Search This Blog

Monday, November 15, 2010

ဖတ်စရာသတင်းအတိုအထွာ

iPhone ကို ယှဉ်ပြိုင်ရန်အတွက် Nokia N8 စတင်ရောင်းချမည်

“ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျွန်တော်တို့ဟာ ဈေးကွက်ဝေစု ဆုံးရှုံးမှုတချို့ ကြုံခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ Nokia အတွက် ပိုပြီးအောင်မြင်အောင် ကြိုးစားသွားရမှာပါ။ Nokia ရဲ့ OS ဖြစ်တဲ့ Symbian ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မိုဘိုင်းလ်ဖုန်း OSအဖြစ် ဆက်ပြီးရပ်တည်နေတုန်း ဖြစ်ပါတယ်”
Posted on Sep 16 10 - 12:40 PM | Hits : 645
iPhone ကို ယှဉ်ပြိုင်ရန်အတွက် Nokia N8 စတင်ရောင်းချမည်
  ဈေးကွက်အတွင်း iPhone ကို ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော ဖုန်းအမျိုးအစားသစ် N8 ကို Nokia က ထုတ်လုပ်ပြသလိုက်ပြီ ဖြစ်သည်။ အောက်တိုဘာ (၁)ရက်နေ့တွင် စတင်ရောင်းချမည့် Touchscreen နည်းပညာသုံး စမတ်ဖုန်းတွင် Symbion 3 OS ကို ပထမဆုံးအဖြစ် အသုံးပြုထားသည်။ ဖင်လန်အခြေစိုက် မိုဘိုင်းလ်ဖုန်း ကုမ္ပဏီကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထူးချွန်သော အမှုဆောင်နှစ်ဦးအား လက်လွှတ်ခဲ့ရပြီးနောက် ရှယ်ယာဈေးကွက်တွင် ထိခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့သည်။

Nokia N8

(အောက်တိုဘာ ၁ ရက်တွင် စတင်ရောင်းချသွားမည့် Nokia N8)
Nokia ၏ အမှုဆောင် အရာရှိချုပ်အသစ် ဖြစ်လာသူ စတီဖင်အီလော့က လန်ဒန်မြို့ ဒေါ့ခ်လန်းစ်တွင် ကျင်းပသည့် NokiaWorld ညီလာခံတွင် “ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျွန်တော်တို့ဟာ ဈေးကွက်ဝေစု ဆုံးရှုံးမှုတချို့ ကြုံခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ Nokia အတွက် ပိုပြီးအောင်မြင်အောင် ကြိုးစားသွားရမှာပါ။ Nokia ရဲ့ OS ဖြစ်တဲ့ Symbian ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မိုဘိုင်းလ်ဖုန်း OSအဖြစ် ဆက်ပြီးရပ်တည်နေတုန်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ Nokia သည် ကမ္ဘာပေါ်ရှိ မိုဘိုင်းလ်ဖုန်းဈေးကွက် (၄၀)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားဆဲဖြစ်ပြီး လူအများ ကိုင်ဆောင်ထားသည့် ဖုန်း(၃)လုံးတိုင်းတွင် (၁)လုံးမှာ Nokia ဖြစ်နေဆဲဟု သိရသည်။ သို့သော်လည်း တန်ဖိုးကြီး ဖုန်းများ၏ ဈေးကွက်တွင် Nokia ၏ အခြေအနေသည် မှေးမှိန်လာခဲ့ပြီး Apple ၏ iPhone နှင့် HTC၊ Blackberry စသော ဖုန်းများအား နေရာဖယ်ပေးခဲ့ရသည်။

Nokia N8 and iPhone 4

(Nokia N8 နှင့် iPhone 4 နှိုင်းယှဉ်ချက်)
သို့သော်လည်း Nokia သည် N8 အပြင် E7 ကဲ့သို့ ဖုန်းအမျိုးအစားသစ်များဖြင့် ဈေးကွက်ကို ပြန်လည်ထိုးဖောက်ရန် အားယူနေသည်။ အထူးသဖြင့် N8 သည် Apple ၏ iPhone အား ထိပ်တိုက်ယှဉ်ပြိုင်ရန် အဓိက ရည်ရွယ်ထားပြီး ဂျာမန်ကုမ္ပဏီ Carl Zeiss ၏ 12 megapixel ကင်မရာအား တပ်ဆင်ထားရာ iPhone တွင်ပါဝင်သော 5 megapixel ကင်မရာထက် များစွာကောင်းမွန်နေသည်။ မျက်နှာပြင် အကျယ်သည် iPhone 4 ကဲ့သို့ (၃.၅)လက်မရှိပြီး သိုလှောင်နိုင်စွမ်း 16GBရှိကြောင်း သိရသည်။ ထို့အပြင် ဖုန်းနှင့် တွဲဖက်အသုံးပြုနိုင်သော Application ထောင်ပေါင်းများစွာ Download ပြုလုပ်နိုင်မည်ဟုဆိုသည်။ ဖုန်း၏ အရွယ်အစားမှာလည်း iPhone 4 ထက် အတန်ငယ် ပိုမိုသေးငယ် ပေါ့ပါးသည်။ Nokiaက N8 တွင် အသုံးပြုထားသော Symbian 3 သည် စိတ်လှုပ်ရှားဖွယ် OS မျိုးဖြစ်ပြီး N8 အနေနှင့် ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် အောင်ပွဲခံနိုင်ရန် မျှော်လင့်ထားကြောင်း ကြေညာသွားသည်။


iPad ကိုယှဉ်ပြိုင်မည့် Samsung ၏ Galaxy Tab tablet


နာမည်ကျော် အီလက်ထရွန်နစ်ကုမ္ပဏီဖြစ်သော Samsung သည် Apple ကထုတ်လုပ်သည့် iPad tablet ကိုယှဉ်ပြိုင်ရန်အတွက် Galaxy Tab အမည်ရှိ tablet သစ်ကို ဂျာမနီနိုင်ငံဘာလင်မြို့၌ ကျင်းပခဲ့သော IFA အီလက်ထရွန်နစ်ပြပွဲတွင် ပွဲထုတ်ပြသခဲ့ကြောင်း သိရသည်။
Galaxy Tab တွင် ကြည်လင်တောက်ပကာ တုံ့ပြန်မှုကောင်းမွန်သည့် ၇ လက်မအရွယ် multi-touch screen ပါဝင်ပြီး ယင်းသည် 1024x600 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည်ဖြစ်သည်။ 1GHz Cortex A8 ARM processor ကိုအသုံးပြုထားပြီး ဂရပ်ဖစ်အနေဖြင့် PowerVR SGX540 ကိုအသုံးပြုထားကာ သိုလှောင်မှုအဖြစ် internal memory 16GB နှင့် 32GB တို့ဖြင့်ရရှိနိုင်ပြီး microSD card မှတဆင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သည်။ Wi-Fi အဖြစ် 802.11 a, b, g, n ဖြင့်အသုံးပြုနိုင်ပြီး cell network အဖြစ် 2.5G (GSM/GP RS/EDGE) နှင့် 3G (HSUPA 5.6Mbps, HSDPA 7.2Mbps) ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ကင်မရာအနေဖြင့် ကျောဘက်တွင် 3.2-megapixel ပါဝင်ပြီး ရှေ့ဘက် တွင် 1.3-megapixel ပါဝင်ခြင်းကြောင့် ဗီဒီယို chat ပြုလုပ်နိုင်မည်ဖြစ်သည်။ တီဗီနှင့်ချိတ်ဆက်နိုင်ရန်အတွက် HDMI port ပါဝင်ပြီး 720p ဗီဒီယိုများကို ကြည့်ရှုနိုင်စေကာ မဂ္ဂဇင်း ၂,၅၀၀၊ သတင်းစာ ၁,၆၀၀ နှင့် စာအုပ် ၂ သန်းခန့်ကို ဖတ်ရှုနိုင်စေမည့် reader application လည်းပါဝင်ကြောင်း သိရသည်။ Android 2.2 operating system ကို အသုံးပြုထားပြီး အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံ၌ ရောင်းချမည်ဖြစ်သည်။


အမေရိကန်တွင် Bing သုံးစွဲသူအရေအတွက် Yahoo ထက် ကျော်လွန်လာ


alt
Microsoft​​ မှ​ ​တည်​ထောင်​ထား​သော​ Search​ Engine​​ အ​သစ်​ Bing​​ © jwt
အ ​မေ​ရိ​ကန်​တွင်​​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​မှု​များ​အ​တွက်​ Bing​​ အား​ ​သုံး​စွဲ​သူ​​ ​အ​ရေ​အ​တွက်​သည်​ Yahoo​​ ကို​​ ​ကျော်​လွန်​သွား​ပြီ​ဖြစ်​ကြောင်း​​ ​သိ​ရ​သည်​။
Microsoft​​ မှ​ ​တည်​ထောင်​ထား​သော​ Search​ Engine​​ အ​သစ်​ Bing​ ​အ​တွက်​​ ​ယ​ခု​ကိ​စ္စ​သည်​ ​အောင်​မြင်​မှု​တစ်​ခု​​ ​ဖြစ်​လာ​ပြီး​ ​ပြိုင်​ဖက်​ကြီး​ Google​ကို​ ​ယှဉ်​ပြိုင်​ရာ​တွင်​​ ​တွန်း​အား​တစ်​ခု​သ​ဖွယ်​​ ​ဖြစ်​လာ​စေ​ခဲ့​သည်​။ Nielsen​က​​ ​နောက်​ဆုံး​ပြု​လုပ်​ခဲ့​သည့်​​ ​သု​တေ​သ​န​ ​စစ်​တမ်း​အ​ရ​​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​မှု​တွင်​ Bing​သည်​ MSN​၊​ Window​ Live​​ တို့​နှင့်​အ​ပြိုင်​​ ​၁၃.​၉​ ​ရာ​ခိုင်​နှုန်း​ဖြင့်​​ ​ရပ်​တည်​နေ​ပြီး​ Yahoo​​ က​မူ​​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​​ ​၁၃.​၁​ ​ရာ​ခိုင်​နှုန်း​ထိ​​ ​ကျ​ဆင်း​သွား​ကြောင်း​​ ​သိ​ရ​သည်​။
 Google​​ က​မူ​ ​၆၅.​၁​​ ​ရာ​ခိုင်​နှုန်း​ဖြင့်​​ ​ပြတ်​ပြတ်​သား​သား​ ဦး​ဆောင်​နေ​ဆဲ​ဖြစ်​သည်​။ Google​​ သည်​ ​အင်​တာ​နက်​​ ​ရှာ​ဖွေ​ရေး​ ​ဝန်​ဆောင်​မှု​​ ​ကဏ္ဍ​တွင်​ ဦး​ဆောင်​နေ​ခြင်း​အား​​ ​ထိန်း​သိမ်း​ရန်​ ​မ​ကြာ​သေး​မီက​ Google​ Instant ​ဆို​သော​ Feature​သစ်​ကို​ ​စ​တင်​ခဲ့​ပြီး​ ​ရှာ​ဖွေ​မှု​များ​ ​ပြု​လုပ်​ရာ​တွင်​ ​ပို​မို​လွယ်​ကူ​ ​မြန်​ဆန်​အောင်​ ​ဆောင်​ရွက်​ပေး​ခဲ့​သည်​။ သုံး​စွဲ​သူ​ ​အ​များ​စု​က​ Google​​ နှင့်​ Bing​​ တို့​သည်​ ​အ​ခြား​သော​ Search​ Engine​​ များ​ထက်​ ​ဆွဲ​ဆောင်​မှု​ ​ပို​ရှိ​ကြောင်း​ ​ထောက်​ခံ​ပြော​ဆို​ခဲ့​သည်​။ Bing​ ​သည်​ Google​ ​၏​ ဦး​ဆောင်​မှု​အ​တိုင်း​ ​ဂိမ်း​များ​၊​ ​ရုပ်​ရှင်​များ​အ​ပြင်​ ​တေး​ဂီ​တ​များ​ ​ရှာ​ဖွေ​ရေး​ ​ဝန်​ဆောင်​မှု​များ​ ​ထည့်​သွင်း​ပေး​လာ​ခြင်း​ကြောင့်​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​ပို​မို​မြင့်​တက်​လာ​သည်​။
Microsoft ​​ နှင့်​ Google​​ တို့​သည်​ ​မို​ဘိုင်း​ဖုန်း​ OSေ​ဈး​ကွက်​တွင်​လည်း​ ​အ​ပြိုင်​ဖြစ်​နေ​ပြီး​ Microsoft​​ ၏​ Windows​ Phone​ 7​ ​ရော​၊​ Google​​ ၏​ Android​​ တို့​ပါ​ Apple​ ​၏​ iOS​​ နှင့်​ ​ယှဉ်​ပြိုင်​မှု​ ​ပြင်းထန်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။


