Search This Blog

Sunday, December 26, 2010

ကြီးပွားတိုးတက်ကြောင်း (၇)ပါး

 ကြီးပွားတိုးတက်ချင်သူသည်

          ၁။ မပျင်းမရိ လုံ့လရှိရမည်။

          ၂။ အရာရာကို ဆင်ခြင်တက်သော သတိတရား
အမြဲထာဝစဉ်ရှိရပါမည်။

          ၃။ လုပ်ငန်း၌ ဖြစ်သလို
တာဝန်ကျေသဘောမျိုး စိတ်မပါသလို မလုပ်ဘဲ သန့်ရှင်းသပ်ရပ် သေချာအောင်
လုပ်ကိုင်ဆောင်ရွက်ရပါမည်။

          ၄။ အရာရာကို ရှေ့နောက်ဆင်ခြင်စူးစမ်း
စဉ်စားကာ လုပ်ကိုင်ဆောင်ရွက်ရမည်။

          ၅။ ကိုယ်အမှုရာ အပြောအဆို
စိတ်အကြံအစည်တို့ကို သူ့နေရာသူ ပြောဆိုလုပ်ကိုင် ကြံစည်စဉ်စားတက်ရပါမည်။

          ၆။ သူတစ်ပါးပစ္စည်းကို မသမာသောနည်းဖြင့်
မလိုချင်ဘဲ မှန်ကန်သောနည်းလမ်းနဲ့ရအောင် လုပ်ကိုင်ရပါမည်။

          ၇။ အများကောင်းကျိုးလုပ်ခြင်း၊
အလှူအတန်း ပေးကမ်းရက်ရောခြင်း၊ ကျွေးမွေးခြင်း၊ မေတ္တာတရားထားရှိခြင်းစတဲ့
ကောင်းတဲ့အရာတွေကို လုပ်ဆောင်ပေးရပါမည်။

          ထို့ပြင် မိတ်ဆွေသူငယ်ချင်း
ပေါင်းသင်းဆက်ဆံသောအခါ၌လည်း မိတ်ဆွေခင်ပွန်းကောင်း (၇)ယောက်တွင်ပါဝင်သော
သူငယ်ချင်းအပေါင်းအသင်းများနှင့် ရွေးချယ်ပေါင်းသင်းဆက်ဆံတက်ရန်လည်း
လိုအပ်လှပါသည်။
          ၁။ ပေးနိုင်ခဲသော သူတန်ဖိုးထားသော
ပစ္စည်းဝတ္ထုကို ပေးသူ။

          ၂။ ပြုနိုင်ခဲစွာသော
အမှုကိစ္စလုပ်ငန်းတို့ကို လုပ်ကိုင်ပေးသူ။

          ၃။ သည်းခံနိုင်ခဲသော အမှုကိစ္စကိုမျှ
သည်းခံပေးသူ။

`        ၄။ မိမိလျှို့ဝှက်ထားသော အမှုကိစ္စကို
သူငယ်ချင်းအား မလျှို့ဝှက်ဘဲပြောသူ။

          ၅။ သူငယ်ချင်းက
လျှို့ဝှက်ခိုင်းသောစကားကို အလွန်လျှို့ဝှက်ပေးသူ။

          ၆။ ဘေးဒုက္ခအန္တရာယ်နဲ့တွေ့သောအခါ
မစွန့်ပယ်ဘဲ တက်နိုင်သမျှ ကယ်တင်သူ။

          ၇။ သူငယ်ချင်းမှာ စားစရာမရှိရင်တောင်
ပြစ်မထား မထီမဲ့မြင်မလုပ်သူ။

ဤမိတ်ဆွေသူငယ်ချင်းကောင်း
(၇)ပါးလုံး မပြည့်စုံလျှင်သော်မှ တစ်ပါးနှစ်ပါးနဲ့ပြည့်စုံသူ
ပို၍ပြည့်စုံသောသူတို့နှင့်ပေါင်းသင်းဆက်ဆံပြီး ကြီးပွားတိုးတက်ကြောင်း
အင်္ဂါ(၇)ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးမည်ဆိုလျှင် မိမိ၏
ရည်မှန်းချက်ဘ၀ပန်းတိုင်းကို လျှင်မြန်စွာရောက်ရှိပြီး ဖြစ်လေရာမှာ အစစအရာရာ
ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာနေပါလိမ့်မည်။

No comments:

Post a Comment