။
ငါးကျည်းခြောက်ငံပြာရည်ချက် ။
ပထမဆုံး ငါးကျည်းခြောက်ကိုခေါင်းဖြုတ် ..ကိုယ်နှစ်ခြမ်းခွဲ ..အရိုးလေးတွေ
ထုတ်လိုက်ရပါမယ် ။ပြီးရင် ခပ်သေးသေးအပိုင်းလေးတွေဖြစ်အော င် ..
ကတ်ကျေးနဲ့ ဖြတ်ပါတယ် ။ ပြီးရင် တစ်ရေလောက်ပြုတ်ထားပါ ။ ရေမသွန်ရပါဘူး ။ အချိုတွေပါကုန်ပါမယ် ။ရေစပ်စပ်လေးကျန်ရင်ချပါ ။
အဲဒီအရည်ပြန်ထည့်ချက်လို့ ရပါတယ် ။ ပြီးရင် ဆီအနေေ...တ်ာမှာ ငရုတ်သီးပွ..
ကြက်သွန်ဖြူ -နီထောင်းထားတာရယ်..ကြက်သွန်နီ ပါးပါးလှီးထားတာရယ်
ရောပြီးဆီသတ်ပါတယ် ။ဆီသေရင် ရေလေးနဲနဲလေးထည့်ပြီး ကြက်သွန်ဖတ်
လေးတွေနွမ်းပျော့အောင်လုပ်ပါ ။ရေခြောက်ပြီးဆီပြန်ရင် ပုဇွန်ခြောက်မှုန့် နဲ့ 
ငရုတ်သီးအကြမ်းဖတ်ထည့်ပါ ။မွှေးလာအောင်ကြော်ပေးပါ ။ငရုတ်သီးဖတ်
မတူးအောင်ဂရုစိုက်ပါ ။ ခနနေရင်ကျက်ပါတယ် ။ နောက်ဆုံးမှာ ငါးကျည်း
ခြောက်ထည့်ပါ ။ ဗမာငံပြာရည်..နဲ့ ဆား မျှထည့်ပါ ။သကြားအနည်းငယ်နဲ့ 
ဟင်းချိုမှုန့် အနည်းငယ်ထည့်ပေးပါ ။အရသာသမအောင်ကြာကြာကြော်ပါ ။
ခြောက်ကြွပ်မသွားပါစေနဲ့ ။မြည်းကြည့်လို့ ငါးကျည်းခြောက်ကအကျက်လို
နေရင်ရေလေးစွတ်ရုံထည့်ထည့်ပေးပါ ။စိုစိုပျော့ပျော့ပဲ ချပါ ။ အကြွပ်ြောာာ်
်နည်းမဟုတ်ပဲ စိုစိုလေးနယ်စားရမှာဖြစ်ပါတယ် ။
ဝက်သား ကြံမဆိုင် အစပ်ကြော် ။
ဝက်သား သုံးထပ်သားကို တ၀က်နူးအောင်ဆားလေးနဲ့ ပြုတ်ပြီး အတုံးသေးသေးတုံးထားပါ ။ကြံမဆိုင်ကိုရေနွေးနဲ့ တစ်ရေလောက်ပြုတ်ပြီး
ရေဆူတာနဲ့ ရေသွန်ပြီးရေဆေး ရေညှစ်ပါ ။ပြီးရင်သေးသေးတွေညှပ်ပါ ။
ဝက်သားနဲ့ ကြံမဆိုင်ကိုရောပြီး ဆား..သကြားအနည်းငယ်..ဟင်းချိုမှု န့် 
အနည်းငယ်နဲ့ နှံ့ အောင်နယ်ထားပေးပါ ။ငရုတ်သီးပွ..ကြက်သ...ွန်ဖြူ-နီ
ထောင်းထားတာကိုဆီသတ်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေထည့် ပါ ။
အနံ့ မွှေးပြီဆိုရင် ၀က်သားနဲု့ ကြံမဆိုင်အရောကိုထည့်ပါ ။ ချက်ချင်း
ရေမထည့်သေးပဲ ဆီသတ်နဲ့ ရောအောင်ခနမွှေပြီးမှ ရေနဲနဲချင်းထည့်လိုက်
ခန်းလိုက်ချက်ပါ ။ဝက်သားနူးရင်ဆီပြန်အောင်ထားပြီး ချလို့ ရပါပြီ ။
စိမ်းစားငပိသုပ်..ရှယ်စပ် ။
ငပိစိမ်းစား
မီးဖုတ် ..ကြက်သွန်နီ ကြက်သွန်ဖြူပါးပါးလှီး .. နံနံပင် ပါးပါးလှီး
ပုဇွန်ခြောက်မှုန့် ..ဟင်းချိုမှုန့် ..ငရုတ်သီးစိမ်းကို တ၀က်လှီး
တ၀က်ထောင်း..
သံပုရာရည်ညှစ်..အားလုံးကိုအရသာေ ရာနှောနှံ့ စပ်အောင် သေချာဆုပ်ညှစ်
ပြီးနယ်လိုက်ပါ ။ အလွယ်ဆုံးထမင်းမြိန်ဟင်းလေးတစ် ခွက်ပါ ။
ကြက်သားဟင်း ။
ကြက်သားတုံးတွေကို ပုဇွန်ငံပြာရည်..ဆနွင်း..ဂျင်း ရည်..မဆလာတို့ နဲ့ နယ်ပြီး
နာရီဝက်လောက်နှပ်ထားပါ ။ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာ
ကိုဆီသတ်ပါ ။ဆီသတ်ကျက်ရင် မဆလာနဲနဲထည့်မွှေပါ ။ ပြီးရင်ကြက်သား
ထည့်လိုက်ပြီး ဆီသတ်ထဲမှာ ကြာကြာလုံးပါ ။ ဆားနဲနဲ ဟင်းချိုမှုန့် နဲနဲထည့်ပါ ။
...ပြီးရင်ရေနဲနဲချင်းထည့်ပြီးနူးအောင်ချက်သွားရုံပါပဲ ။ အဆန်းတကျယ်ဘာမှ
မပါပါဘူး..။အကြာကြီးချက်ရင်တော့ ကြက်သားကမာသွားတတ်ပါတယ် ။
ဝယ်ကထဲက ကြက်နုနုရွေးပြီး ..ခနပဲချက်တာက စားကောင်းပါတယ် ။
ပဲပင်ပေါက်ချဉ်စပ်သုပ် ။
ပဲပင်ပေါက်ကို အရမ်းမနွမ်းအောင်ခနလေးပဲရေနွေးေ ဖျာပြီးရေစစ်ထားပါ ။
ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုရောထောင်းထား ပါ ။ ပဲပင်ပေါက် ..ကြက်သွန်
ဖြူငရုတ်သီးထောင်း ..ပုဇွန်ခြောက်မှုန့်  ..ပုဇွန်ငံပြာရည် ..ဟင်းချိုမှုန့် 
အနည်းငယ် ..ရှာလကာရည်ကို စိုစိုအိုင်အိုင်လေးဖြစ်လောက်တဲ့ အထိ များများ..
...( မြည်းကြည့်..လိုရင်ထပ်ထည့် ) ..အဲဒါအားလုံးကိုရောသမနယ် ။
အရသာအလွန်ထူးပါတယ် ။
ချဉ်ပေါင်ရေထည်ဟင်းချို ။
ရေနွေးအိုးဆူအောင်တည်ပါ ။အဲဒီထဲကိုငပိစိမ်းစားနဲနဲထည့်. .ကြက်သွန်ဖြူ
၎-၅မွှာထုထည့် ..ကြက်သွန်နီ ၂ ဥလောက်အဖတ်ခွာထည့်..ပုဇွန်ခြော က်မှုန့် 
ထည့် ..ငရုတ်သီးစိမ်းထည့် ..ဆား ဟင်းချိုမှုန့် ထည့် ..။အဲဒါတွေ ခပ်ကြာကြာ
ပွက်ပွက်ဆူပြီးရင်သင်ထားတဲ့ ချဉ်ပေါင်ရွက်ခပ်ပြီးတာနဲ့  အိုးချ အဖုံးပိတ်ထား
...လိုက်ပါ ။ချဉ်ပေါင်ရွက်ကို ပေးဆူထားရင် သိပ်ချဉ်သွားတတ်ပါတယ် ။
ကြက်ဥလိပ်ထမင်းကြော်..။
အထဲမှာ..ထမင်းကြော်ပါပါတယ် ။
နည်းကဘာမှမရှိပါဘူး..။ထမင်းကြော်လေးတစ်ပွဲ ကိုယ်ကြိုက်တဲ့ စတိုင်နဲ့ 
ကြော်လိုက်ပါ ။လေးထောင့်ပုံပန်းကန်ခွက်လေးထဲ လေးထောင့်တုံး
...ပုံစံရအောင်ဖိသိပ်ထည့်..ပါး ပါးပြန့် ပြန့် ကြော်ထားတဲ့ ကြက်ဥကြော်အပြန့် ရဲ့ 
အလယ်ခေါင်မှာနေရာချ..ကြက်ဥကြော် အနားလေးနဲ့ ပတ်လိပ်လိုက်တာပါ ။
ဘဲဥ ၀က်သားပေါင်း ။
ဝက်သုံးထပ်သားနဲနဲ ပေါင်သားများများ..စုစုပေါင်း ၃၀သားလောက် ကိုရောပြီး
တောက်တောက်စင်းပါတယ် ။ဆား သကြား ငရုတ်ကောင်း ဟင်းချိုမှုန့် အနည်း
ငယ်စီနဲ့  ကော်မှုန့် လဘက်ရည် ၂ဇွန်းလောက်ဝက်သားနဲ့ နယ်ပါတယ် ။
ကြက်သွန်ဖြူ-နီ တောက်တောက်စင်းထည့်နယ်ပါတယ် ။ဂျင်းလက်တဆစ်ကို
...ထောင်းပြီးအရည်ပဲညှစ်ထည့်ပါ တယ် ။အရောင်ရအောင် ပဲငံပြာရည်အနောက်
အနည်းငယ်ထည့်ပြီး နယ်ပါတယ်။( ချိစ် ကြိုက်တတ်လို့ နဲနဲထည့်ပါတယ် ..
မထည့်လဲရပါတယ် )။ ဘဲဥ ၂လုံးပွအောင်ခေါက်ပြီးရောမွှေ ဇွန်းနဲ့ နယ်ပါတယ် ။
အပူခံတဲ့ ဖန်အုပ်ထဲထည့်ပြီး Pressure cooker မှာဇကာခံပြီးရေဆူချိန်ကနေ
၁၅ မိနစ်ကြာအထိပေါင်းပါတယ် ။
သီးရွက်စုံကြာဇံဟင်းချို ။
အဲဒိအရင်မနေ့ က ကြက်ကြော်တဲ့နေ့ မို့ ကျန်နေတဲ့ တောင်ပံရိုးကျောရိုးတွေကို
ဂျင်း..ကြက်သားမှုန့် ..ငရုတ်ကောင်းနဲ့ ပြုတ်ပြီး ဟင်းချိုရည် Base လုပ်လိုက်ပါ
တယ် ။ကျန်တာကတော့ ကြာဇံခပ်ပြီး အိမ်မှာရှိတဲ့ ပန်းငရုတ်ပွ..မုန်ညင်းထုပ်..
ငုံးဥ..ရှောက်ရွက်..ကြက်သွန်နီဥ တွေခပ်လိုက်တာပါ ။ပူပူလေးသောက်လို့ 
...ကောင်းပါတယ် ။
ဘဲသွေး ပဲပြားချဉ်စပ်ကြော် ။
ဘဲသွေးကိုတုံးပြီး ခနပြုတ်ပါတယ် ။နဲနဲနူးအောင်ရယ်..အနံ့ ပျောက်အောင်
ရယ်ပါ ။ပြုတ်ရည်ကိုသွန်..စစ်ထားပါ ။ပဲပြားကိုလည်း အတုံးတုံးပြီး ခနပြုတ်ပါ ။
ကြက်သွန်ဖြူကိုထု ကြက်သွန်နီလှီးထားတာကို ဆီသတ်ပါ ။ဘဲသွေးပဲပြားထည့်
ကြော်ပါ ။ ဆား..ဟင်းချိုမှုန့် ..ကြက်သားမှုန့် ..ဖြူးပါ ။ကိုရီးယား ငရုတ်ချဉ်ရည်
...လေးဆမ်းပြီး အသာအယာ မွှေပါ ။ခနနေရင်နံနံပင်လေးအုပ်ပြီးချလို့ ရပါပြီ ။
ကြက်ပေါင်ကြော် + Potato Mash
Mash လုပ်တဲ့အခါ အာလူးကို ပြုတ်တာထက် ပေါင်းတာ ကင်တာက အရသာ
ပိုကောင်းပါတယ်..။ အမကတော့ အလွယ်တကူ Microwave မှာပဲထည့်ဖြစ်
ပါတယ် ။အဖုံးပါတဲ့ Microwave သုံးတဲ့ဗူးနဲ့ အာလူး ၂လုံးရေဆေးထည့်..။
၎မိနစ်ထားပြီးရင်နူးအိပါပြီ ။အခွံခွာပြီးဒလိမ့်တုံးနဲ့ ပြားပါတယ် ။ ငရုတ်ဆုံမှာ
...မထောင်းရပါဘူး ။ စေးတွဲသွားပါလိမ့်မယ် ။ ကြက်သွန်နီ ၁ဥ တောက်တောက်
စင်းပြီး အာလူးထဲရောလှိမ့်ပါ ။ Mayonnaise စားပွဲတင်ဇွန်းကြီး ၁ဇွန်း..
ဆား..ငရုတ်ကောင်း..တို့ နဲ့ ဇွန်းနဲ့ နယ်ပါ ။ Non-stick pan မှာ ထောပတ်
အနည်းငယ် ( ထောပတ်နံ့ မကြိုက်ရင် Olive oil.., Vege; oil တို့ သုံးနိုင်ပါတယ်)
နဲ့ ဆီပူခနလှိမ့်ပေးပါ ။ ၂မိနစ်..၃မိနစ် ဆိုရင်ရပါပြီ ။
ပုဇွန်စိမ်း ငပိချက် ။
ပုဇွန်ဘော့ချိတ် အစိမ်းလေးတွေကို တောက်တောက်စင်းပါ ။ဆား ဆနွင်း..
ဟင်းချိုမှုန့် အနည်းငယ်နဲ့ နယ်ထားပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း
ထားတာကို ဆီသတ်ပါ ။မိုးမျှော်ငရုတ်သီးစိမ်း ( ကိုယ်အစပ်စားနိုင်သလောက် )
တောင့်လေးတွေကိုထောင်းပြီး ဆီသတ်တဲ့အထဲထည့်သတ်ပေးပါ ။ငပိစိမ်းစား
...အနည်းငယ် ရေဖျော်ပြီးထည့်ပါ ။ကြက်သွန်ဖတ်တွေကျက်ပြီး မွှေးလာ မွှန်လာရင် ဗမာငံပြာရည်အနည်းငယ်ထည့်ပါ ။ ပုဇွန်တောက်တောက်စင်း
ကိုထည့်ပါ ။ခနနဲ့ ပုဇွန်တွေကျက်ပါတယ် ။ကြာကြာထားရင်မာသွားပါမယ် ။
အပေါ့အငံမြည်း..နံနံပင်ရိတ်ရိတ် လှီးကိုအုပ်ပြီး ချနိုင်ပါပြီ ။
( နယ်စားလို့ ကောင်းအောင် အစပ် အငံ ကဲကဲလေးချက်ပါတယ် )
ကြက်ရိုး မုန်လာဥချဉ်စပ်ဟင်းရည် ။
ကြက်ရိုးကို ဆား ဟင်းချိုမှုန့် ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်ပြီး အချိုရည်ကျရင်
မုန်လာဥ..နံနံပင်..ငရုတ်သီးစိမ်း..ငရုတ်အချဉ်ရည် ခတ်လိုက်ရုံပါပဲ ။
ကြက်လိမ္မော် ရို့ စ် ။
ကြက်ပေါင် ၁ပေါင်ကို သုံးတုံးတုံးတဲ့ အရွယ်ဟာ အနေတော်ပါပဲ ။
ကြက် ၂ပေါင်ကို ၆တုံး-ရအောင်တုံးပြီးကြက်သားတုံးတွေကို ဆား..ဟင်းချိုမှုန့် 
..ငရုတ်ကောင်းမှုန့် ..တို့ နဲ့ နယ်ပါတယ် ။ Vege; oil အနည်းငယ်ထဲမှာ မီးအရှိန်
Medium လောက်နဲ့ ကြော်ပါတယ်။ရွှေဝါရောင်နဲနဲသန်း လာရင် အိုးကိုချ..
...ဆီတချို့ ခပ်ဖယ်ထုတ်ပစ်ပါတယ် ။စားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ပဲဆီချန်
ထားပြီး အိုးပြန်တင်ပါ ။ Cooking white wine စားပွဲတင်ဇွန်း ၅ ဇွန်းလောက်
ထည့်ပါ ။ကြက်သွန်နီ၎ ဥ လေးစိတ်ခြမ်းပြီးထည့်ပါ ။ မီးရှိန်မြှင့်ပါ ။
ဆူပွက်အမြှုပ်ထလာပါမယ် ။ကြက်သားတုံးတွေကို ထက်အောက်လှန်ပေးပြီး
အရည်ခန်းလာရင် လိမ္မော်ရည် အကြမ်းပန်းကန် ၁လုံးစာလောက်ထည့်ပါ ။
ဆူပွက်ပါစေ ။ဆီပြန်လာရင်ချပါ ။လိမ္မော်နံ့ မွှေးပျံ့ တဲ့ ကြက်သားရို့ စ် ရပါပြီ ။
မုန်လာဥဖြူသုပ် ။
မုန်လာဥအဖြူကိုခြစ်ပြီးဆားရေနာ ရီဝက်စိမ်ထားပါ။ပြီးရင် ရေစင်အောင်ညှစ်ပါ ။
ဥဖြူအခြစ်လေးတွေကို ကြက်သွန်နီစိမ်းပါးပါးလှီး..ြ ကက်သွန်နီဆီချက်..ပဲမှုန့် ..
ပုဇွန်ခြောက်မှုန့် ..ဗမာငံပြာရည်..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် ..နံနံပင်..
ငရုတ်သီးစိမ်း..တို့ နဲ့ ရောနယ်ပါ ။အဲဒါ အဆိမ့်သုပ်စပ်စပ်ပါ ။
...( ချဉ်စပ်သုပ်ချင်ရင် ဥဖြူကိုခြစ်ပြီးတဲ့အခါ ဆားရည်မစိမ်ပဲ ရှာလကာရည်စိမ်ပြီး
ပြန်ညှစ်ပါ ။)
ကြက်ခဘတ် ။
ကြက်ရင်ပုံသားနုနုလေးကို အသားလွှာပြီး အတုံးခပ်သေးသေးတုံး..ဆား..
ကြက်သားမှုန့် .. မဆလာ..တို့ နဲ့ နယ်ပြီး နာရီဝက်ထားပါ ။ ပန်းငရုတ်ပွသီး..
ခရမ်းချဉ်သီး..တို့ ကို အတုံးလေးတွေလှီး ..ကြက်သွန်မြိတ်များများလေး ..
