Search This Blog

Wednesday, May 11, 2011

ဧရာယူနီကုဒ်

မကြာသေးမီက အွန်လိုင်းမှ အခမဲ့ ဖြန့်ဝေ ပေးလျက်ရှိသော ယူနီကုဒ်ဖောင့် အသစ် တစ်မျိုးဖြစ်သည့် ဧရာယူနီကုဒ်မှာ လက်ရှိ တွင် ရယူ သုံးစွဲသူ တစ်သိန်းကျော်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
အင်တာနက် အသုံးပြုသူများအတွက် အဓိက ရည်ရွယ်ထုတ်ထားသော ဧရာယူနီကုဒ် ၆ ဒဿမ ၀ ဗားရှင်းသည် နိုင်ငံတကာအက္ခရာ ရေးထုံးစနစ်တွင် အံဝင်စေသဖြင့် စံလွဲသည့်ပြဿနာမရှိဟု ဆိုထားပြီး ကွန်ပျူတာစနစ်ဖြင့် သိုမှီးထားသော အချက်အလက်များ ပြန်လည်ရှာဖွေရန် လွယ်ကူစေခြင်း အင်တာနက် သုံး စွဲရာတွင် စာလုံးပုံစံများ မှန်ကန်တိကျစွာ မြင်ရစေခြင်းတို့ရှိကြောင်း ယင်းအဖွဲ့က ဆိုထား သည်။
“လောလောဆယ်ဧရာက အင်တာနက်သုံးတဲ့ သူတွေအတွက် တော်တော်အဆင်ပြေတယ်။ သူ့လက်ကွက်တွေက ဇော်ဂျီနဲ့ သိပ်မကွာတော့ သုံးရတာ အသုံးပြုသူတွေအတွက် အခက် အခဲကြီးကြီးမားမား မရှိလောက်ဘူး” ဟု ယင်းဖောင့်ရယူသုံးစွဲနေသူ တစ်ဦးက ပြောသည်။
ဧရာယူနီကုဒ်အဖွဲ့သည် Ayar Converter, Ayar Dictionary တို့ကိုလည်း ထုတ်လုပ်ထား ပြီး နောက်ပိုင်း တွင် အွန်လိုင်းသုံးစွဲသူမျာ အထောက်အကူဖြစ်မည့် Application များ ထုတ်လုပ်သွားရန် ရှိကြောင်း သိရသည်။

No comments:

Post a Comment