Search This Blog

Wednesday, May 11, 2011

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြ

iPhoneထက် ပိုသေးပြီး ဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းထုတ်လုပ်မည်
Appleကုမ္ပဏီသည် ဈေးကွက်တွင် လက်ရှိအောင်မြင်နေသည့် iPhoneထက် ပိုသေးပြီး ပိုလည်းဈေးသက်သာသည့် မိုဘိုင်းလ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် Google၏ Android OSသုံးဖုန်းများ အောင်မြင်နေခြင်းကို ယှဉ်ပြိုင်ရန် Appleကလည်း ၎င်း၏ iOSသုံး အသေးစား iPhoneတစ်မျိုးအား ရောင်းချရန် စီစဉ်လာခြင်းဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ Prototype မျိုးစပ်နည်းပညာကို အသုံးပြုလာမည့် iPhoneအသစ်သည် ဒေါ်လာ(၂၀၀)၀န်းကျင်သာ ဈေးနှုန်းကျသင့်ဖွယ် ရှိနေကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့သည်။ Android OSသုံး ဖုန်းများသည် မိုဘိုင်းလ်ဖုန်း ရောင်းချမှု ဈေးကွက်၏ (၃၂.၉)ရာခိုင်နှုန်းကို ချုပ်ကိုင်ထားချိန်တွင် iPhone၏ ဈေးကွက်ဝေစုက (၁၆)ရာခိုင်နှုန်းမျှသာ ရှိနေခြင်းကြောင့် Appleက ယခုခြေလှမ်းကို စတင်လာခြင်း ဖြစ်ဖွယ်ရှိသည်။ iPhoneအသေးစား ထုတ်လုပ်ရောင်းချမည့် စီမံကိန်း၏ နောက်ကွယ်တွင် ကျန်းမာရေးကြောင့် Apple၏ CEOရာထူးမှ ဆေးခွင့်တင်ကာ အနားယူနေသည့် စတိဗ်ဂျော့ဘ်က အခရာအဖြစ် ပါဝင်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ကုမ္ပဏီ၏ စီမံကိန်းများနှင့် ပတ်သက်လျင် အလွန်လျှို့ဝှက်လေ့ရှိသော ထုံးစံအတိုင်း Appleက ယခုသတင်းကို တစုံတရာ ထင်မြင်ချက် မပေးသေးချေ။ Appleသည် ၎င်းတို့၏ နာမည်ကျော် Tabletကွန်ပျူတာ iPad၏ ဒုတိယမျိုးဆက်ကိုလည်း စတင်ထုတ်လုပ်နေပြီး မကြာမီ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

No comments:

Post a Comment