Search This Blog

Wednesday, May 11, 2011

ထူးခြားသော LCD နည်းပညာများဖြင့် iPhone 6 ထွက်ရှိမည်ဟု သတင်းများထွက်ပေါ်

iPhone 5 Rumors Give Way to iPhone 6 Rumors

iPhone 5 Rumors Give Way to iPhone 6 Rumors

သင့်အနေဖြင့် iPhone 5 ထွက်ရှိမည်ဟူသော သတင်းများကို 0x158င်း၏ ကင်မရာ အရည်အသွေးနှင့် အခြား Feature များအထိ သိရှိနေပြီဖြစ်သော်လည်း ယခုထွက်ရှိမည်ဟု သတင်းထွက်နေသည်မှာ iPhone 5 မဟုတ်တော့ပဲ iPhone 6 ပဲဖြစ်ပါတယ်။

iPhone 6 ထွက်ရှိမည်ဟူသော သတင်းအား ဂျပန်နိုင်ငံရှိ Nikkan သတင်းစာမှ ဖော်ပြခဲ့ပြီး သတင်း၌ ဖော်ပြထားချက်အရ iPhone 6 တွင် low-temperature polysilicon နည်းပညာခေါ် ဖုန်း၏ LCD အား ပါဝါအသုံးပြုမှု အနည်းပါးဆုံးနှင့် အပူချိန်အသက်သာဆုံးဖြစ်သော pi-Si LCD နည်းပညာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင် Appleinsider ၏ ဖော်ပြထားချက်များအရ အဆိုပါpi-Si LCD မှာ ထုတ်လုပ်သူများကို optical sensor များ၊ signal processor များနှင့် အခြား ဆားကစ်များကို မှန်ပြားပေါ်တွင် Layer တစ်ခုအဖြစ် ထားရှိသွားစေနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

iPhone 6 အတွင်း အဆိုပါ LCD နည်းပညာ အသုံးမပြုခင် ပထမဆုံးအသုံးပြုသွားမှာကတော့ Sharp မှ ဖြစ်ပြီး 0x158င်း၏ နောက်ထုတ်လုပ်မည့် Screen မျက်နှာပြင်တိုင်းတွင် pi-Si LCD အား အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုအချိန်ထိတွင် iPhone 6 အား ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည်ဟူသော သတင်းများသာ ထွက်ရှိနေသေးပြီး iPhone 5 နှင့် iPhone 6 တို့အား ကောလဟာလများထွက်ရှိထားသည့်အတိုင်း အမှန်တကယ် ထွက်ရှိလာ မလာစောင့်ကြည့်ရမှာအမှန်ပင် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment