Search This Blog

Wednesday, May 11, 2011

ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media

ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media စမ်းသပ်
အရည်အသွေးမြင့် ရုပ်ရှင်တစ်ကား သို့မဟုတ် ဗီဒီယိုဂိမ်းတစ်ခုကို ၅၅ စက္ကန့်အတွင်း download ရယူနိုင်မည်ဖြစ်
Posted on Apr 21 11 - 12:42 AM | Hits : 685
ကမ္ဘာ့အမြန်ဆုံးအင်တာနက်စနစ် Virgin Media စမ်းသပ်
ဆက်သွယ်ရေးနှင့် မီဒီယာကုမ္ပဏီကြီး Virgin Media က ကမ္ဘာ့အမြန်ဆုံး အင်တာနက်စနစ်ကို စမ်းသပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။ 1.5 gigabytes per second အထိ အမြန်နှုန်းရှိသော အင်တာနက်စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း Virgin က ဆိုသည်။ အဆိုပါ အမြန်နှုန်းမှာ Virgin Media ၏ လက်ရှိအင်တာနက် အမြန်နှုန်းဖြစ်သည့် 100 megabytes per second ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ပြီး ဗြိတိန်နိုင်ငံ၏ ပျမ်းမျှ အင်တာနက်အမြန်နှုန်းထက် အဆပေါင်း ၂၄၀ ပိုမြန်မည် ဖြစ်သည်။ Virgin Media မှ ဆောင်ရွက်သွားမည့် အင်တာနက်မြန်နှုန်းသစ်အရ အသုံးပြုသူများမှာ အရည်အသွေးမြင့် ရုပ်ရှင်တစ်ကား သို့မဟုတ် ဗီဒီယိုဂိမ်းတစ်ခုကို ၅၅ စက္ကန့်အတွင်း download ရယူနိုင်မည် ဖြစ်သည်။ ထိုအင်တာနက်စနစ်ကို ဧပြီလအတွင်း လန်ဒန်ရှိ ကုမ္ပဏီလေးခုတွင် စတင်အသုံးပြုမည်ဖြစ်ပြီး နောက်ပိုင်းတွင် နေအိမ်များတွင်ပါ တပ်ဆင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment