Search This Blog

Sunday, December 12, 2010

Offline Alarm Clock

Offline Alarm Clock လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..

နမူနာ Screen Shot လေးကိုကြည့်ပါဦး..


မြန်မာစာလုံးတွေ နဲ့အစားထိုးထားပါတယ်.. ပုံလေးတွေကြည့်တာနဲ့တင် အသုံးပြုနည်း ပြောပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်

ဒီ Offline Alarm Clock လေးဟာဆိုရင်ဖြင့် ဒီဇိုင်းလေးကလည်း လှပပြီး မြန်မာလိုရေးထားတဲ့အပြင် Memory usage လည်း အင်မတန် သက်သာပါတယ် ..Desktop ပေါ်နဲ့ Task bar ပေါ်မှာ ရှုပ်မနေအောင် Tray icon နေရာလေးမှာလည်း ထည့်ထားလို့ရနိုင်တဲ့အတွက် မျက်စိလည်း မနောက်တော့ပါဘူး.. သင်မြည်စေချင်တဲ့အသံ ကိုလည်း ရွေးချယ်လို့ရနိုင်ပြီး .. ပေါ်စေချင်တဲ့ စာသားကိုလည်း ထည့်သွင်းလို့ရနိုင်ပါတယ်

Memory usage , CPU usage, စတာတွေကို Task manager မှာ ၀င်ရောက် စစ်ဆေးကြည့်နိုင်ပါတယ်.. လောလောဆယ်တော့ စစချင်း Version ဖြစ်တဲ့အတွက် လုပ်ဆောင်စရာ ၂ခုပဲ ထည့်ထားပါတယ်.. တစ်ခုကတော့ အသံနဲ့ အချက်ပေးဖို့ပေါ့.. နောက်တစ်ခုကတော့ အိပ်ခါနီး ကွန်ပြူတာ ကသီချင်းဖွင့်ပြီး အိပ်တတ်တဲ့ လူတွေအတွက် အဆင်ပြေအောင် ကွန်ပြူတာကိုပါ ပိတ်ပေးနိုင်ပါတယ်.. နောက်ထပ် စဉ်းစားလို့ရတာလေးတွေရှိရင်လည်းပြောပြပေးကြပါ.. ကျနော်လည်း စဉ်းစားလို့ရရင် နောက်ထပ် လုပ်ဆောင်နိုင်တာတွေ ထပ်ထည့်ကြည့်ပါ့မယ်.. အချိန်ကိုတော့ လောလောဆယ် ၂၄နာရီ (၁ရက်) စာပဲလုပ်ထားပါတယ်.. လုံလောက်မယ်လို့တော့ထင်ပါတယ် :)

System Requirements 
၁။.Net Framework 2.0 and above
၂။ မြန်မာလိုတွေအားလုံးပေါ်နေဖို့အတွက်တော့ ..
Windows XP >> Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
Windows 7 >>Desktop >> Right Click >> Personalize>> Window color >> Advanced appearance settings
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..

သုံးစွဲသူများအဆင်ပြေစေဖို့ Installer ရော Portable ပါ ထည့်ပေးထားပါတယ်.. ဒေါင်းလုဒ်လုပ်ပြီးတာနဲ့ စက်ထဲမှာ Install လုပ်ထားချင်သူများက TimerSetup.msi ကို run လိုက်ပါ.. Portable အနေနဲ့ အသုံးပြုချင်ရင်တော့ Portable folder ထဲက AlarmClock.exe ကို run ပါ.. ဒါမှမဟုတ် Desktop ပေါ် Shortcut ထုတ်ထားလိုက်လည်း အဆင်ပြေပါတယ်..

Download from Mediafire
Download from Ziddu

တစ်ခုပြောဖို့ကျန်သေးတာက အသံရွေးချယ်ရာမှာ .wav format နဲ့ပဲ ဖွင့်လို့ရပါလိမ့်မယ်..
C:\WINDOWS\Media\  နေရာမှာ windows ရဲ့ အသံဖိုင်တွေ အကုန်ရှိပါတယ်.. Initial directory ကိုလည်း အဲဒိနေရာကိုပဲ ညွှန်းထားပါတယ်.. အဲတော့ သီချင်းလေးတွေ ကိုယ်ပိုင်အသံလေးတွေနဲ့ အချက်ပေးချင်တဲ့လူတွေအတွက်ကတော့ mp3 ဒါမှမဟုတ် တခြားဟာတွေကို .wav အဖြစ်ပြောင်းပြီးမှ အဆင်ပြေပါမယ်.. အသံသွင်းဖို့အတွက်ကတော့ Software တွေ သုံးစရာမလိုပါဘူး.. အောက်က ပုံလေးမှာပြထားတဲ့ Recorder လေးနဲ့ မိမိအသံကို စိတ်ကြိုက် သွင်းနိုင်ပါတယ်.. .wav နဲ့ပဲ Save မှာဖြစ်ပါတယ်..
Start menu >> All Programs >> Accessories >> Entertainment >> Sound Recorder

No comments:

Post a Comment