နံနံပင်တို့ ကိုသန့် စင်ရေစစ်ထားပါ ။ မိုးမျှော်ငရုတ်စိမ်းတောင့်အနည်းငယ်
...လှီးထားပါ ။ကြက်သွန်နီဥကြီး ၂ -ဥလောက်အခြမ်းခြမ်းပြီး အဖတ်တစ်လွှာချင်း
ခွာထားတာကို ပထမဆုံးဆီသတ်ပါ ။ ဆီသတ်တဲ့ထဲ ငရုတ်အရောင်တင်မှုန့် 
နဲနဲ မဆလာနည်းနည်းထည့်မွှေပါ ။ကြက်သွန်ဖတ်နွမ်းရုံမှာ ကြက်သားတုံးလေး
တွေထည့်ပါ ။သကြားလေး ပါလေရာလောက်ဖြူးပြီး လှိမ့်လို့ ကောင်းရုံရေလေး
တောက်ပေးပါ ။နူးအောင်ရေထည့်ဖို့ မလိုပါဘူး ။ရေထည့်ချက်ရင်စားမကောင်း
ပါဘူး ။ ကြက်နုရင် ၅မိနစ်လောက်ကြော်ရင် ရပါပြီ ။ငရုတ်ပွ..ခရမ်းချဉ်သီး
နဲ
ု့ငရုတ်စိမ်းတောင့်လေးတွေ အရင်ထည့်ပါ ။နွမ်းရင် ကြက်သွန်မြိတ်
နံနံပင်ထည့်မွှေပြီး ချနိုင်ပါပြီ ။ပူပူလေးသုံးဆောင်မှ အရသာပိုရှိပါတယ် ။
ုဇွန်ခြောက် ငံပြာရည်ချက် ( အစို )
ကြက်သွန်နီတွေ ပါးပါးလှီး..ကြက်သွန်ဖြူတွေပါး ပါးလှီး..ဆနွင်းမှုန့် ..အရောင်
တင်မှုန်
့တို့ နဲ့ ကြာကြာဆီသတ်ပါတယ် ။နွမ်းပျော့အိလာရင် ရွှေဝါရောင်သန်းပြီး
ကြွပ်မသွားအောင် ဗမာငံပြာရည်အနည်းငယ်ထည့်လိုက် ပါ ။အရည်ဓါတ်ပါလာ
တဲ့အတွက် နူးအိသွားပါမယ် ။ ရေလေးနဲနဲစိုရုံဖြန်း ဖြန်းပေးပါတယ် ။ မခြောက်
တခြောက် ရေ...ကျန်တုန်းမှာငရုတ်သီးအကြမ်းဖတ်မှုန့် ကိုထည့်ပါ ။
ငရုတ်သီးဖတ်ထည့်ချိန်မှန်မှ ငရုတ်ညှော်နံ့ မထွက်..အရသာလည်းမခါးမှာပါ ။
ငရုတ်သီးအကြမ်းဖတ်ဆီပြန်ပြီးကျ က်ချိန်မှာ ပုဇွန်ခြောက်မှုန့် ..ဆား..သကြား
နဲနဲနဲ့ ဟင်းချိုမှုန့်  တို့ ကိုထည့်ပါ ။ရေလေးတောက်ပေးပြီး မခြောက်ပါစေနဲ့  ။
အပေါ့အငံမြည်းပြီး အငံလိုရင် ငံပြာရည်နဲနဲထပ်ထည့်ပါ ။ အချိန်ခနလေးပဲ
ကြာပါတယ် ။ အရမ်းလဲလွယ်ပါတယ် ။ ထမင်းလည်းမြိန်စေပါတယ် ။
ကိုရီးယားစတိုင်ချဉ်စပ်ထမင်ြးေ ကာ်
ထမင်းကို ကိုရီးယားငရုတ်ချဉ်ရည် ချဉ်စပ်..
မုန်ညင်းထုပ်အရွက်ပါးပါးလှီး.. ငရုတ်သီးစိမ်းပါးပါးလှီး..ကြက် သွန်နီတစ်ဥ
ခြမ်းပြီးအဖတ်ခွာ..မရိုးနီးစ်.. ဆား..ကြက်သားမှုန့် ..ငရုတ်ကောင်းမှုန့်  တို့ နဲ့ 
နယ်ပါတယ် ။ Non-stick pan မှာ Vege oil ( သို့ ) Olive oil အပူပေးပါ ။
ဆီပူပူမှာ ကြက်ဥတစ်လုံးပွအောင်ခေါက်ကြော်ေ မွှပြီး ခုနထမင်းနယ်ထား
...တာတွေထည့်မွှေလိုက်ပါ ။ထမင်းကို အိုးမှာကပ်အောင်အပေါ်မျက်နှာပြင် ကို
ယောင်းမနဲ့ ဖိပြားပေးပါ ။ ကြာကြာထားပြီးထက်အောက်လှန်ပါ ။လှန်ပြီး
ရင်လည်းအိုးကပ်အောင်မျက်နှာပြင် ဖိပြားပေးပါ ။အချိန်ကြာအောင်ထား
ပေးရင် ထမင်းလေးက ကျွမ်းကျွမ်းလေးဖြစ်ပါမယ် ။ Non -stick မို့ 
မတူးကပ်ပါဘူး ။ ခြောက်လာရင် ပုံသွင်းခွက်လေးထဲထည့်ပြီးပန်း ကန်မှာ
လှလှလေးမှောက်ချထည့်ပါ ။ ကြက်ကြော်..အမဲကြော်..၀က်အူချော င်းကြော် ..
အရွက်စိမ်း..နှစ်သက်ရာနဲ့ တွဲပြီးသုံးဆောင်ပါရှင် ။
ကိုရီးယားငရုတ်ရည်ချဉ်စပ် ။
ထမင်းနဲ့ လည်းကြော်ပါတယ် ။အသီးအရွက်သုပ်ရင်လည်းသုံးပါတယ် ။
ဒီထဲကတစ်ယောက်ကတော့ အာလူးကြော်နဲ့ တို့ စားလည်းကောင်းတယ်တဲ့ ။
ဝက်သားမျှစ်ချဉ် ။
ဝက်သုံးထပ်သားကိုအရွယ်တော်တုံး ပါ ။ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထား
တဲ့အနှစ်..ဆား..ဟင်းချိုမှုန့် ..ဆနွင်း..ဂျင်းပါးပါးလှီး.. ငပိစိမ်းစားအနည်းငယ်..
ထညက်တစ်လုံးထုခြေပြီး အားလုံးရောနယ် နာရီဝက်လောက်နှပ်ထားပါ ။
မျှစ်ချဉ်ကိုအနံ့ ပျောက်အောင်ရေများများနဲ့ တစ်ရေပြုတ် ဆူပွက်ရင်ရေသွန်ပါ ။
...၀က်သားနဲ့ မျှစ်ချဉ်ရောထည့်ပြီး Pressure cooker မှာ ရေသင့်ရုံချိန်ထည့်ပြီး
မီးပြင်းပြင်းနဲ့ ချက်ပါ ။အသံမြည်ချိန်ကနေ မိနစ် ၂၀ ဆိုရင် နူးပါပြီ ။အိုးချပြီး ရေလိုသလောက်ထပ်ထည့် အပေါ့အငံမြည်းပါ ။
ရိုးရိုးအိုးနဲ့ ချက်မယ်ဆိုရင်တော့ ၀က်သားနယ်ထားတာနဲ့ မျှစ်ချဉ်ရောပြီးရင်
ခြောက်အောင်လုံးချက်ပါ ။ဝက်သားကဆီထွက်ပြီးဆီပြန်လာရင် ရေကိုနဲနဲချင်း
နူးတဲ့အထိထည့်ချက်သွားပါ ။( ဟင်းရည်ကိုပြစ်နှစ်ပြီး အရသာပိုထူးစေချင်ရင်
လျှို့ ဝှက်ချက်ကတော့ ဆန် စတီးဇွန်း၁ဇွန်းစာလောက်ကို ဒယ်ပူပူမှာလှော်ပါ ။
မတူးပါစေနဲ့  ။ရွှေရောင်သန်းရင်ချပြီးငရုတ်ဆုံ မှာ ညက်ညက်ထောင်း ..ရတဲ့
ဆန်လှော်မှုန့်ကို ၀က်သားနဲ့ မျှစ်ချဉ်ရောနယ်စဉ်မှာထည့်နယ် ပါ ။ဆန်လှော်မှုန့်
ပါရင် အိုးကပ်တတ်လို့ အိုးမကပ်အောင်ဟင်းအိုးနားက မခွာ..ကြည့်နေရပါမယ် ။
ဟင်းရည်ပိုပြစ်ပြီး အရသာပိုထူးပါတယ် ။)
မုန်ညင်းရွက်ဆီပြန်အစပ်ချက် ။
အရမ်းစားလို့ ကောင်းတဲ့ ဟင်းရံတစ်ပွဲပါ ။
မုန်ညင်းရွက်ကိုနှစ်ပိုင်းလောက် ပဲဖြတ်ပါတယ် ။ အရသာနဲ့ တော့မဆိုင်ပါဘူး..။
အမြင်လှအောင်ပါ ။ ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာကိုဆီ ကြာကြာ
သတ်ပါ ။ခြောက်တောက်တောက်လေးမွှေးလာတဲ့ အထိသတ်ပါ ။ခြောက်လာရင် ငပိစိမ်းစားအနည်းငယ် ရေဖျော်ထားတာကိုထည့်ပါ ။ပုဇွန်ခြောက်မှုန့် .....ဆား..
ဟင်းချိုမှုန့် ထည့်ပါ ။ စပ်စပ်လေးကြိုက်တဲ့သူဆိုရင် ငရုတ်သီးစိမ်းလေးတွေ
နဲနဲထုထည့်ပါ ။ပုဇွန်ခြောက်ကပ်မသွားအောင် ရေလေးနဲနဲချင်းတောက်ပေး
နိုင်ပါတယ် ။ အားလုံးကျက်ပြီးမွှေးနေမှ မုန်ညင်းရွက်တွေထည့်ပါ ။မုန်ညင်းရွက်
ကိုအသာအယာ ထက်အောက်လှန်ပေးပြီး နူးတဲ့ထိ ရေနဲနဲချင်းဖြန်းပေးရင်း
ချက်သွားပါ ။အရွက်နူးရင်ချလို့ ရပါပြီ ။
ပဲပြားမဆလာ ချဉ်စပ် ။
ပဲပြားလေးတွေကိုအနေတော်တုံးပါ ။ ကြက်သွန်ဖြူ-နီ-ငရုတ်ပွ ရောထောင်းပြီး
ဆီသတ်ပါ ။နဲနဲကျွမ်းပြီးမွှေးလာရင် မဆလာ..ပုဇွန်ြေုခာက်မှုန့်  နဲ့မန်ကျည်းရည်
လေး
နဲနဲထည့်ပါ ။ ( စပ်ချင်ရင် ငရုတ်သီးစိမ်းထောင်းထည့်နိုင်ပါ တယ် )
ဆီသတ်တာတွေကျက်ရင် ဗမာငံပြာရည် ဟင်းချိုမှုန့် သင့်ရုံထည့်ပါ ။ ပဲပြားနူးရုံ
ရေနည်းနည်းဖြန်းပေြး...ပီး ရှမ်းနံနံလေးအုပ်ပြီးချနိုင်ပြါ ပီ ။တခါတရံ နံနံပင်လည်း
အုပ်နိုင်ပါတယ် ။ သက်သတ်လွတ် ချက်ချင်ရင် ပုဇွန်ခြောက်မှုန့် မထည့်ပဲဆားနဲ့ 
ချက်လည်း စားကောင်းပါတယ် ။
( မိမိနှစ်သက်သလို ခရမ်းချဉ်သီးလည်းကြိုက်ရင်ထည့် ချက်နိုင်ပြီး ပဲပြားကို ပျော့ပျော့ကြိုက်ရင် အစိမ်းချက်..တင်းတင်းလေးကြိုက် ရင် ဆီပူလှိမ့်ပြီးချက်
..အမျိုးမျိုးတီထွင်ဖန်တီး ချက်နိုင်ပါတယ်ရှင် ။
ပဲကြာဇံသုပ် ။
ပဲကြာဇံလေးကိုပြုတ်..အာလူးလေြး ပုတ်ပြီးခြေ..ကြက်သွန်နီပါးပါး လှီး..ကြက်သွန်နီဆီချက် ..ပဲမှုန့်  ..ပုဇွန်ခြောက်မှုန့် ..ဟင်းချိုမှုန့် ..မန်ကျည်းရည်..
ဗမာငံပြာရည်..နံနံပင်ရိတ်ရိတ်လှီး..ငရုတ်သီးစိမ်းပါးပါးလှီး.. ငရုတ်သီးမှုန့် 
အကျက်အနည်းငယ်..။အားလုံးကိုရော သုပ်လိုက်ရုံပါပဲ ။
ငါးကြင်းခေါင်း မျှစ်ချဉ် ချဉ်ရည် ။
ငါးကြင်းခေါင်းတွေကို ၂ ခြမ်း ခြမ်း..ပါးဟက်ထုတ်..ဆားရည်လေး ၁၀ မိနစ်
လောက်စိမ်ထားပါ ။မျှစ်ချဉ်နုနုလေးတွေကိုလည်း တစ်ဖတ်ချင်းခွာပြီး ရေနွေး
ပူပူ ၁၀ မိနစ်လောက်စိမ်ထားလိုက်ကပါ ။ငရုတ်ပွ ကြက်သွန်ဖြူ-နီထောင်းထား
တဲ့ အနှစ်ကိုဆီကြာကြာသတ်ပါ ။ဆနွင်းအနည်းငယ်နဲ့  ဂျင်းပါးပါးလှီးထည့်ပါ ။
...ဆီသေရင် ငပိစိမ်းစား အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ ။ ခြောက်လာရင်
မျှစ်ချဉ်ဖတ်တွေကိုအရင်ထည့်လုံး ပါ ။မရှေးမနှောင်းမှာ ငါးခေါင်းတွေထည့်ပါ ။
ကြာကြာမွှေပြီးလုံးနေပါဦး ။ ခြောက်လာမှ ရေကိုနဲနဲလေးအရင်စ ထည့်ပါ ။
ကြာကြာဆူပွက်ပါစေ ။ဆား ဟင်းချိုမှုန့် ထည့်ပါ ။ ပန်းပွင့် ဘိုစားပဲ ရှောက်ရွက်
ထည့်ပါ ။ ( ပဲပြား ဘဲသွေး ငုံးဥ ..စသဖြင့်ထည့်နိုင်ပါတယ် )ရေလိုသလောက်
ရောပြီး အပေါ့အငံမြည်း ဗမာငံပြာရည်ထည့်ပါ ။ သကြားအနည်းငယ်မျှထည့်ပါ။
ဆူရင် နံနံပင်အုပ်ပြီးချနိုင်ပါပြီ ။
ငါးဖယ် + ပုဇွန် ပြောင်းဖူးကပ်ကြော် ။
ငါးဖယ်ကို ရျင်း ကြက်သွန်ဖြူနဲ့ တင်းတင်းလေးနေအောင်ထောင်းပါတယ် ။
ပုဇွန်အနေတော်ရွယ်လေးတွေကို ခေါင်းအမြီး အခွံအားလုံးချွှတ်ပြီးဒါးနဲ့ 
တောက်တောက်စင်းပါတယ် ။ ငရုတ်သီးစိမ်းအနည်းငယ် ..ရှောက်ရွက်
အနည်းငယ် ..မုန်ညင်းထုပ်( နဲနဲပါပဲ ) အားလုံးကြေမွအောင်တောက်တောက်
...စင်းပါတယ် ။ ပြောင်းဖူးအဖူးလိုက်ကိုပါးပါးေ လးလှီးပါတယ် ။ အားလုံးကိုရော..
ဆား ..ဆနွင်းမှုန့် ..အရောင်တင်မှုန့်  ..ဟင်းချိုမှုန့် ..သကြားအနည်းငယ် ..
ကော်မှုန် (စေးတွဲတဲ့အထိလိုသလောက် ) ..တို့ နဲ့ ရောနယ်ပါတယ် ။ဆီလေး
ဆွတ်ပြီး အလုံးလုံးတဲ့အခါ သိပ်ဖေါင်းပြီးလုံးရင် အတွင်းသားကျက်မလွယ်လို့ 
အနေတော်ရုံဖေါင်းပါစေ ။ မီးအေးအေးလေးမှာ ကြာကြာလေးကြော်ပေးပါ ။
မွှေးပျံ့ ပြီး အရသာရှိလှပါတယ် ။
ပဲပင်ပေါက် ပဲပြားသုပ် ။
ပဲပြားလေးတွေ ပါးပါးလှီး .. ဆား ဟင်းချိုမှုန့် နဲ့ ဖြည်းဖြည်းနယ်ပြီး အပေါ်ယံ
တင်းရုံကြော်ပါ ။မမာပါစေနဲ့ ။ပဲပင်ပေါက်လေးတွေကိုလည်း ခပ်စိမ်းစိမ်းပဲ
ရေနွေးဖျောထားပါ ။ ပဲပြား ... ပဲပင်ပေါက်..ကြက်သွန်နီပါးပါးလှီး ..
နံနံပင်နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး ..ကြက်သွန်နီဆီချက် ..မန်ကျည်းရည် ..
...ပုဇွန်ခြောက်မှုန့်  ..ဗမာငံပြာရည် ..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် နဲနဲ ..
အားလုံးကိုဖွဖွရောနယ်ပါ ။ အရမ်းကောင်း..ထမင်းမြိန် ..ချဉ်ငံစပ် အသုပ်
လေးပါ ။
ပုဇွန် + ပဲပြားဆီပြန် ။
ငရုတ်သီး ကြက်သွန်ဖြူ-နီထောင်းထားတာကို မဆလာလေးနဲ့ ဆီသတ်ပါတယ် ။
ဆီသေရင် ငပိစိမ်းစားနဲနဲလေးရေဖျော်ထည့် ပါ ။ များရင် နံပါမယ် ။
ပဲပြားခပ်သေးသေးတုံးထားတာလေးတွေ ထည့်ပြီးချက်ပါ ။ဆား ဟင်း
ချိုမှုန့် ထည့်ပါ ။ပဲပြားကျက်ရင် ခရမ်းချဉ်သီးစိတ်ထားတာလေးထည့်ေ မွှပါ ။ ခရမ်းချဉ်သီးနဲနဲနွမ်းရင် ပုဇွန်ထည့်ပါ ။ သကြားလေး ( နဲန...ဲကလေးမျှသာ )
ထည့်မွှေပေးပါ ။ပုဇွန်ကချက်ချင်းကျက်တာမို့  ပင်စိမ်းရွက်လေးအုပ်ပြီးချပါ ။
ဂဏန်းပျော့ မဆလာ..။
ဂဏန်းပျော့ကို အခွံပျော့လေးအသာဖယ်ပြီး အောက်ကသန့် ရှင်းစရာရှိတာ
သန့် ရှင်းဖယ်ရှားပြီး အခွံလေးကိုပြန်အုပ်ထားပါတယ် ။ ကြက်သွန်ဖြူ-နီ
ငရုတ်သီးထောင်းထားတာရယ် ဆနွင်းမှုန့် အနည်းငယ်ရယ် ဆီကြာကြာသတ်ပါ ။
ဆီသတ်တဲ့ထဲ မဆလာနဲ့ မန်ကျည်းရည်အနည်းငယ်ထည့်ပါမယ် ။ဆီသေရင်
...ငရုတ်သီးစိမ်း နဲ့ ပျဉ်းတော်သိမ်ရွက် ထည့်ပါ ။ မွှေးလာပါမယ် ။ဂဏန်းပျော့တွေ
ထည့်ပါ ။ ဆား..ဟင်းချိုမှုန့် ..ထည့် ။ရေအနည်းငယ်ထည့် ..ခနပေးဆူထားပြီး ဂဏန်းကျက်ပြီဆိုရင် ရှောက်ရွက်လေးအနည်းငယ်အုပ်ပြီး ချပါမယ်
အာလူးအစိမ်းကိတ် + ဟင်းနုနွယ်ကြော် + ဆော့စ် ။
( Italian Style Dish )
ကြက်ရင်ပုံသားအရိုးလွတ်ကိုအသား
...ဆား ဟင်းချိုမှုန့် အနည်းငယ် ငရုတ်ကောင်းမှုန့်  ပျားရည်အနည်းငယ်
သုတ်လိမ်းပြီး Non-stick pan မှာ သံလွင်ဆီနဲနဲလေးထည့်ပြီးဟိုဖက်
လှန်ကြော်ထားတာပါ ။ခနပဲကြော်ရပါတယ် ကြာကြာကြော်ရင်မာသွားပါတယ် ။
.....
အာလူးစိမ်းကိုဂျစ်နဲ့ ခြစ်ပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း.
တရုတ်နံနံတောက်တောက်စင်း..ငရုတ်
Non-stick pan အသေးလေးမှာထောပတ်နဲ့ Olive oil မျှထည့်ပြီး
ဟိုဖက်ဒီဖက်လှန်ကြော်ပါ ။ကျက်မကျက် ဒါးချွန်လေးနဲ့ ထိုးကြည့်ပါ ။
.....
ဟင်းနုနွယ်ကိုရေနွေးဆူဆူမှာ ၂-၃ မိနစ်လောက်ပြုတ်..အိုးကိုချပြီး
ရေအေးပြန်စိမ်..ရေစင်အောင်ညှစ်
ကြက်သွန်ဖြူ-နီတောက်တောက်စင်းကိ
ရောပြီးဆီသတ်ပါ ။ဟင်းနုနွယ်တောက်တောက်စင်းထည့်.
ထည့်..ဆား ငရုတ်ကောင်းထည့်ပြီးကြော်ပါ ။
.....
Sause
ကြက်သွန်နီ..ငရုတ်စိမ်းအပွ..
တောက်တောက်စင်းထားပါ ။Pan ထဲမှာ Olive oil ဆီပူရင်ကြက်သွန်နီ
အရင်ထည့်မွှေ..နွမ်းရင် ငရုတ်ပွထည့်မွှေ..၃ မိနစ်ထားပြီးမှခရမ်းချဉ်
ထည့်မွှေ..White wine ထည့်..(မီးအေးအေးပဲထားပါ)ပင်စိ
ငရုတ်ကောင်းတို့ ကိုနောက်ဆုံးမှထည့်..နာနာခြေ
ငါးသေတ္တာသုပ် ။
ငါးသေတ္တာကို ဗူးထဲပါတဲ့အဆီတွေမထည့်ပဲ ကြက်သွန်နီပါးပါးလှီး..
နံနံပင် ..ငရုတ်သီးမှုန့် ..ပုဇွန်ငံပြာရည်နဲနဲ..ဟင်းချိ
သံပုရာရည်ညှစ်ပြီးသုပ်ထားတာပါ ။
ကြက်ဥပြုတ
်..ကြက်အူချောင်းကြော် ဆလဒ် ။
ကြက်ဥပြုတ် ကြက်အူချောင်းပြုတ် သခွားသီး ကြက်သွန်နီ ကြက်သွန်မြိတ် ။
ဥနီ မုန်ညင်းထုပ်နဲ့  baby corn လေးတွေကိုတော့ရေနွေးပူခနစိမ်ပါ
Mayonnaise ရယ် ဆားလေးနဲနဲရယ်..အားလုံးရောနယ်လိ
ကြာဇံချက် ။
ပဲကြာဇံ မှိုခြောက်ပန်းခြောက် ပဲလိပ်တို့ ကိုသတ်သတ်စီ ရေစိမ်ထားပါ ။
ကြက်တကောင်လုံးကိုခုတ်ပြီးအသား
ချက်ထားတာပါ ။ ကြက်အရိုးတုံးများကို ပုဇွန်ငံပြာရည် ဟင်းချိုမှုန့် အနည်းငယ်
တို့ နဲ့ နယ်ထားပါ ။ငရုတ်ပွ ကြက်သွန်ဖြူတို့ ကိုထောင်းပါ ။ဂျင်းကိုပါးပါးလှီးပြီး
...ငရုတ်သီးထောင်းထားတာနဲ့ ရောပြီးဆီသတ်ပါ ။အနံ့ သေရင် ကြက်ရိုးတုံးများ
( အသားထည့်လည်းပိုကောင်းပါတယ် ) နဲ့  ကြက်သွန်နီဥ ၅- ဥလောက်
လေးစိတ်ခြမ်းထားတာကိုထည့်ပြီးဆီ
ကြက်နူးတယ်ဆိုရင် မှိုခြောက်ပန်းခြောက်နဲ့  ပဲလိပ်ရေစိမ်ထားတာကိုထည့်ပါ ။
ကြာဇံရေစိမ်ထားတာကိုနောက်ဆုံးမှ
ဆား ဟင်းချိုမှုန့် ငံပြာရည်တို့ ကိုမျှတအောင်ထည့်ပါ ။ ဟင်းရည်ဆူပွက်ရင်
ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းရောထောင်းထားတာကို ထည့်မွှေပေးပါ ။
နံနံပင်လေးအုပ်..သံပုရာရည်လေးညှ
အနည်းငယ်ဖြူးစားနိုင်ပါတယ် ။
ငါးကျည်းခြောက်ငံပြာရည်ချက် ။
ပထမဆုံး ငါးကျည်းခြောက်ကိုခေါင်းဖြုတ် ..ကိုယ်နှစ်ခြမ်းခွဲ ..အရိုးလေးတွေ
ထုတ်လိုက်ရပါမယ် ။ပြီးရင် ခပ်သေးသေးအပိုင်းလေးတွေဖြစ်အော
ကတ်ကျေးနဲ့ ဖြတ်ပါတယ် ။ ပြီးရင် တစ်ရေလောက်ပြုတ်ထားပါ ။ ရေမသွန်ရပါဘူး ။ အချိုတွေပါကုန်ပါမယ် ။ရေစပ်စပ်လေးကျန်ရင်ချပါ ။
အဲဒီအရည်ပြန်ထည့်ချက်လို့ ရပါတယ် ။ ပြီးရင် ဆီအနေေ...တ်ာမှာ ငရုတ်သီးပွ..
ကြက်သွန်ဖြူ -နီထောင်းထားတာရယ်..ကြက်သွန်နီ
ရောပြီးဆီသတ်ပါတယ် ။ဆီသေရင် ရေလေးနဲနဲလေးထည့်ပြီး ကြက်သွန်ဖတ်
လေးတွေနွမ်းပျော့အောင်လုပ်ပါ ။ရေခြောက်ပြီးဆီပြန်ရင် ပုဇွန်ခြောက်မှုန့် နဲ့ 
ငရုတ်သီးအကြမ်းဖတ်ထည့်ပါ ။မွှေးလာအောင်ကြော်ပေးပါ ။ငရုတ်သီးဖတ်
မတူးအောင်ဂရုစိုက်ပါ ။ ခနနေရင်ကျက်ပါတယ် ။ နောက်ဆုံးမှာ ငါးကျည်း
ခြောက်ထည့်ပါ ။ ဗမာငံပြာရည်..နဲ့ ဆား မျှထည့်ပါ ။သကြားအနည်းငယ်နဲ့ 
ဟင်းချိုမှုန့် အနည်းငယ်ထည့်ပေးပါ ။အရသာသမအောင်ကြာကြာကြော်ပါ ။
ခြောက်ကြွပ်မသွားပါစေနဲ့ ။မြည်းကြည့်လို့ ငါးကျည်းခြောက်ကအကျက်လို
နေရင်ရေလေးစွတ်ရုံထည့်ထည့်ပေးပါ ။စိုစိုပျော့ပျော့ပဲ ချပါ ။ အကြွပ်ြောာာ်
်နည်းမဟုတ်ပဲ စိုစိုလေးနယ်စားရမှာဖြစ်ပါတယ် ။
ဝက်သား ကြံမဆိုင် အစပ်ကြော် ။
ဝက်သား သုံးထပ်သားကို တ၀က်နူးအောင်ဆားလေးနဲ့ ပြုတ်ပြီး အတုံးသေးသေးတုံးထားပါ ။ကြံမဆိုင်ကိုရေနွေးနဲ့ တစ်ရေလောက်ပြုတ်ပြီး
ရေဆူတာနဲ့ ရေသွန်ပြီးရေဆေး ရေညှစ်ပါ ။ပြီးရင်သေးသေးတွေညှပ်ပါ ။
ဝက်သားနဲ့ ကြံမဆိုင်ကိုရောပြီး ဆား..သကြားအနည်းငယ်..ဟင်းချိုမှု
အနည်းငယ်နဲ့ နှံ့ အောင်နယ်ထားပေးပါ ။ငရုတ်သီးပွ..ကြက်သ...ွန်ဖြူ-နီ
ထောင်းထားတာကိုဆီသတ်ပြီး ငရုတ်သီးစိမ်းတောင့်လေးတွေထည့်
အနံ့ မွှေးပြီဆိုရင် ၀က်သားနဲု့ ကြံမဆိုင်အရောကိုထည့်ပါ ။ ချက်ချင်း
ရေမထည့်သေးပဲ ဆီသတ်နဲ့ ရောအောင်ခနမွှေပြီးမှ ရေနဲနဲချင်းထည့်လိုက်
ခန်းလိုက်ချက်ပါ ။ဝက်သားနူးရင်ဆီပြန်အောင်ထားပြီ
စိမ်းစားငပိသုပ်..ရှယ်စပ် ။
ငပိစိမ်းစား
မီးဖုတ် ..ကြက်သွန်နီ ကြက်သွန်ဖြူပါးပါးလှီး .. နံနံပင် ပါးပါးလှီး
ပုဇွန်ခြောက်မှုန့် ..ဟင်းချိုမှုန့် ..ငရုတ်သီးစိမ်းကို တ၀က်လှီး
တ၀က်ထောင်း..
သံပုရာရည်ညှစ်..အားလုံးကိုအရသာေ
ပြီးနယ်လိုက်ပါ ။ အလွယ်ဆုံးထမင်းမြိန်ဟင်းလေးတစ်
ကြက်သားဟင်း ။
ကြက်သားတုံးတွေကို ပုဇွန်ငံပြာရည်..ဆနွင်း..ဂျင်း
နာရီဝက်လောက်နှပ်ထားပါ ။ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာ
ကိုဆီသတ်ပါ ။ဆီသတ်ကျက်ရင် မဆလာနဲနဲထည့်မွှေပါ ။ ပြီးရင်ကြက်သား
ထည့်လိုက်ပြီး ဆီသတ်ထဲမှာ ကြာကြာလုံးပါ ။ ဆားနဲနဲ ဟင်းချိုမှုန့် နဲနဲထည့်ပါ ။
...ပြီးရင်ရေနဲနဲချင်းထည့်ပြီးန
မပါပါဘူး..။အကြာကြီးချက်ရင်တော့ ကြက်သားကမာသွားတတ်ပါတယ် ။
ဝယ်ကထဲက ကြက်နုနုရွေးပြီး ..ခနပဲချက်တာက စားကောင်းပါတယ် ။
ပဲပင်ပေါက်ချဉ်စပ်သုပ် ။
ပဲပင်ပေါက်ကို အရမ်းမနွမ်းအောင်ခနလေးပဲရေနွေးေ
ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုရောထောင်းထား
ဖြူငရုတ်သီးထောင်း ..ပုဇွန်ခြောက်မှုန့်  ..ပုဇွန်ငံပြာရည် ..ဟင်းချိုမှုန့် 
အနည်းငယ် ..ရှာလကာရည်ကို စိုစိုအိုင်အိုင်လေးဖြစ်လောက်တဲ
...( မြည်းကြည့်..လိုရင်ထပ်ထည့် ) ..အဲဒါအားလုံးကိုရောသမနယ် ။
အရသာအလွန်ထူးပါတယ် ။
ချဉ်ပေါင်ရေထည်ဟင်းချို ။
ရေနွေးအိုးဆူအောင်တည်ပါ ။အဲဒီထဲကိုငပိစိမ်းစားနဲနဲထည့်.
၎-၅မွှာထုထည့် ..ကြက်သွန်နီ ၂ ဥလောက်အဖတ်ခွာထည့်..ပုဇွန်ခြော
ထည့် ..ငရုတ်သီးစိမ်းထည့် ..ဆား ဟင်းချိုမှုန့် ထည့် ..။အဲဒါတွေ ခပ်ကြာကြာ
ပွက်ပွက်ဆူပြီးရင်သင်ထားတဲ့ ချဉ်ပေါင်ရွက်ခပ်ပြီးတာနဲ့  အိုးချ အဖုံးပိတ်ထား
...လိုက်ပါ ။ချဉ်ပေါင်ရွက်ကို ပေးဆူထားရင် သိပ်ချဉ်သွားတတ်ပါတယ် ။
ကြက်ဥလိပ်ထမင်းကြော်..။
အထဲမှာ..ထမင်းကြော်ပါပါတယ် ။
နည်းကဘာမှမရှိပါဘူး..။ထမင်းကြော
ကြော်လိုက်ပါ ။လေးထောင့်ပုံပန်းကန်ခွက်လေးထဲ လေးထောင့်တုံး
...ပုံစံရအောင်ဖိသိပ်ထည့်..ပါး
အလယ်ခေါင်မှာနေရာချ..ကြက်ဥကြော်
ဘဲဥ ၀က်သားပေါင်း ။
ဝက်သုံးထပ်သားနဲနဲ ပေါင်သားများများ..စုစုပေါင်း ၃၀သားလောက် ကိုရောပြီး
တောက်တောက်စင်းပါတယ် ။ဆား သကြား ငရုတ်ကောင်း ဟင်းချိုမှုန့် အနည်း
ငယ်စီနဲ့  ကော်မှုန့် လဘက်ရည် ၂ဇွန်းလောက်ဝက်သားနဲ့ နယ်ပါတယ် ။
ကြက်သွန်ဖြူ-နီ တောက်တောက်စင်းထည့်နယ်ပါတယ် ။ဂျင်းလက်တဆစ်ကို
...ထောင်းပြီးအရည်ပဲညှစ်ထည့်ပါ
အနည်းငယ်ထည့်ပြီး နယ်ပါတယ်။( ချိစ် ကြိုက်တတ်လို့ နဲနဲထည့်ပါတယ် ..
မထည့်လဲရပါတယ် )။ ဘဲဥ ၂လုံးပွအောင်ခေါက်ပြီးရောမွှေ ဇွန်းနဲ့ နယ်ပါတယ် ။
အပူခံတဲ့ ဖန်အုပ်ထဲထည့်ပြီး Pressure cooker မှာဇကာခံပြီးရေဆူချိန်ကနေ
၁၅ မိနစ်ကြာအထိပေါင်းပါတယ် ။
သီးရွက်စုံကြာဇံဟင်းချို ။
အဲဒိအရင်မနေ့ က ကြက်ကြော်တဲ့နေ့ မို့ ကျန်နေတဲ့ တောင်ပံရိုးကျောရိုးတွေကို
ဂျင်း..ကြက်သားမှုန့် ..ငရုတ်ကောင်းနဲ့ ပြုတ်ပြီး ဟင်းချိုရည် Base လုပ်လိုက်ပါ
တယ် ။ကျန်တာကတော့ ကြာဇံခပ်ပြီး အိမ်မှာရှိတဲ့ ပန်းငရုတ်ပွ..မုန်ညင်းထုပ်..
ငုံးဥ..ရှောက်ရွက်..ကြက်သွန်နီဥ တွေခပ်လိုက်တာပါ ။ပူပူလေးသောက်လို့ 
...ကောင်းပါတယ် ။
ဘဲသွေး ပဲပြားချဉ်စပ်ကြော် ။
ဘဲသွေးကိုတုံးပြီး ခနပြုတ်ပါတယ် ။နဲနဲနူးအောင်ရယ်..အနံ့ ပျောက်အောင်
ရယ်ပါ ။ပြုတ်ရည်ကိုသွန်..စစ်ထားပါ ။ပဲပြားကိုလည်း အတုံးတုံးပြီး ခနပြုတ်ပါ ။
ကြက်သွန်ဖြူကိုထု ကြက်သွန်နီလှီးထားတာကို ဆီသတ်ပါ ။ဘဲသွေးပဲပြားထည့်
ကြော်ပါ ။ ဆား..ဟင်းချိုမှုန့် ..ကြက်သားမှုန့် ..ဖြူးပါ ။ကိုရီးယား ငရုတ်ချဉ်ရည်
...လေးဆမ်းပြီး အသာအယာ မွှေပါ ။ခနနေရင်နံနံပင်လေးအုပ်ပြီးချလိ
ကြက်ပေါင်ကြော် + Potato Mash
Mash လုပ်တဲ့အခါ အာလူးကို ပြုတ်တာထက် ပေါင်းတာ ကင်တာက အရသာ
ပိုကောင်းပါတယ်..။ အမကတော့ အလွယ်တကူ Microwave မှာပဲထည့်ဖြစ်
ပါတယ် ။အဖုံးပါတဲ့ Microwave သုံးတဲ့ဗူးနဲ့ အာလူး ၂လုံးရေဆေးထည့်..။
၎မိနစ်ထားပြီးရင်နူးအိပါပြီ ။အခွံခွာပြီးဒလိမ့်တုံးနဲ့ ပြားပါတယ် ။ ငရုတ်ဆုံမှာ
...မထောင်းရပါဘူး ။ စေးတွဲသွားပါလိမ့်မယ် ။ ကြက်သွန်နီ ၁ဥ တောက်တောက်
စင်းပြီး အာလူးထဲရောလှိမ့်ပါ ။ Mayonnaise စားပွဲတင်ဇွန်းကြီး ၁ဇွန်း..
ဆား..ငရုတ်ကောင်း..တို့ နဲ့ ဇွန်းနဲ့ နယ်ပါ ။ Non-stick pan မှာ ထောပတ်
အနည်းငယ် ( ထောပတ်နံ့ မကြိုက်ရင် Olive oil.., Vege; oil တို့ သုံးနိုင်ပါတယ်)
နဲ့ ဆီပူခနလှိမ့်ပေးပါ ။ ၂မိနစ်..၃မိနစ် ဆိုရင်ရပါပြီ ။
ပုဇွန်စိမ်း ငပိချက် ။
ပုဇွန်ဘော့ချိတ် အစိမ်းလေးတွေကို တောက်တောက်စင်းပါ ။ဆား ဆနွင်း..
ဟင်းချိုမှုန့် အနည်းငယ်နဲ့ နယ်ထားပါ ။ကြက်သွန်ဖြူ-နီတောက်တောက်စင်း
ထားတာကို ဆီသတ်ပါ ။မိုးမျှော်ငရုတ်သီးစိမ်း ( ကိုယ်အစပ်စားနိုင်သလောက် )
တောင့်လေးတွေကိုထောင်းပြီး ဆီသတ်တဲ့အထဲထည့်သတ်ပေးပါ ။ငပိစိမ်းစား
...အနည်းငယ် ရေဖျော်ပြီးထည့်ပါ ။ကြက်သွန်ဖတ်တွေကျက်ပြီး မွှေးလာ မွှန်လာရင် ဗမာငံပြာရည်အနည်းငယ်ထည့်ပါ ။ ပုဇွန်တောက်တောက်စင်း
ကိုထည့်ပါ ။ခနနဲ့ ပုဇွန်တွေကျက်ပါတယ် ။ကြာကြာထားရင်မာသွားပါမယ် ။
အပေါ့အငံမြည်း..နံနံပင်ရိတ်ရိတ်
( နယ်စားလို့ ကောင်းအောင် အစပ် အငံ ကဲကဲလေးချက်ပါတယ် )
ကြက်ရိုး မုန်လာဥချဉ်စပ်ဟင်းရည် ။
ကြက်ရိုးကို ဆား ဟင်းချိုမှုန့် ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်ပြီး အချိုရည်ကျရင်
မုန်လာဥ..နံနံပင်..ငရုတ်သီးစိမ်
ကြက်လိမ္မော် ရို့ စ် ။
ကြက်ပေါင် ၁ပေါင်ကို သုံးတုံးတုံးတဲ့ အရွယ်ဟာ အနေတော်ပါပဲ ။
ကြက် ၂ပေါင်ကို ၆တုံး-ရအောင်တုံးပြီးကြက်သားတုံ
..ငရုတ်ကောင်းမှုန့် ..တို့ နဲ့ နယ်ပါတယ် ။ Vege; oil အနည်းငယ်ထဲမှာ မီးအရှိန်
Medium လောက်နဲ့ ကြော်ပါတယ်။ရွှေဝါရောင်နဲနဲသန်း
...ဆီတချို့ ခပ်ဖယ်ထုတ်ပစ်ပါတယ် ။စားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ပဲဆီချန်
ထားပြီး အိုးပြန်တင်ပါ ။ Cooking white wine စားပွဲတင်ဇွန်း ၅ ဇွန်းလောက်
ထည့်ပါ ။ကြက်သွန်နီ၎ ဥ လေးစိတ်ခြမ်းပြီးထည့်ပါ ။ မီးရှိန်မြှင့်ပါ ။
ဆူပွက်အမြှုပ်ထလာပါမယ် ။ကြက်သားတုံးတွေကို ထက်အောက်လှန်ပေးပြီး
အရည်ခန်းလာရင် လိမ္မော်ရည် အကြမ်းပန်းကန် ၁လုံးစာလောက်ထည့်ပါ ။
ဆူပွက်ပါစေ ။ဆီပြန်လာရင်ချပါ ။လိမ္မော်နံ့ မွှေးပျံ့ တဲ့ ကြက်သားရို့ စ် ရပါပြီ ။
မုန်လာဥဖြူသုပ် ။
မုန်လာဥအဖြူကိုခြစ်ပြီးဆားရေနာ
ဥဖြူအခြစ်လေးတွေကို ကြက်သွန်နီစိမ်းပါးပါးလှီး..ြ
ပုဇွန်ခြောက်မှုန့် ..ဗမာငံပြာရည်..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် ..နံနံပင်..
ငရုတ်သီးစိမ်း..တို့ နဲ့ ရောနယ်ပါ ။အဲဒါ အဆိမ့်သုပ်စပ်စပ်ပါ ။
...( ချဉ်စပ်သုပ်ချင်ရင် ဥဖြူကိုခြစ်ပြီးတဲ့အခါ ဆားရည်မစိမ်ပဲ ရှာလကာရည်စိမ်ပြီး
ပြန်ညှစ်ပါ ။)
ကြက်ခဘတ် ။
ကြက်ရင်ပုံသားနုနုလေးကို အသားလွှာပြီး အတုံးခပ်သေးသေးတုံး..ဆား..
ကြက်သားမှုန့် .. မဆလာ..တို့ နဲ့ နယ်ပြီး နာရီဝက်ထားပါ ။ ပန်းငရုတ်ပွသီး..
ခရမ်းချဉ်သီး..တို့ ကို အတုံးလေးတွေလှီး ..ကြက်သွန်မြိတ်များများလေး ..
နံနံပင်တို့ ကိုသန့် စင်ရေစစ်ထားပါ ။ မိုးမျှော်ငရုတ်စိမ်းတောင့်အနည်
...လှီးထားပါ ။ကြက်သွန်နီဥကြီး ၂ -ဥလောက်အခြမ်းခြမ်းပြီး အဖတ်တစ်လွှာချင်း
ခွာထားတာကို ပထမဆုံးဆီသတ်ပါ ။ ဆီသတ်တဲ့ထဲ ငရုတ်အရောင်တင်မှုန့် 
နဲနဲ မဆလာနည်းနည်းထည့်မွှေပါ ။ကြက်သွန်ဖတ်နွမ်းရုံမှာ ကြက်သားတုံးလေး
တွေထည့်ပါ ။သကြားလေး ပါလေရာလောက်ဖြူးပြီး လှိမ့်လို့ ကောင်းရုံရေလေး
တောက်ပေးပါ ။နူးအောင်ရေထည့်ဖို့ မလိုပါဘူး ။ရေထည့်ချက်ရင်စားမကောင်း
ပါဘူး ။ ကြက်နုရင် ၅မိနစ်လောက်ကြော်ရင် ရပါပြီ ။ငရုတ်ပွ..ခရမ်းချဉ်သီး
နဲ
ု့ငရုတ်စိမ်းတောင့်လေးတွေ အရင်ထည့်ပါ ။နွမ်းရင် ကြက်သွန်မြိတ်
နံနံပင်ထည့်မွှေပြီး ချနိုင်ပါပြီ ။ပူပူလေးသုံးဆောင်မှ အရသာပိုရှိပါတယ် ။
ုဇွန်ခြောက် ငံပြာရည်ချက် ( အစို )
ကြက်သွန်နီတွေ ပါးပါးလှီး..ကြက်သွန်ဖြူတွေပါး
တင်မှုန်
့တို့ နဲ့ ကြာကြာဆီသတ်ပါတယ် ။နွမ်းပျော့အိလာရင် ရွှေဝါရောင်သန်းပြီး
ကြွပ်မသွားအောင် ဗမာငံပြာရည်အနည်းငယ်ထည့်လိုက်
တဲ့အတွက် နူးအိသွားပါမယ် ။ ရေလေးနဲနဲစိုရုံဖြန်း ဖြန်းပေးပါတယ် ။ မခြောက်
တခြောက် ရေ...ကျန်တုန်းမှာငရုတ်သီးအကြမ်
ငရုတ်သီးဖတ်ထည့်ချိန်မှန်မှ ငရုတ်ညှော်နံ့ မထွက်..အရသာလည်းမခါးမှာပါ ။
ငရုတ်သီးအကြမ်းဖတ်ဆီပြန်ပြီးကျ
နဲနဲနဲ့ ဟင်းချိုမှုန့်  တို့ ကိုထည့်ပါ ။ရေလေးတောက်ပေးပြီး မခြောက်ပါစေနဲ့  ။
အပေါ့အငံမြည်းပြီး အငံလိုရင် ငံပြာရည်နဲနဲထပ်ထည့်ပါ ။ အချိန်ခနလေးပဲ
ကြာပါတယ် ။ အရမ်းလဲလွယ်ပါတယ် ။ ထမင်းလည်းမြိန်စေပါတယ် ။
ကိုရီးယားစတိုင်ချဉ်စပ်ထမင်ြးေ
ထမင်းကို ကိုရီးယားငရုတ်ချဉ်ရည် ချဉ်စပ်..
မုန်ညင်းထုပ်အရွက်ပါးပါးလှီး..
ခြမ်းပြီးအဖတ်ခွာ..မရိုးနီးစ်..
နယ်ပါတယ် ။ Non-stick pan မှာ Vege oil ( သို့ ) Olive oil အပူပေးပါ ။
ဆီပူပူမှာ ကြက်ဥတစ်လုံးပွအောင်ခေါက်ကြော်ေ
...တာတွေထည့်မွှေလိုက်ပါ ။ထမင်းကို အိုးမှာကပ်အောင်အပေါ်မျက်နှာပြင်
ယောင်းမနဲ့ ဖိပြားပေးပါ ။ ကြာကြာထားပြီးထက်အောက်လှန်ပါ ။လှန်ပြီး
ရင်လည်းအိုးကပ်အောင်မျက်နှာပြင်
ပေးရင် ထမင်းလေးက ကျွမ်းကျွမ်းလေးဖြစ်ပါမယ် ။ Non -stick မို့ 
မတူးကပ်ပါဘူး ။ ခြောက်လာရင် ပုံသွင်းခွက်လေးထဲထည့်ပြီးပန်း
လှလှလေးမှောက်ချထည့်ပါ ။ ကြက်ကြော်..အမဲကြော်..၀က်အူချော
အရွက်စိမ်း..နှစ်သက်ရာနဲ့ တွဲပြီးသုံးဆောင်ပါရှင် ။
ကိုရီးယားငရုတ်ရည်ချဉ်စပ် ။
ထမင်းနဲ့ လည်းကြော်ပါတယ် ။အသီးအရွက်သုပ်ရင်လည်းသုံးပါတယ် ။
ဒီထဲကတစ်ယောက်ကတော့ အာလူးကြော်နဲ့ တို့ စားလည်းကောင်းတယ်တဲ့ ။
ဝက်သားမျှစ်ချဉ် ။
ဝက်သုံးထပ်သားကိုအရွယ်တော်တုံး
တဲ့အနှစ်..ဆား..ဟင်းချိုမှုန့် ..ဆနွင်း..ဂျင်းပါးပါးလှီး..
ထညက်တစ်လုံးထုခြေပြီး အားလုံးရောနယ် နာရီဝက်လောက်နှပ်ထားပါ ။
မျှစ်ချဉ်ကိုအနံ့ ပျောက်အောင်ရေများများနဲ့ တစ်ရေပြုတ် ဆူပွက်ရင်ရေသွန်ပါ ။
...၀က်သားနဲ့ မျှစ်ချဉ်ရောထည့်ပြီး Pressure cooker မှာ ရေသင့်ရုံချိန်ထည့်ပြီး
မီးပြင်းပြင်းနဲ့ ချက်ပါ ။အသံမြည်ချိန်ကနေ မိနစ် ၂၀ ဆိုရင် နူးပါပြီ ။အိုးချပြီး ရေလိုသလောက်ထပ်ထည့် အပေါ့အငံမြည်းပါ ။
ရိုးရိုးအိုးနဲ့ ချက်မယ်ဆိုရင်တော့ ၀က်သားနယ်ထားတာနဲ့ မျှစ်ချဉ်ရောပြီးရင်
ခြောက်အောင်လုံးချက်ပါ ။ဝက်သားကဆီထွက်ပြီးဆီပြန်လာရင် ရေကိုနဲနဲချင်း
နူးတဲ့အထိထည့်ချက်သွားပါ ။( ဟင်းရည်ကိုပြစ်နှစ်ပြီး အရသာပိုထူးစေချင်ရင်
လျှို့ ဝှက်ချက်ကတော့ ဆန် စတီးဇွန်း၁ဇွန်းစာလောက်ကို ဒယ်ပူပူမှာလှော်ပါ ။
မတူးပါစေနဲ့  ။ရွှေရောင်သန်းရင်ချပြီးငရုတ်ဆုံ
ဆန်လှော်မှုန့်ကို ၀က်သားနဲ့ မျှစ်ချဉ်ရောနယ်စဉ်မှာထည့်နယ်
ပါရင် အိုးကပ်တတ်လို့ အိုးမကပ်အောင်ဟင်းအိုးနားက မခွာ..ကြည့်နေရပါမယ် ။
ဟင်းရည်ပိုပြစ်ပြီး အရသာပိုထူးပါတယ် ။)
မုန်ညင်းရွက်ဆီပြန်အစပ်ချက် ။
အရမ်းစားလို့ ကောင်းတဲ့ ဟင်းရံတစ်ပွဲပါ ။
မုန်ညင်းရွက်ကိုနှစ်ပိုင်းလောက်
အမြင်လှအောင်ပါ ။ ငရုတ်သီးပွ ကြက်သွန်ဖြူ-နီထောင်းထားတာကိုဆီ
သတ်ပါ ။ခြောက်တောက်တောက်လေးမွှေးလာတဲ့
ဟင်းချိုမှုန့် ထည့်ပါ ။ စပ်စပ်လေးကြိုက်တဲ့သူဆိုရင် ငရုတ်သီးစိမ်းလေးတွေ
နဲနဲထုထည့်ပါ ။ပုဇွန်ခြောက်ကပ်မသွားအောင် ရေလေးနဲနဲချင်းတောက်ပေး
နိုင်ပါတယ် ။ အားလုံးကျက်ပြီးမွှေးနေမှ မုန်ညင်းရွက်တွေထည့်ပါ ။မုန်ညင်းရွက်
ကိုအသာအယာ ထက်အောက်လှန်ပေးပြီး နူးတဲ့ထိ ရေနဲနဲချင်းဖြန်းပေးရင်း
ချက်သွားပါ ။အရွက်နူးရင်ချလို့ ရပါပြီ ။
ပဲပြားမဆလာ ချဉ်စပ် ။
ပဲပြားလေးတွေကိုအနေတော်တုံးပါ ။ ကြက်သွန်ဖြူ-နီ-ငရုတ်ပွ ရောထောင်းပြီး
ဆီသတ်ပါ ။နဲနဲကျွမ်းပြီးမွှေးလာရင် မဆလာ..ပုဇွန်ြေုခာက်မှုန့်  နဲ့မန်ကျည်းရည်
လေး
နဲနဲထည့်ပါ ။ ( စပ်ချင်ရင် ငရုတ်သီးစိမ်းထောင်းထည့်နိုင်ပါ
ဆီသတ်တာတွေကျက်ရင် ဗမာငံပြာရည် ဟင်းချိုမှုန့် သင့်ရုံထည့်ပါ ။ ပဲပြားနူးရုံ
ရေနည်းနည်းဖြန်းပေြး...ပီး ရှမ်းနံနံလေးအုပ်ပြီးချနိုင်ပြါ
အုပ်နိုင်ပါတယ် ။ သက်သတ်လွတ် ချက်ချင်ရင် ပုဇွန်ခြောက်မှုန့် မထည့်ပဲဆားနဲ့ 
ချက်လည်း စားကောင်းပါတယ် ။
( မိမိနှစ်သက်သလို ခရမ်းချဉ်သီးလည်းကြိုက်ရင်ထည့်
..အမျိုးမျိုးတီထွင်ဖန်တီး ချက်နိုင်ပါတယ်ရှင် ။
ပဲကြာဇံသုပ် ။
ပဲကြာဇံလေးကိုပြုတ်..အာလူးလေြး
ဗမာငံပြာရည်..နံနံပင်ရိတ်ရိတ်လှ
အကျက်အနည်းငယ်..။အားလုံးကိုရော
ငါးကြင်းခေါင်း မျှစ်ချဉ် ချဉ်ရည် ။
ငါးကြင်းခေါင်းတွေကို ၂ ခြမ်း ခြမ်း..ပါးဟက်ထုတ်..ဆားရည်လေး ၁၀ မိနစ်
လောက်စိမ်ထားပါ ။မျှစ်ချဉ်နုနုလေးတွေကိုလည်း တစ်ဖတ်ချင်းခွာပြီး ရေနွေး
ပူပူ ၁၀ မိနစ်လောက်စိမ်ထားလိုက်ကပါ ။ငရုတ်ပွ ကြက်သွန်ဖြူ-နီထောင်းထား
တဲ့ အနှစ်ကိုဆီကြာကြာသတ်ပါ ။ဆနွင်းအနည်းငယ်နဲ့  ဂျင်းပါးပါးလှီးထည့်ပါ ။
...ဆီသေရင် ငပိစိမ်းစား အနည်းငယ်ကိုရေဖျော်ပြီးထည့်ပါ ။ ခြောက်လာရင်
မျှစ်ချဉ်ဖတ်တွေကိုအရင်ထည့်လုံး
ကြာကြာမွှေပြီးလုံးနေပါဦး ။ ခြောက်လာမှ ရေကိုနဲနဲလေးအရင်စ ထည့်ပါ ။
ကြာကြာဆူပွက်ပါစေ ။ဆား ဟင်းချိုမှုန့် ထည့်ပါ ။ ပန်းပွင့် ဘိုစားပဲ ရှောက်ရွက်
ထည့်ပါ ။ ( ပဲပြား ဘဲသွေး ငုံးဥ ..စသဖြင့်ထည့်နိုင်ပါတယ် )ရေလိုသလောက်
ရောပြီး အပေါ့အငံမြည်း ဗမာငံပြာရည်ထည့်ပါ ။ သကြားအနည်းငယ်မျှထည့်ပါ။
ဆူရင် နံနံပင်အုပ်ပြီးချနိုင်ပါပြီ ။
ငါးဖယ် + ပုဇွန် ပြောင်းဖူးကပ်ကြော် ။
ငါးဖယ်ကို ရျင်း ကြက်သွန်ဖြူနဲ့ တင်းတင်းလေးနေအောင်ထောင်းပါတယ် ။
ပုဇွန်အနေတော်ရွယ်လေးတွေကို ခေါင်းအမြီး အခွံအားလုံးချွှတ်ပြီးဒါးနဲ့ 
တောက်တောက်စင်းပါတယ် ။ ငရုတ်သီးစိမ်းအနည်းငယ် ..ရှောက်ရွက်
အနည်းငယ် ..မုန်ညင်းထုပ်( နဲနဲပါပဲ ) အားလုံးကြေမွအောင်တောက်တောက်
...စင်းပါတယ် ။ ပြောင်းဖူးအဖူးလိုက်ကိုပါးပါးေ
ဆား ..ဆနွင်းမှုန့် ..အရောင်တင်မှုန့်  ..ဟင်းချိုမှုန့် ..သကြားအနည်းငယ် ..
ကော်မှုန် (စေးတွဲတဲ့အထိလိုသလောက် ) ..တို့ နဲ့ ရောနယ်ပါတယ် ။ဆီလေး
ဆွတ်ပြီး အလုံးလုံးတဲ့အခါ သိပ်ဖေါင်းပြီးလုံးရင် အတွင်းသားကျက်မလွယ်လို့ 
အနေတော်ရုံဖေါင်းပါစေ ။ မီးအေးအေးလေးမှာ ကြာကြာလေးကြော်ပေးပါ ။
မွှေးပျံ့ ပြီး အရသာရှိလှပါတယ် ။
ပဲပင်ပေါက် ပဲပြားသုပ် ။
ပဲပြားလေးတွေ ပါးပါးလှီး .. ဆား ဟင်းချိုမှုန့် နဲ့ ဖြည်းဖြည်းနယ်ပြီး အပေါ်ယံ
တင်းရုံကြော်ပါ ။မမာပါစေနဲ့ ။ပဲပင်ပေါက်လေးတွေကိုလည်း ခပ်စိမ်းစိမ်းပဲ
ရေနွေးဖျောထားပါ ။ ပဲပြား ... ပဲပင်ပေါက်..ကြက်သွန်နီပါးပါးလှ
နံနံပင်နဲ့ ငရုတ်သီးစိမ်း ပါးပါးလှီး ..ကြက်သွန်နီဆီချက် ..မန်ကျည်းရည် ..
...ပုဇွန်ခြောက်မှုန့်  ..ဗမာငံပြာရည် ..ဟင်းချိုမှုန့် ..ငရုတ်သီးမှုန့် နဲနဲ ..
အားလုံးကိုဖွဖွရောနယ်ပါ ။ အရမ်းကောင်း..ထမင်းမြိန် ..ချဉ်ငံစပ် အသုပ်
လေးပါ ။
ပုဇွန် + ပဲပြားဆီပြန် ။
ငရုတ်သီး ကြက်သွန်ဖြူ-နီထောင်းထားတာကို မဆလာလေးနဲ့ ဆီသတ်ပါတယ် ။
ဆီသေရင် ငပိစိမ်းစားနဲနဲလေးရေဖျော်ထည့်
ပဲပြားခပ်သေးသေးတုံးထားတာလေးတွေ
ချိုမှုန့် ထည့်ပါ ။ပဲပြားကျက်ရင် ခရမ်းချဉ်သီးစိတ်ထားတာလေးထည့်ေ
ထည့်မွှေပေးပါ ။ပုဇွန်ကချက်ချင်းကျက်တာမို့  ပင်စိမ်းရွက်လေးအုပ်ပြီးချပါ ။
ဂဏန်းပျော့ မဆလာ..။
ဂဏန်းပျော့ကို အခွံပျော့လေးအသာဖယ်ပြီး အောက်ကသန့် ရှင်းစရာရှိတာ
သန့် ရှင်းဖယ်ရှားပြီး အခွံလေးကိုပြန်အုပ်ထားပါတယ် ။ ကြက်သွန်ဖြူ-နီ
ငရုတ်သီးထောင်းထားတာရယ် ဆနွင်းမှုန့် အနည်းငယ်ရယ် ဆီကြာကြာသတ်ပါ ။
ဆီသတ်တဲ့ထဲ မဆလာနဲ့ မန်ကျည်းရည်အနည်းငယ်ထည့်ပါမယ် ။ဆီသေရင်
...ငရုတ်သီးစိမ်း နဲ့ ပျဉ်းတော်သိမ်ရွက် ထည့်ပါ ။ မွှေးလာပါမယ် ။ဂဏန်းပျော့တွေ
ထည့်ပါ ။ ဆား..ဟင်းချိုမှုန့် ..ထည့် ။ရေအနည်းငယ်ထည့် ..ခနပေးဆူထားပြီး ဂဏန်းကျက်ပြီဆိုရင် ရှောက်ရွက်လေးအနည်းငယ်အုပ်ပြီး
No comments:
Post a Comment