Search This Blog

Wednesday, January 26, 2011

ံHTC Window phone 7


အားသာချက် - HTC HD7 မှာ ၄.၃ လက်မအရွယ် display တပ်ဆင်ပေးထားပြီး ဖုန်းရဲ့တည်ဆောက်ပုံကလည်းကျစ်လစ်ကာ kickstand ကိုလည်းထည့်သွင်းပေးထားပါတယ်။
Windows Phone 7 ကိုအသုံးပြုထားပြီး wireless option များဖြင့်အသုံးပြုနိုင်သည့်အပြင် HD ဗီဒီယိုရိုက်ကူးနိုင်တဲ့ 5-megapixel ကင်မရာနဲ့ 16GB internal memory တို့ပါဝင်လာပါတယ်။
အားနည်းချက် - Memory ကိုထပ်မံတိုးချဲ့နိုင်ခြင်းမရှိသလို စပီကာကလည်းအားနည်းချက်ရှိပါတယ်။ ထို့အပြင် touch screen ကလည်း နောက်ဆုံးပေါ် device များကဲ့သို့တောက်ပခြင်းမရှိပါဘူး။

Design
HTC HD7 စမတ်ဖုန်းရဲ့အရွယ်အစားဟာ အလျား ၄.၈ လက်မ၊ အနံ ၂.၇ လက်မနဲ့ အထူ ၀.၄ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၅.၇ အောင်စဖြစ်ပါတယ်။ ဖုန်းရဲ့တည်ဆောက်ပုံဟာကျစ်လစ်ပြီး လက်ထဲမှာကိုင်ထားတဲ့အခါလည်း သက်သောင့်သက်သာရှိစေပါတယ်။ ဖုန်းရဲ့ display အဖြစ် ၄.၃ လက်မအရွယ် touch screen ကိုတပ်ဆင်ပေးထားပြီး ယင်းဟာလက်ရှိ Windows Phone 7 ဖုန်းတွေမှာအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကစားခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနဲ့ ebook ဖတ်ရှုခြင်းတို့ကိုပြုလုပ်ရာမှာ အကျိုးကျေးဇူးရရှိစေမှာပါ။ ထို့အပြင် အ ရွယ်အစားကြီးမားတဲ့ကီးဘုတ်ဖြင့် အသုံးပြုနိုင်တာကြောင့် Samsung Focus နဲ့ HTC Surround တို့ထက် စာသားများကို ပိုမိုလျင်မြန်စွာဖြင့် ရိုက်နိုင်မှာဖြစ်ပါတယ်။ Touch
screen ရဲ့တုံ့ပြန်မှုဟာကောင်းမွန်ပြီး pinch-to-zoom နဲ့ scrolling တို့အတွက် အလွန်အဆင်ပြေစွာဖြင့် အသုံးပြုနိုင်စေပါတယ်။ Screen ဟာ 480x800 pixels resolution ဖြင့်ဖော်ပြပေးနိုင်တာကြောင့် ကြည်လင်တောက်ပပေမယ့်လည်း Samsung Focus မှာအသုံးပြုထားတဲ့ Super AMOLED screen ကဲ့သို့တောက်ပစွာဖော်ပြနိုင်ခြင်းမရှိပါဘူး။

Features
Operating system အဖြစ် Windows Phone 7 ကိုအသုံးပြုထားပြီး ဖုန်းရဲ့ feature များအဖြစ် quad-band world roaming, speakerphone, call waiting, call forwarding, conference calling, voice dialing, text and multimedia messaging တို့ဖြင့်အသုံးပြုနိုင်သလို 3G-capable, Wi-Fi (802.11b/g/n), Blue-tooth 2.1 နဲ့ GPS စတဲ့ကြိုးမဲ့စနစ်များဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ memory အဖြစ် 16 GB internal memory ပါဝင်ပေမယ့် expansion slot ပါဝင်လာခြင်းမရှိပါဘူး။ ကင်မရာအနေနဲ့ 5 mega-pixels ကင်မရာတပ်ဆင်ပေးထားပြီး resolution ခြောက်မျိုးဖြင့် ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရဲ့အရည်အသွေးကတော့ အကောင်းစားကြီးမဟုတ်ပေမယ့် အရောင်များကို ပုံမှန်အတိုင်းရရှိနိုင်စေပြီး outdoor ရိုက်ကူးတဲ့အခါမှာတော့ ပိုပြီးတိကျပြတ်သားတဲ့အရောင်များဖြင့် ရရှိနိုင်ပါတယ်။ ဗီဒီယိုရိုက်ကူးရာတွင်လည်း HD ဗီဒီယိုများကိုရိုက်ကူးနိုင်ပါတယ်။

Performance
HTC HD7 ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများကိုပြုလုပ်ရာတွင် နောက်ခံဆူညံမှုအနည်းငယ်ရှိပေမယ့်လည်း ခေါ်ဆိုမှုများကို အရည်အသွေးကောင်းမွန်စွာဖြင့် ကြားနိုင်စေပါတယ်။ ဒါပေမယ့် speakerphone ရဲ့အရည်အသွေးဟာကောင်းမွန်ခြင်းမရှိဘဲ volume ကိုအမြင့်ဆုံးတင်ထားရင်တောင်မှ အသံကို တိုးတိုးလေးသာကြားရမှာဖြစ်ပါတယ်။ 1GHz Snapdragon ပရိုဆက်ဆာနဲ့ 512MB ROM/576 MB RAM တို့ကိုတပ်ဆင်ပေးထားတာကြောင့် application တွေကိုဖွင့်ရာမှာတုံ့ဆိုင်းခြင်း၊ crash ဖြစ် ခြင်းမျိုးမရှိဘဲ ချက်ချင်းဆိုသလို ဖွင့်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Xbox Live ဂိမ်းများကိုဖွင့်ရာမှာတော့ အနည်းငယ်နှေးပါတယ်။ ဘက်ထရီအနေနဲ့ 1,230 mAh lithium ion ကိုအသုံးပြုထားပြီး ဖုန်းပြောဆိုမှုအတွက် ၆.၅ နာရီအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၁၄.၅ ရက်အကြာအသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment