Search This Blog

Sunday, December 12, 2010

File size ကြီးကြီး ပို့ကြမယ်

အားလုံးကြုံဖူးကြမှာပါ။ ကိုယ့်ပို့ချင်တဲ့ File က အကြီးကြီးတွေဖြစ်နေတာ။ Gmail ကနေလည်း ပို့လို့မရ ( Html view ကလည်း file size သေးသေးပဲ ပို့လို့ရတယ် ၊ standard view ကလည်း 25MB ထိပဲပို့လို့ရတယ် ) web sender တွေ ( yousendit.com , send6.com ) ကလည်း 50MB ထိပဲပို့လို့ရတယ်။ ပိုဆိုးတာက တခါတလေ အဲဒီ site ၂ ခုက register လုပ်ခိုင်းသေးတယ်။
              ကဲ ဘယ်လိုပို့ကြမလဲ?? ကျွန်တော်က ကျွန်တော်သိတဲ့ နည်းလမ်း ၃ ခုလောက်ပြောပြချင်တယ်။

              ပထမဆုံးနည်းလမ်းက web sender ကနေပို့မှာ။ ခုနကပြောခဲ့တဲ့ yousendit.com နဲ့ send6.com က အမြဲတမ်း မရဘူး။ register လည်းလုပ်ခိုင်းတက်တော့ ကျွန်တော်က နောက် web sender ကိုရှာရတော့တာပေါ့။ ကျွန်တော် ရှာတွေ့တဲ့ sender က ၁ file ကို 1GB ထိရတယ်။ အဲတော့ အိုကေတာပေါ့။ expire က ၇ ရက် ရမယ်။ သဘောက ပို့လိုက်တဲ့ File ကို ၁ ပတ် အတွင်းမှာ download ချရမယ်။ web sender ရဲ့  address ကတော့ http://www.transferbigfiles.com/ ။ အဲဒီကနေ step ၃ ဆင်နဲ့ အလုပ်လုပ်ရမယ်။ ၁ က ကိုယ်ပို့ချင်တဲ့ file ကြီးကြီးကို add လုပ်ပေးရမယ် ပြီးရင် step 2 က ကိုယ်ပို့ချင်တဲ့ သူရဲ့ address ကိုRecipient's Email: မှာထည့်ပေးရမယ်။ step 3 ကတော့ I certify that I own the rights to the file(s).. ရဲ့ ရှေ့မှာ အမှန်ခြစ်ထည့်ပေးရမယ်။ ပြီးရင် Send it ဆိုတာကို နိုပ်လိုက်ရင် OK သွားပြီးပေါ့။  လက်ခံဘက်မယ့်သူရဲ့ Email inbox ထဲမှာ DoNotReply ဆိုပြီးတော့ Mail တစ်စောင်ဝင်လာမယ်။ အဲဒီ mail ကိုဖွင့်လိုက်ရင် Download ချနိုင်တဲ့ Link ကို တွေ့ရမယ် အဲဒီ link ကနေ တဆင့်  ပို့ထားတဲ့ Large File
ကို download ချလိုက်ယုံပဲပေါ့။ ဒါဆိုရင် အဆင်ပြေသွားပြီ။ အဲ..ဒါပေမယ့် File size အကြီးကြီးကို ၁ ခါထည်း ပို့ရတဲ့ အတွက် အခက်အခဲရှိတယ် download ချရတဲ့ အချိန်လည်း အခက်အခဲရှိတယ်။ နောက်ပြီး web sender က တဆင့်ပို့တဲ့ အတွက် expire ကျော်သွားရင် အဲဒီ link က အသုံးမ၀င်တော့ဘူး။
အဲတော့ ကျွန်တော်က ဒုတိယ နည်းလမ်းကို ပြောပြမယ်။