အပူချိန်လွန်ကဲမှုဖြစ်ပွားသော Laptop ၄၁,၀၀၀ ကို Toshiba မှပြန်လည်သိမ်းဆည်း


ပြီးခဲ့သည့်ရက်အနည်းငယ်ခန့်က အပူချိန်လွန်ကဲမှုဖြစ်ပွားသော laptop အလုံးရေ ၄၁,၀၀၀ ကို Toshiba မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ထုတ်ကုန်သုံးစွဲမှုလုံခြုံရေး ကော်မရှင် (CPSC) မှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ပြန်လည်သိမ်းဆည်းလိုက်သော အဆိုပါ laptop များမှာ Toshiba ၏ Satellite T130 မော်ဒယ်များဖြစ်ပြီး ယင်း laptop များ၏ အပူချိန်လွန်ကဲမှုကြောင့် AC adapter တပ်ဆင်ထားစဉ်အတွင်း ပလတ်စတစ်ကိုယ်ထည် အရည်ပျော်မှု ၁၂၉ မှုဖြစ်ပွားခဲ့ကာ အသေးစားမီးလောင်ကျွမ်းမှု ၂ မှုဖြစ်ပွားခဲ့ကြောင်း CPSC မှဆိုသည်။Toshiba မှအဆိုအရ ယင်းဖြစ်စဉ်များသည် DC ၏ ချွတ်ယွင်းချက်ကြောင့်ဖြစ်ပြီး AC adapter ကိုတပ်ဆင်လိုက်သည့်အခါ ကွန်ပျူတာကိုအရည်ပျော်စေနိုင်ကြောင်း သိရသည်။ ယင်းဖြစ်ရပ်သည် Toshiba ၏ ပထမဆုံးအကြိမ်ဖြစ်ရပ်မဟုတ်ဘဲ ၂၀၀၇ ခုနှစ်ကလည်း အပူချိန်လွန်ကဲမှုကြောင့် Sony ဘက်ထရီများကို ပြန်လည်သိမ်းဆည်းခဲ့ဖူးသည်။

LG မှ Dual-Core processor ပါဝင်သည့် စမတ်ဖုန်းများထုတ်လုပ်မည

ဘက်ထရီရဲ့သက်တမ်းကို ထိန်းသိမ်းပေးနိုင်သည့် မျိုးဆက်သစ် Dual-Core processor အသုံးပြုထားသော စမတ်ဖုန်းသစ်များကို LG Electronics မှ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများမှာ LG ၏ Optimus စီးရီးများဖြစ်ပြီး Nvidia မှထုတ်လုပ်သော Tegra 2 Dual-Core ချစ်ပ်များကိုအသုံးပြုထားကာ 1080p high-definition ဗီဒီယိုများကို ကြည့်ရှုနိုင်စေကြောင်း LG မှ ကြေညာခဲ့သည်။ ယနေ့ခေတ်စမတ်ဖုန်းများတွင် Single-Core processor များကိုသာ အသုံးပြုထားပြီး 720p resolution ဗီဒီယိုများကိုသာ ထောက်ပံ့ပေးနိုင်သည်။ သို့ရာတွင် Dual-Core processor အသုံးပြုစမတ်ဖုန်းများကမူ videoconferencing ကဲ့သို့သော application များကို အသုံးပြုစေနိုင်ကြောင်း သိရသည်။ Optimus စမတ်ဖုန်းများတွင် 1GHz processor နှစ်ခုပါဝင်လာ မည်ဖြစ်ပြီး Single-Core 1GHz ချစ်ပ်များထက် ၀က်ဘ်အသုံးပြုခြင်းအတွက် နှစ်ဆ၊ ဂိမ်းကစားခြင်းအတွက် ငါးဆပိုမိုလျင်မြန်စေမည် ဖြစ်သည်။ ယနေ့ခေတ် အဆင့်မြင့်စမတ်ဖုန်းအချို့ဖြစ်သော Motorola Droid X, Apple iPhone 4 နှင့် HTC Evo 4G တို့တွင် 1GHz Arm processor များကိုသာ အသုံးပြုထားသည်။ Nvidia ကထုတ်လုပ်သည့် Tegra 2 ချစ်ပ်ကို Arm Cortex-A9 ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ပြီးခဲ့သည့်နှစ်ဇန်န၀ါရီလက tablet များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ LG ၏ Dual-Core processor အသုံးပြုစမတ်ဖုန်းများကို ယခုနှစ် စတုတ္ထလေးလပတ်အတွင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းစမတ်ဖုန်းများနှင့်ပတ်သက်သည့် အခြားအချက်အလက်များကိုမူ ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။


