Search This Blog

Wednesday, January 26, 2011

Nokia N8


အားသာချက် - Symbian 3 ကိုအသုံးပြုထားခြင်းကြောင့် ယခင် device များထက် user experience ကို ပိုမိုအဆင့်မြင့်စွာဖြင့်အသုံးပြုနိုင်စေပါတယ်။
ဓာတ်ပုံနဲ့ဗီဒီယိုတို့ကို အရည်အသွေးကောင်းမွန်စွာဖြင့် ရိုက်ကူးနိုင်မယ့်ကင်မရာပါဝင်လာပြီး T-Mobile နဲ့ AT&T တို့အတွက်လည်း 3G အထောက်အပံ့ပါဝင်လာပါတယ်။
အားနည်းချက် - User interface ကို အလွန်အဆင့်မြှင့်တင်ထားခြင်းကြောင့် အသုံးပြုရာတွင် အနည်းငယ်အခက်တွေ့စေနိုင်ပြီး QWERTY ကီးဘုတ်ကိုလည်း landscape mode အနေဖြင့်သာ အသုံးပြုနိုင်သည့်အပြင် ဖုန်းရဲ့ဘက်ထရီကိုလည်း အစားထိုးအသုံးပြုနိုင်ခြင်းမရှိပါဘူး။

Design
Nokia N8 ဟာ hardware တည်ဆောက်မှု အလွန်ကောင်းမွန်တဲ့စမတ်ဖုန်းဖြစ်ပါတယ်။ အရွယ်အစားကတော့ အလျား ၄.၄၇ လက်မ၊ အနံ ၂.၃၂ လက်မနဲ့ ထူ ၀.၅၁ လက်မဖြစ်ပြီး အလေးချိန်ကတော့ ၂.၉၁ အောင်စဖြစ်တာကြောင့် ပါးလွှာပြီးသယ်ဆောင်ရလွယ်ကူစေသလို ဖုန်းကိုကိုင်တွယ်ထားတဲ့အခါမှာလည်း အဆင်ပြေလွယ်ကူစေပါတယ်။ ဖုန်းရဲ့ display ကတော့ ၃.၅ လက်မအရွယ် AMOLED touch screen ဖြစ်ပြီး အရောင် ၆.၇ သန်းကိုထောက်ပံ့ပေးနိုင်ကာ resolution 640x360 ဖြင့်ဖော်ပြပေးနိုင်ပါတယ်။ Built-in accelerometer ပါဝင်လာပြီး pinch-to-zoom ကို ထောက်အပံ့ပေးနိုင်ပေမယ့် ယင်း feature တွေရဲ့တုံ့ပြန်လုပ်ဆောင်ချက်များကတော့ တစ်သမတ်တည်းမရှိပါဘူး။ မက်ဆေ့ခ်ျများကိုရိုက်နှိပ်ရန်အတွက် onscreen ကီးဘုတ်ကို portrait နဲ့ landscape mode တို့ဖြင့်ရိုက်နိုင်ပေမယ့် QWERTY ကီးဘုတ်ကိုတော့ landscape mode ဖြင့်သာ အသုံးပြုနိုင်ပါတယ်။

Features
Nokia N8 မှာဆက်သွယ်မှုနံပါတ်များကို ဖုန်းရဲ့ memory ပမာဏအလိုက် သိမ်းဆည်းထားနိုင်ပြီး ဆက်သွယ်မှုတစ်ခုစီအတွက် ဖုန်းနံပါတ်များ၊ အလုပ်နဲ့အိမ်လိပ်စာများ၊ အီးမေးလ်လိပ်စာများ စတာတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှု (wireless) အတွက် Bluetooth 3.0, Wi-Fi 802.11b/g/n), GPS, five-band 3G support (WCDMA 850/900/1700/1900/2100) ဖြင့် အသုံးပြုနိုင်ပါတယ်။ အင်တာနက်အသုံးပြုရန်အတွက် WebKit အခြေခံ browser ပါဝင်လာပြီး Flash Lite 4.0 ဖြင့် အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ သီချင်းနားထောင်ရန်အတွက် MP3, WMA, AAC, eAAC, eAAC+, AMR-NB နဲ့ AMR-WB တို့ကိုထောက်ပံ့ပေးနိုင်တဲ့ music player ပါဝင်လာပါတယ်။ ဖုန်းရဲ့အကောင်းဆုံး feature ကတော့ 12-megapixel ကင်မရာဖြစ်ပြီး Carl Zeiss မှန်ဘီလူး၊ Xeon flash တို့ဖြင့်ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် HD ဗီဒီယိုကိုလည်းရိုက်ကူးနိုင်ပြီး HDMI port မှတဆင့် HDTV နဲ့ချိတ်ဆက်ကာဝေမျှနိုင်ပါတယ်။ သိုလှောင်မှုအတွက် internal memory 16GB ပါဝင်ပြီး expansion slot မှတစ်ဆင့် 32GB အထိ အသုံးပြုနိုင်ပါတယ်။

Performance
Nokia N8 ကို quad-band (GSM 850/900/1800/1900) ဖြင့်အသုံးပြုနိုင်ပါတယ်။ ပရိုဆက်ဆာအနေဖြင့် 680MHz ARM 11 ကိုအသုံးပြုထားပြီး apps တွေကိုဖွင့်ခြင်း၊ ပြောင်းလဲအသုံးပြုခြင်းတို့မှာ အနည်းငယ်နှေးကွေးတာကိုတွေ့ရပါတယ်။ ဘက်ထရီကတော့ 1,200 mAh lithium ion ဖြစ်ပြီး ဖုန်းပြောဆိုမှုအတွက် ၁၂နာရီ (GSM), ၅.၈နာရီ (3G) နဲ့ အသင့်အနေအထားအတွက် ၁၆ ရက် (GSM), ၁၇ ရက် (3G) အကြာအသုံးပြုနိုင်ပါတယ်။

No comments:

Post a Comment