                 ဒုတိယ နည်းလမ်းက online storage ကို သုံးမှာ။ online storage တွေဆိုရင် ကျွန်တော်တို့  မြန်မာနိုင်ငံမှာ လူသိများတာက mediafire ပါ။ ကျွန်တော်သတိထားမိတာတော့ mediafire ကနေ download ချဖို့ သိပ်မလွယ်ဘူးဗျ။ ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ online storage web site ကတော့ drivehq.com ပါပဲ။ အဲဒီ site ကို ကျွန်တော့် ဆရာတစ်ယောက်က ပြောပြလို့သိတာပါ။ ကျွန်တော်စမ်းကြည့်တော့ သူက file site ဘယ်လောက်ထိပဲရမယ်လို့ Limit မပေးထားပါဘူး။ ဒါပေမယ့် free ကတော့ 1 GB ပဲရတယ်။ အိုကေ ခု free 1 GB ကို ခဏထားလိုက်။ ကျွန်တော်တို့ပိုမှာက 1 GB လောက်တော့ မရှိဘူးလို့ ထင်ပါတယ်။ အရင်ဦးဆုံး drivehq.com မှာ register လုပ်ရပါမယ်။ register လုပ်ပြီးရင်တော့ Activation Code ထည့်ရပါမယ်။ အဲဒီ code က register လုပ်တုန်းက ထည့်လိုက်တဲ့ email ထဲကိုရောက်သွားမှာ။ mail ထဲမှာပါတဲ့ link ကနေ သူ့ရဲ့ web ဆီကိုပြန်သွားလိုက်ရင် drivehq.com မှာ ကိုယ့် account ကိုမြင်ရမှာပါ။ ကျွန်တော်တို့ web browser ပေါ်မှာ explorer လိုမျိုး မြင်ရမှာပါ။ အဲတော့ folder အသစ်ဆောက်ရင်လည်း ဆောက်ပေါ့။ မဆောက်ချင်လည်း သူ့ default ပါတာပဲသုံးပါ။ folder တခုကိုရွေးပြီးတော့ upload ဆိုတာကို နိုပ်လိုက်ပါ( example, select my documents folder)။ browser ကနေ တဆင့် ကိုယ် တင်ချင်တဲ့ file ကို ရွေးပေးပါ။ တခါ upload လုပ်ရင် 5 files နဲ့ 2GB ထိ upload လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် free storage ကတော့ 1 GB ပဲပေးထားတာ။ အဲတော့ ကျွန်တော်တို့ ရွေးပြီတော့ submit နဲ့ upload လုပ်ပါမယ်။ upload ပြီးသွားရင် my documents folder ထဲမှာ ကိုယ်တင်လိုက်တဲ့ file ကိုတွေ့ရမှာဖြစ်ပါတယ်။ ခုကျွန်တော်ပြောနေတဲ့ အဆင့်ထိက upload  လုပ်တာပဲရှိပါသေးတယ်။ ပို့တဲ့ အဆင့်မရောက်သေးပါဘူး။ ကျွန်တော်က share လုပ်တဲ့  သဘောလေး ပြောပြချင်ပါသေးတယ်။ drivehq ကနေ share လုပ်တဲ့ပုံစံက ကိုယ့်တင်ထားတဲ့ Folderရဲ့ location ကို share
လုပ်လိုက်တဲ့အချိန်မှာ link  တခုပေးမှာပါ။ အဲဒီလင့်ကို ပေးရမှာဖြစ်ပါတယ်။ share လုပ်ပုံလုပ်နည်းကတော့ ကိုယ့်တင်ထားတဲ့ folder ကို pointer ထောက်လိုက်ရင် share icon ( folder ကို လက်ပေါ်တင်ထားတဲ့ ပုံစံ) ပေါ်လာမှာပါ။ အဲဒါကို click ပေးရပါ့မယ်။ နောက်တဆင့်အနေနဲ့ ကိုယ်ပေး ချင်တဲ့ contact ကိုထည့်ပေးရမှာပါ။ drivehq မှာ register လုပ်ထားတဲ့သူ အချင်းချင်းလား..? ဒါမှမဟုတ် ကိုယ်ပေးချင်တဲ့သူရဲ့ email  ကိုထည့်ပေးရပါမယ်။ ပြီးလို့ share ကို နိုပ်လိုက်တယ်ဆိုရင်တော့ drivehq က Frame တခုပေးမှာ။ အဲဒီ frame ကို ကူးပြီးတော့ email နဲ့ပိုရင်လည်းရပါတယ်။ ဒါမှ မဟုတ် အဲဒီ frame ထဲမှာပါတဲ့ share link ကို ပေးရင်လည်းရပါတယ်။( ဥပမာ ဒီလိုမျိုးထွက်လာမှာပါ http://www.drivehq.com/sharing /ShareLogon.aspx?key=7076781/ifqsabr...)။ အဲလို လုပ်ပြီးရင် share လုပ်လိုက်တဲ့ folder  ကိုပြန်ကြည့်ရင် လက်ပုံစံလေးပြောင်းသွားမှာပါ။ အဲဒီlink ကိုလက်ခံရတဲ့သူဘက်မှာ share verify လုပ်ခိုင်းမှာပါ။ အဲဒီမှာ ဖြည့်ပေးရမယ့် email က ကိုယ့် email မဟုတ်ပါဘူး။ ပို့တဲ့သူက ပေးရမှာပါ။ ပို့တဲ့သူရဲ့ email ကိုထည့်ရမှာပါ။ ကျွန်တော်ပြောတာ ရှုပ်သွားပြီနဲ့တူတယ်။ ဒီလိုပါ။ အဲဒီမှာ email ထည့်ပေးရမယ်.. ထည့်ပေးရမယ့် email က drivehq မှာ register လုပ်ထားတဲ့သူရဲ့ email ကို ထည့်ရမှာပါ။ အကယ်၍
register လုပ်တုန်းက ထည့်လိုက်တဲ့ user123@gmail.comဆိုရင် verify လုပ်ဖို့ထည့်ရမယ့် email ကလည်း user123@gmail.com ကိုထည့်ရမှာပါ။ အဲလို verify လုပ်ပြီးရင်တော့ share ထားတဲ့ file တွေကို download ချလို့ရပါပြီ။

               နောက်တစ်နည်းကတော့ အလုပ်တော့ရှုပ်မယ်။ ဒါပေမယ့် အကောင်းဆုံးနည်းလမ်းလို့  ကျွန်တော်ကပြောချင်တယ်။ ပို့ချင်တဲ့ သူကလည်း အလုပ်ရှုပ်မှာဖြစ်သလို လက်ခံပေးရမယ့်သူဘက်ကလည်း အလုပ်ရှုပ်မှာပါ။ လွဲသွားရင် ဘာတခုမှ ရမှာမဟုတ်ပါဘူး။ ဒီနည်းလမ်းကို သိတဲ့သူတွေလည်း  သိမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ နားလည်သလို ပြန်မျှပေးသွားမှာပါ။ winrar software ကို
အသုံးပြုမယ့်နည်းလမ်းဖြစ်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကိုပြောပြပါမယ်။ အရင်ဆုံး winrar ကိုတော့ install
လုပ်ပေးထားပါ။ ကိုယ်ပို့ချင်တဲ့ file တွေကို folder တခုထဲထည့်။ winrar တင်ထားလို့ folder ကို r-click နိုပ်လိုက်ရင် compress and email ဆိုတာကို click လုပ်ပေးပါ။ archive format မှာ rar ကိုရွေးပေးပါ။ နောက်ပြီး archive option မှာ create SFX archive ကို ရွေးပေးပါ။ အဲဒါမလုပ်ခင်မှာ တခုကြည့်ကြည့်ပါ။ archive name မှာ ****.rar ဖြစ်နေမှာပါ။ SFX ကို ရွေးလိုက်ပြီးတဲ့ အချိန်မှာ ****.exe လို့ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ အဲဒါပြီးရင်တော့ အရေးကြီးဆုံး ပြောပါမယ်။ split to volumes, bytes ဆိုတာ ရှိပါတယ်။ အဲဒီကောင်က ဘာလုပ်ပေးတာလဲဆိုတော့ ကျွန်တော်တို့ compress လုပ်ချင်တဲ့ folder ကို အပိုင်းတွေ ကွဲသွားအောင် လုပ်ပေးမှာပါ။ အပိုင်းလိုက်ခွဲပေးမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်းချင်သလောက်ကို ပိုင်းပေးရမှာပါ။ ဘယ်လောက်ထားမယ်ဆိုတာကို bytes နဲ့ ဖော်ပြပေးရမှာ။ 10MB ဖြစ်ဖို့အတွက်  10x1024x1024=10485760byte လို့ရိုက်ထည့်ပေးရမှာပါ။ အဲဒါဆို ချုံ့ထားတဲံ file ၁ ခုက 10MB  ဖြစ်သွားမှာပါ။ အကယ်၍ 37.9MB ရှိတဲ့ folder ကို ခွဲမယ်ဆိုရ် 10MB ၃ ခုနဲ့ 7.8MB ၁ ခုထွက်လာမှာ။ file name တွေရဲ့ အဆုံးမှာ ***.part-- ( --  က 01၊ 02၊ 03၊..) နဲ့ ဆုံးတာတွေတွေ့ရမှာပါ ။အဲဒီထွက်လာတဲ့ အပိုင်းတွေကို ပို့ရမှာပါ။ ပို့တဲ့အပိုင်းကတော့ဒီလောက်ပါပဲ။ လက်ခံတဲ့ဘက်က ကိုယ့်ဆီရောက်လာတဲ့ အပိုင်းလိုက်ဖြစ်နေတဲ့ file တွေကို ၁ နေရာထည်းမှာ စုထားဖို့လိုပါတယ်။ အဲဒီမှာ ***.part01 ကို double click
နိုပ်ပေးလိုက်တာနဲ့ ဘယ်နေရမှာ သိမ်းမှာပါဆိုတဲ့  location ရွေးပေးပြီး Install ကို နိုပ်ပေးလိုက်တာနဲ့ သူ့အလိုလို တပိုင်းပိုင်းပြီး တပိုင်းဖြည်ပေးသွားပါလိမ့်မယ်။ ကိုယ်ပေးလိုက်တဲ့  location မှာ သွားကြည့်မယ်ဆိုရင် ပို့ထားတဲ့ folder လိုက်ကြီးကို file အစုံအလင်ပါတာ တွေ့ရမှာပါ။ ဒါဆိုရင် အဆင်ပြေသွားပြီလို့ ဆိုရတော့မှာ။

No comments:

Post a Comment