Samsung မှ Dual-Core mobile processor မိတ်ဆက်

Tablet များ၊ PC များ၊ Netbook များနှင့် စမတ်ဖုန်းများတွင် 1080p ဗီဒီယိုရိုက်ကူးကြည့်ရှုနိုင်စေမည့် Dual-Core application processor တစ်မျိုးကို Samsung မှ မိတ်ဆက်ပြသခဲ့သည်။ ယင်း processor ကို Orion ဟုအမည်ပေးထားပြီး 1GHz ARM Cotex A9 core နှစ်ခုပါဝင်ကာ ၂၀၁၁ ခုနှစ်တွင်ထွက်ပေါ်မည့် မိုဘိုင်းထုတ်ကုန်များတွင် အသုံးပြုဖွယ်ရှိကြောင်း သိရသည်။ Orion processor ပါဝင်သော စမတ်ဖုန်းတစ်လုံးသည် display နှစ်ခုဖြင့်အသုံးပြုနိုင်ပြီး HDMI port မှတဆင့် TV ဒါမှမဟုတ် monitor တို့တွင်လည်း တတိယမြောက် external display အဖြစ် အသုံးပြုနိုင်ကြောင်း Samsung ကဆိုသည်။ ထို့အပြင် 3D ဂရပ်ဖစ်ကိုလည်း Galaxy S နှင့် Galaxy Tab တွင်အသုံးပြုထားသော ယခင် Samsung processor များထက် ငါးဆပိုမိုစွမ်းဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ Orion processor ကို ယခုနှစ် စတုတ္ထလေးလပတ်အတွင်း စတင်ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းတွင် အလုံးအရင်းဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်။

Microsoft Windows 7 Ultimate

Install:
- Download and extract using WinRAR.
- Use Nero or other burning app to burn the ISO image
- Burning speed should not be faster than 4x. Otherwise, it might not work.
- Restart your computer.
- Make sure you have selected your DVD-ROM/RW drive as a first boot device.

* Enter the BIOS pressing the DEL button, set the option, insert your Windows 7 installation and restart computer.
- The black screen will appear (image 01).
- Press any key to boot from CD or DVD.... (by pressing the key you are entering the setup)
- Select your language, time and currency and keyboard input (optionaly)
- Click install now
- Choose your edition (x86 is 32-bit, x64 is 64-bit) depending of CPU type you have.

*Choose x64 if you have 64-bit processor.
- Click \"I accept\".
- Click \"Custom\" (advanced).
- Choose your partition/hdd drive where Win7 should be installed and click format.

*You might get some error if you have two or more hard disks with different connectors (ATA and SATA).
If you get an error, turn off one of your hard disks and repeat the whole proces.
- After formatting, setup will continue automaticly and it will finish after 15-30 min.
- Next step would be username
- Type your password (if you want).
- When you get the screen for CD-KEY just ignore it leaving blank.

*Uncheck the box for automaticly activation and click next.
- Choose the third option for next step.
- Select your time zone.
- Select your current location (Home is recommended).
- The black CMD windows will appear. Wait a few seconds until computers restares once again.
- And that would be all about installation. You are in Windows now.

Image

Image


Image


Image

Blumentals HTML PAD 2010 Portable

ဘလော့ဂါဆရာများအတွက်ပါ။ HTML Code တွေကို အလွယ်တကူ Edit လုပ်လို့ရတဲ့ tool လေးပါ။ Portable လေးဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ပေါ့ပေါ့ပါးပါးလေး သုံးလို့ ရတာပေါ့ဗျာ..။

ဘာတွေ လုပ်လို့ ရလဲဆိုတော့.....

* The most complete HTML and XHTML editor available today
* Advanced, fully customizable and familiar text editor
* Syntax highlighting for HTML, CSS, JavaScript, VBScript, PHP, ASP, WML, XML, Perl
* Compliance with HTML, XHTML and various CSS standards
* UTF-8 and UTF-16 Unicode support
* Advanced CSS editing with built-in CSS editor More info
* Advanced JavaScript editing with built-in JavaScript editor More info
* Code Auto Complete for HTML tags More info
* Code Auto Complete for CSS More info
* Code Inspector for HTML tags More info
* Code Inspector for CSS More info
* Instant preview for HTML and CSS
* Code generators and helpers
* Matching and missing HTML tag highlighting
* Code Library More info
* Project management and publishing to FTP
* FTP and SFTP connectivity More info
* Spell Checker More info
* Ready to use Code Templates
* Search and Replace with Regular Expression Support
* Find and Replace in files More info
* Integration with CSE HTML Validator
* Code collapse
* Multi Item Clipboard More info
* Countless goodie features (bracket matching, line highlighting, text indentation...)








Download ပိတ်ထားမယ်။



Disable Downloading from IE
2) ပြီးတော့အပေါ်မှာရှိတဲ့ Security ကိုသွားပြီး အောက်နားမှာ
3) Custom Level ကိုနှိပ်လိုတဲ့ အခါမှာ Security Settings-Internet Zone ဆိုတဲ့ box လေးတခုကျလာပါမယ်.
၎)ဒီ Box လေးထဲမှာ Download File ဆိုတဲ့အောက်နားမှာ Disable ဆိုတာရှိပါတယ်.ဒါကတော့ အရင်က Enable လုပ်ထားတယ်.ဆိုရင် Download ကိုပိတ်ထားတာပါ..ပြီးရင်  Ok ကိုနှိပ်ပေးပါပြီးရင် warning box မှာ yes.
5) ပြီးရင်  OK ကိုနှိပ်ပေးပါ..အဆင်ပြေသွားပါ
မယ်.

Note:Disable ဆိုရင် Download လုပ်တာကို ဖွင့်ထားတာပါ.
        Enable ဆိုရင် Download လုပ်တာကို ပိတ်ထားတာပါ.


Proxy ရိုက်ပြီး ကျော်ကြည့်စရာ မလိုပါ

တစ်ချို့ဝက်ဆိုက်တွေကို မြန်မာ့ဆက်သွယ်ရေးက ပိတ်ထားတာတွေ ရှိပါတယ်။ ဘလော့တော်တော် များများကိုလည်း ပိတ်ထားတဲ့အတွက် မိမိတို့ ကြည့်ချင်တဲ့ ဘလော့များ၊ ၀က်ဆိုက်များ မကြည့်ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းပေးချင်ပါတယ်။ အတိုင်းအတာ တစ်ခုအထိတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ ဒီဖိုင်လေးကို ဒေါင်းလုပ်ယူပါ။
၂) မိမိစက်ထဲရောက်ပါက Open With နှင့် Mozilla Firefox ဖြင့် ဖွင့်ပါ။ ထိုသို့ ဖွင့်လိုက်ပါက Install လုပ်ရမည့် Box လေး ပေါ်လာပါလိမ့်မည်။ Install လုပ်လိုက်ပါ။ ပြီးလျှင် ပိတ်ထားသော ၀က်ဆိုက်တစ်ခု၊ ဘလော့တစ်ခုကို ဖွင့်ကြည့် လိုက်ပါ။ အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်မည်။



၃) ကွင်းဝိုင်းထားသော အမှတ်ကလေးကို နှိပ်လိုက်ပါက Proxy ကျော်ပြီးသာ ဖြစ်သွားပါလိမ့်မည်။ Proxy address တစ်ခု ရိုက်ပြီး ကျော်ကြည့်စရာ မလိုတော့ပါ။


ဝက်ဆိုက်တိုင်း၊ ဘလော့တိုင်းကို ကြည့်၍ ရမည် ဖြစ်ပါသည်။ အဆင်ပြေကြပါစေ။



FiFa 2011 Demo - 1.17 GB l 3Links Only X 400MB Links



FiFa 2011 Demo - 1.17 GB

400 MB Links X 3links Only

200 MB Inside Too

Screen




System Requirements:
Intel Core 2 Duo @ 2,4 Ghz,
Windows XP/Vista/7,
1 Go de RAM (2 Go sous Vista ou 7),
ATi Radeon HD 3870
Nvidia GeForce 8800 GT

Download Links 400 MB
http://www.fileserve.com/file/GkWwsYy/FiFa 2011 400 MB Arablionz By Rayan.part1.rar
http://www.fileserve.com/file/rAFABQr/FiFa 2011 400 MB Arablionz By Rayan.part2.rar
http://www.fileserve.com/file/T5PAYe6/FiFa 2011 400 MB Arablionz By Rayan.part3.rar

OR

http://hotfile.com/dl/69629158/f471217/FiFa_2011_400_MB_Arablionz_By_Rayan.part1.rar.html
http://hotfile.com/dl/69629156/30c930a/FiFa_2011_400_MB_Arablionz_By_Rayan.part2.rar.html
http://hotfile.com/dl/69629657/5d83c8d/FiFa_2011_400_MB_Arablionz_By_Rayan.part3.rar.html

Download Links 200 MB
Hotfile:
http://hotfile.com/dl/69572931/a7ca7e1/FiFa_2011_Arablionz_By_Rayan.part1.rar.html
http://hotfile.com/dl/69572932/d9c2342/FiFa_2011_Arablionz_By_Rayan.part2.rar.html
http://hotfile.com/dl/69578377/a795d5e/FiFa_2011_Arablionz_By_Rayan.part3.rar.html
http://hotfile.com/dl/69578821/c06b245/FiFa_2011_Arablionz_By_Rayan.part4.rar.html
http://hotfile.com/dl/69578828/cd6c019/FiFa_2011_Arablionz_By_Rayan.part5.rar.html
http://hotfile.com/dl/69576471/5236b9b/FiFa_2011_Arablionz_By_Rayan.part6.rar.html

Fileserve:
http://www.fileserve.com/file/qqQaQxM/FiFa 2011 Arablionz By Rayan.part1.rar
http://www.fileserve.com/file/ue9HytW/FiFa 2011 Arablionz By Rayan.part2.rar
http://www.fileserve.com/file/dWNkWSj/FiFa 2011 Arablionz ByRayan.part3.rar
http://www.fileserve.com/file/nK5guxT/FiFa 2011 Arablionz By Rayan.part4.rar
http://www.fileserve.com/file/TqrSu9X/FiFa 2011 Arablionz By Rayan.part5.rar
http://www.fileserve.com/file/tctzs55/FiFa 2011 Arablionz By Rayan.part6.rar


ဂိမ်း ​​က​စား​​ခြင်း​သည်​ မှန်​ကန်​သော​ ​ဆုံး​ဖြတ်​ချက်​များ​ ချ​မှတ်ရန်​ ​အ​ထောက်​အ​ကူ​ပြု


alt
စိတ်​လှုပ်​ရှား​ဖွယ်​ရာ​ ဂိမ်း​အား​​ ​က​စာ​နေ​သူ​​ ၂ဦး​​​ ​© ggpht
လှုပ် ​ရှား​မှု​​ ​အ​သား​ပေး​ ​ဂိမ်း​များ​သည်​ ဦး​နှောက်​ကို​ ​အ​လေ့​အ​ကျင့်​ကောင်း​များ​​ ​ဖြစ်​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​​ ​ပြော​ကြား​လိုက်​သည်​။ ​အ​သက်​ ​၁၈​ ​နှစ်​မှ​​ ​၂၅​ ​နှစ်​ကြား​ ​ဗီ​ဒီ​ယိုဂိမ်း​​ ​က​စား​သူ​များ​အား​ ​လေ့​လာ​ခဲ့​မှု​အ​ရ
လှုပ်​ရှား​မှု​ ​အ​သား​ပေး​​ ​ဂိမ်း​များ​ကို​ ​က​စား​သည့်​အ​ခါ​​ ​မှန်​ကန်​သော​ ​ဆုံး​ဖြတ်​ချက်​များ​​ ​ပို​မို​ချ​မှတ်​နိုင်​ကြောင်း​​ ​သိ​ရ​သည်​။
 ဘ​ဝ​သ​ရုပ်​ဖော်​ The​ Sims​ 2​ ​နှင့်​ ​အ​တိုက်​အ​ခိုက်​​ ​အ​ပစ်​အ​ခတ်​ Call​ of​ Duty​ 2​​ ဂိမ်း​နှစ်​ခု​ကို​​ ​ယှဉ်​က​စား​စေ​ပြီး​နောက်​​ ​ရှုပ်​ထွေး​ခက်​ခဲ​သော​​ ​ပု​စ္ဆာ​များ​နှင့်​ ဉာဏ်​ရည်​စမ်း​သ​ပ်​ခဲ့​သည့်​အ​ခါ​​ ​လှုပ်​ရှား​မှု​ ​အ​သား​ပေး​​ ​ဂိမ်း​ဖြစ်​သော​ Call​ of​ Duty​ 2​​ ကို​ ​က​စား​ခဲ့​သည့်​​ ​အ​ဖွဲ့​က​ ​၂၅​ ​ရာ​ခိုင်​နှုန်း​​ ​အ​ဖြေ​မှန်​နှင့်​ ​ပို​မို​နီး​စပ်​သည်​ကို​​ ​သု​တေ​သီ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။ ​ယင်း​သည်​ ​ဂိမ်း​များ​က​ ဦး​နှောက်​အား​ ​ဆုံး​ဖြတ်​ချက်​မှန်​ကန်​စွာ​​ ​ရွေး​ချယ်​မှု​များ​ ​ပြု​လုပ်​နိုင်​အောင်​​ ​လှုံ့​ဆော်​ပုံ​ ​မ​တူ​ညီ​ခြင်း​အား​​ ​ပြ​သ​နေ​ကြောင်း​ ​န​ယူး​ယောက်​မြို့​ရှိ​​ ​ရို​ချက်​စ​တာ​ ​တ​က္က​သိုလ်​မှ​​ ​ဒေါက်​တာ​ ​ဒက်​ဖ​နီဘာ​ဗာ​လီ​ယာ​က​​ ​ရှင်း​ပြ​ခဲ့​သည်​။
ဂိမ်း​များ​သည်​​ ​ပျော်​ရွှင်​မှု​ ​ရ​သ​အ​ပြင်​ ဦး​နှောက်​အား​ လန်း​ဆန်း​တက်​ကြွ​ပြီး​ ဉာဏ်​ရည်​ထက်​မြက်​မှု​​ ​ဖြစ်​ပေါ်​စေ​ကြောင်း​​ ​ဒေါက်​တာ​ဒက်​ဖ​နီ​က​​ ​ပြော​ဆို​သွား​သည်​။ ဂိမ်း​များ​၏​​ ​သ​ဘော​သ​ဘာ​ဝ​အ​ရ​ ဦး​နှောက်​ကို​​ ​စဉ်း​စား​တွက်​ချက်​မှု​များ​​ ​ပို​မို​အ​သုံး​ချ​ရ​အောင်​​ ​လှုံ့​ဆော်​ပေး​လေ့​ ​ရှိ​သော​ကြောင့်​​ ​ဂိမ်း​သ​မား​များ​သည်​​ ​ဂိမ်း​မ​ဆော့​သူ​များ​ထက်​​ ​သာ​မန်​အား​ဖြင့်​ ​ဖြတ်​ထိုးဉာဏ်​​ အ​သုံး​ချ​ရာ​တွင်​ ​ပို​မို​သာ​လွန်​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

ကဲ လာပါပြီ video recorder



I screen recorder တဲ့ဗျာ....
တောင်းထားတဲ့ သူငယ်ချင်းရော လိုချင်တဲ့သူတွေရော ယူထားလိုက်ကြဗျာ key တစ်ခါတည်းပါပြီးသား။
ဘာလုပ်တဲ့ software လည်းဆိုတာတော့ ရှင်းမပြတော့ဘူးဆိုတာတောင် နည်းနည်းတော့ ရှင်းရဦးမှာပေါ့ဗျာ (ရှည်တာလေ)။
ကွန်ပျုတာ screen ပေါ်မှာ လုပ်ဆောင်ချက်တွေကို movie လုပ်ပေးတဲ့ဆော့ဝဲလေးပေါ့ဗျာ တော်တော်အသုံးဝင်ပါတယ် ကွန်ပျူတာသုံးနေတဲ့သူတွေတိုင်း ကွန်ပျုတာနဲ့ပက်သက်ပြီး အခက်ခဲဆိုတာ အမြဲရှိတက်ကြပါတယ်။ကျွန်တော်တို့လည်းမကင်းပါဘူး အဲလို အခက်ခဲဖြစ်နေချိန်မှာ ဘယ်ပုံဘယ်နည်းဖြေရှင်းပါဆိုတဲ့ Video file နဲ့ရှင်းပြတာမျိုးလေးရရင် မကောင်းဘူးလားဗျာ အဲလိုပဲ တစ်ခြားသူတွေကိုရော အဲလို video file ပို့ပေးပြီး အဆင်ပြေစေမယ်ဆိုရင်လည်း ကောင်းတာပါပဲ။ အဲလိုဆိုတော့ ဒေါင်းလိုက်ပေါ့ဗျာ အောက်က link မှာ

http://ifile.it/z64fvnm/crooner.vdo.rar

တစ်ခုတော့ကြိုပြောပါရစေဗျာ ကျွန်တော်က ဝါသနာပါလို့ ခုလို shear ပေးနေတာပါ ကျွန်တော်ကိုယ်တိုင်လည်း ပျော်လို့လုပ်နေတာပါ ကျွန်တော်ဟာ လေ့လာနေဆဲသူတစ်ယောက်မျှသာဖြစ်ပါတယ် အရမ်းကိုကျယ်ပြောလှတဲ့ နည်းပညာနယ်ပယ်မှာ ကျွန်တော်မသိသေးတာတွေအများကြီးရှိနေသလို မလုပ်နိုင်တာတွေလည်း ဒုနဲ့ဒေးပါ။ တစ်ခါတစ်လေမှာ ကျွန်တော် post ကိုတင်ထားခဲ့ပေ့မယ့် ပြန်ကြည့်နိုင်ဘို့ကတော့ အချိန်ဟာ အရမ်းကိုနည်းပါးပါတယ် အလုပ်က တစ်ဘက်နဲ့ဆိုတော့ မကြည့်နိုင်တာများပါတယ် အဲဒါကြောင့်မို့ ဒေါင်းလို့အဆင်မပြေတဲ့အချိန်မျိုးတွေမှာ စိတ်ရှည်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
လိုချင်တာတွေ ရှိကြရင်လည်း တောင်းကြပါ ကျွန်တော်ဆီမှာ တော်တော်များများရှိပါတယ် မရှိရင်လည်း ရှာပေးပါ့မယ်.......း)း)



ကွန်ပြုတာခိုင်းနည်း (သို့ ) ကိုယ်ကြိုက်တဲ့ စားသားထည့်ပြီး ကွန်ပျူတာကို စကားပြောခိုင်းမယ်ဗျာ



ဘယ်လိုပေးပြောမလဲ? ဒီအောက်က အတိုင်းလုပ်ကြည့်ပါ..

Notepad ကိုဖွင့်ပါ.ပြီးရင် ဒီအောက်က code ကို copy ယူပြီး notepad မှာ
paste ထည့်လိုက်ပါ..

Do
Dim msg, sapi
msg="1437 = I Love You"
Set sapi=CreateObject("sapi.spvoice")
sapi.Speak msg
loop

ပြီးရင် Talker.vbs လိုနာမည်ပေးပြီး Save လိုက်ပါ..
နောက် ကိုယ် save ထားတဲ့Talker.vbs ကို ဖွင့်လိုက်ပါ..1437 = I Love You ဆိုပြီး ထပ်ခါထပ်ခါ
ပြောလာပါလိမ့်မယ်..အနီရောင်နဲ့ ပြထားတဲ့စာသားကိုကိုယ်ကြိုက်တဲ့ စားသားနဲ့ပြောင်းလို.ရပါတယ်..

စကားပြောတာကိုရပ်ချင်ရင် CTRL + ALT + DEL >>ကိုနိုပ်ပြီး task
manager ကိုဖွင့်လိုက်ပါ..နောက် Processes TAB ထဲကိုဝင်ပြီး wbscript.exe
ကိုရှာပါ ..
တွေ့ပြီဆိုရင် သူ့ကို Select ပြီး End Process ကိုနိုပ်လိုက်ရုံပါပဲ..အဲဒါပါပဲခင်ဗျာ.. :) ။




Gmail ရဲ့သမိုင်း


အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်


2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို
စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB
အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April
Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့်
အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ
တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို
Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့်
ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို
လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML
အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature
အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင်
ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science
မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး
ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့်
ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို
အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏
သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း
သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို
စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer
များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။
ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ
ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့်
အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation
ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။
ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam
များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက်
လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက်
စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး
Username@gmail.com နေရာတွင် Username@google.com အဖြစ်
အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature
အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို
စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည်
Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge
အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့်
ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail
စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅
ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော
ဝန်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင်
အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment
များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ
register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။


လူ့အရေပြားကဲ့သို့ အာရုံထိတွေ့ ခံစားနိုင်သော E-Sklin ကို သိပ္ပံပညာရှင်များ ဖန်တီး

E-Skin         လူ့အရေပြားကဲ့သို့ အာရုံထိတွေ့ ခံစားနိုင်သော E-Skin ကို အမေရိကန် သိပ္ပံပညာရှင်များက ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။
         ဓာတ်ခွဲခန်း စမ်းသပ်မှု ရလဒ်များအရ လူ့အရေပြားကဲ့သို့ လှုပ်ရှား၍ အာရုံခံစားနိုင်မည် ဖြစ်ပြီး ပုံပန်းမကျသော စက်ရုပ်များနေရာတွင် အစားထိုးနိုင်မည် ဖြစ်ကာ ခြေတု၊ လက်တု စသည်တို့ တပ်ဆင်နေထိုင်နေရသူများ အတွက် ထိတွေ့မှုအာရုံ ပိုမို ကောင်းမွန်နိုင်မည် ဖြစ်ကြောင်း ဗြိတိန် ဂျာနယ် Nature Materials တွင် ဖော်ပြခဲ့သည်။ကာလီဖိုးနီးယား တက္ကသိုလ်မှ ကွန်ပျူတာ သိပ္ပံဆိုင်ရာ တွဲဖက်ပါမောက္ခ အလီဂျာဗေ ဦးဆောင်သော သုတေသနအဖွဲ့က ယင်းအရေပြားကို ဖန်တီးခဲ့ခြင်း ဖြစ်ပြီး အရေးကြီးသော အတားအဆီးများ ရှိနေသေးသော်လည်း အနာဂတ်မျိုးဆက်သစ် စက်ရုပ်များနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် အရေးပါသော တိုးတက်မှုတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
         E-Skin ကို Javey အဖွဲ့က ဖန်တီးခဲ့ခြင်း ဖြစ်ပြီး germainum (ကြွပ်ဆပ်သော မီးခိုးရောင်သလင်းကျောက် တစ်မျိုး)နှင့် ဆီလီကွန် ပေါင်းစပ်ထားသော နာနိုဝိုင်ယာအတွဲကို ခိုင်မာကျစ်လျစ်သော Polymide အလွှာသို့ ပြောင်းလဲခဲ့ကြောင်း သိရသည်။ ထိုနောက် ယင်းအလွှာပေါ်သို့ အလွန်တရာသေးငယ်သော လျှပ်ကူးပစ္စည်းများ ဖုံးအုပ်ကာ ၎င်းအပေါ်တွင် ဆွဲဆန့်နိုင်ပြီး ဖိအားသိရှိနိုင်သော ရော်ဘာတစ်မျိုး ထပ်မံကပ်နှိပ်ခဲ့ကြောင်း သိရသည်။
         ယင်းနမူနာပုံစံမှာ ၄၉ စတုရန်း စင်တီမီတာ (၇ ဒသမ ၆ စတုရန်း လက်မ) ရှိကြောင်း သိရပြီး ကီးဘုတ်ဖြင့် စာရိုက်ခြင်း၊ ပစ္စည်းကိုင်တွယ်ခြင်း စသော နေ့စဉ်လှုပ်ရှားမှုများ အတွက် လိုအပ်သော အားစိုက်ရမှုများကို အာရုံခံ သိရှိနိုင်ကြောင်း သိရသည်။ အခြားနည်းလမ်းဖြင့် စမ်းသပ်မှုတစ်ခုကို ကာလီဖိုးနီးယားရှိ စတန်းဖို့ဒ် တက္ကသိုလ်မှ တရုတ်နွယ်ဖွား တွဲဖက် ပါမောက္ခ ကျီနန်ပို ဦးဆောင်သော အဖွဲ့က ပြုလုပ်ခဲ့သည်။ ၎င်းမှာ အမေရိကန်နိုင်ငံတွင် လူသိများသော အမျိုး သမီး ဓာတုသိပ္ပံပညာရှင် တစ်ဦး ဖြစ်ကြောင်း သိရသည်။
         ဖိအားကြောင့် သိပ်သည်းသွားသည့် ရော်ဘာပြား အသုံးပြု၍ လျှပ်ကူးပစ္စည်းများ တပ်ဆင်ကာ E-Skin ကို ၎င်းတို့အဖွဲ့က ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ယင်းစမ်းသပ်ပစ္စည်းမှာမူ ဆွဲဆန့်နိုင်ခြင်း မရှိကြောင်း သိရသည်။ လူသားတို့၏ အာရုံခံစားမှုများ အနက် ယခုအခါ ထိတွေ့ခံစားနိုင်သော E-Skin ဖန်တီးနိုင်ခဲ့ရာ အသံနှင့်အမြင်အာရုံကို နည်းပညာ အကူအညီဖြင့် အစားထိုးနိုင်ပြီ ဖြစ်သဖြင့် အနံ့နှင့် အရသာ အာရုံအတွက် အစားထိုးနိုင်ရန် ကျန်ရှိနေသေးသည်။ 

10 Great Free Online Photo Editors






AnyMaking fun photo effects is a cool collection of tools for making funny pictures. You can use it to make old photos, HDR images or cartoon like pictures, too.


Splashup is easy to use, works in real-time and allows you to edit many images at once. It’s also a great photo manager.


With Tilt Shift Generator you can make that awesome effect that normally requires special and expensive lens.


Adobe has now an online version for Photoshop. You should try it for cropping, simple effects and some nice correction tools, all in an attractive interface.


Fotoflexer is good for adding shapes, doodling or fonts, but also works fine if you need some advanced tools.


FlauntR lets you apply stunning one-click effects to your digital photos for free or edit your digital photos instantly.


Just upload a photo and start edit it with Piknik. No registration needed.


DrPic have processed over five million pictures! You can crop, adjust or resize photos in seconds!


Web Resizer is perfect if all you need is to crop, resize and optimize photos for web use.


Amazing and breath-taking aviation pictures! Awesome pics of the planes that you probably never seen! Enjoy watching! Just smile :)










































No comments:

Post a Comment